မင်းမင်းဦး အလှသစ်ဇာတ် အဖွဲ့ ယာဉ်တိမ်းမှောက်မှုတွင်ပါဝင်သူများအား ထောက်ပံ့ငွေ ပေးအပ်

0
149

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၌ မတ်လ ၉ ရက်နေ့က မင်းမင်းဦး အလှသစ်ဇာတ်အဖွဲ့ ယာဉ်တိမ်းမှောက်မှု တွင် သေဆုံးသူများအားရည်စူး၍ ဆွမ်းကပ် တရားနာယူခြင်းနှင့် သေဆုံးသူများ၏ မိသားစု၊ ဒဏ်ရာရသူ၊ ကားပေါ်ပါသူနှင့် ဇာတ်ပိုင်ရှင်တို့အား ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားကို ဧပြီ ၁၁ ရက်က မန္တလေးတိုင်း သဘင်အစည်းအရုံး၊ လောကနတ် ခန်းမ၌ ကျင်းပသည်။

”ထောက်ပံ့ငွေပေးအပ်ပွဲမှာ သေဆုံးသူ ၈ ဦးအတွက် တစ်ဦးကို ငွေကျပ် ၂၃သိန်းစီနဲ့ မိသားစုဝင်များကို ထောက်ပံ့ပေးပါတယ်။ ဒဏ်ရာပြင်းပြင်းထန်ထန် ရရှိသူတစ်ဦးကို ငွေ ၁၅ သိန်းကျပ်၊ ဒဏ်ရာရရှိသူ ၁၅ဦးအတွက် တစ်ဦးကို ငွေကျပ်၁ဝသိန်းစီ ထောက်ပံ့ပေးအပ်ခဲ့ပါတယ်။ ဒါ့အပြင် ဇာတ်အဖွဲ့ ပြန်လည်ထူ ထောင်နိုင်ဖို့အတွက် ဇာတ်တည်ထောင်သူကို ငွေ ကျပ် ၅၉ သိန်း ထောက်ပံ့ပေးခဲ့ပြီး ဒဏ်ရာရရှိခြင်းမရှိတဲ့ ကားပေါ်ပါသူ ဇာတ် အဖွဲ့သား ၈ဦးကိုလည်း တစ်ဦးလျှင် ငွေကျပ် ၂သိန်းစီ ထောက်ပံ့ ပေးခဲ့ပါတယ်” ဟု မြန်မာနိုင်ငံ သဘင်အစည်းအရုံး (ဗဟို) အတွင်းရေးမှူး ဦးနေဝင်းက ပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here