Mister & Miss Teen International Myanmar 2018 ဆုရှင်ရွေးချယ်

0
191

Mister & Miss Teen International Myan-mar 2018 Grand Final ပြိုင်ပွဲကြီးကို ဧပြီလ ၁၂ရက် နေ့၊ ညနေ၅နာရီက ယုဇနဂါးဒင်းဟိုတယ်မှာ ပြုလုပ်ခဲ့ပါ တယ်။ အဆိုပါပြိုင်ပွဲမှာ Mister Teen International Myanmar 2018 ဆုကိုတော့ သီဟထူးဝေ၊ Miss Teen International Myanmar 2018 ဆုကို မေကံ့ ကော်၊ Best Attraction ဆုကိုတော့ ဝေဘုန်းစံ တို့က ရရှိခဲ့ပါတယ်။

”ကျွန်တော်က မထင်မှတ်ဘဲ ဒီလို Best Attraction ဆုကိုရရှိတဲ့အတွက် အလွန်ဝမ်းသာ ရပါတယ်။ ဒီပွဲကိုစီစဉ်ကျင်းပပေးတဲ့ တာဝန်ရှိ ပုဂ္ဂိုလ်များအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်” လို့ Best Attraction ဆုကိုရရှိခဲ့တဲ့ ဝေဘုန်း စံကပီတိစကားပြောခဲ့ပါတယ်။ Mister & Miss Teen International 2018 ပြိုင်ပွဲကိုတော့ ဇူလိုင်လထဲကျရင် ထိုင်းနိုင်ငံမှာပြုလုပ်မှာ ဖြစ် တယ်လို့ သိရပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here