သူ့ကို မုန်းတဲ့သူတွေကြောင့် ရဲရင့်အောင် ရေးဖြစ်ခဲ့တဲ့ သီချင်း

0
318

ကိုယ်ယုံကြည်ရာ ကိုယ်လုပ် ခဲ့တော့ အမြဲလက်မထောင် …”၊ စိတ်ထဲမှာရှိတဲ့အတိုင်း ဖန်တီးတယ် ..That’s How I Feel’ စတဲ့ စာသားတွေနဲ့ How I Feel’ ဆိုတဲ့သီချင်းအသစ်ကို ရှိုးတွေမှာ ကြားနေရတာ တော်တော် ကြာနေပြီ။ သီချင်းက ထွက်လာတာ မတွေ့ရသေးဘူး။ ရဲရင့်အောင်ရဲ့ ပုံစံအသစ် တစ်ခုကို တွေ့မြင်ရတဲ့‘How I Feel’ သီချင်းအကြောင်းက ဘယ်လိုဖြစ်လာ တာလဲ။ အခွေသစ်ထဲကပဲလားလို့ ရဲရင့်အောင်ကို မေးဖြစ်တော့ …

“ပြောရမယ်ဆိုရင် ဒီသီချင်းက တစ်နှစ်ကျော်ခဲ့ပြီပေါ့နော်။ ဒီသီချင်း က ကျွန်တော့်အခွေထဲကသီချင်းပါပဲ။ ကျွန်တော့်အခွေထဲက သီချင်း တွေက အနည်းဆုံး တစ်နှစ်ကျော်ကျော် သက်တမ်းကြာခဲ့ပြီဖြစ်တဲ့ သီ ချင်းတွေချည်းပါပဲ။ ဒီသီချင်းဆိုရင် လည်း တော်တော်ကြာခဲ့ပါပြီ။ ပျော် ပါတယ်။ အဲဒီသီချင်းဆိုတိုင်း ကျွန်တော်ပျော်တယ်။ ကျွန်တော်အထူးသဖြင့် How I Feel’ သီချင်းကိုရေး ဖို့ ဖြစ်လာစေတဲ့ အကြောင်းရင်းက ကျွန်တော်တို့ကို မုန်းတဲ့သူတွေပါ။ ကျွန်တော်တို့ကို မုန်းတဲ့သူတွေကြောင့်ပဲ ကျွန်တော် ဒီလိုမျိုးတွေ ရေးလာ နိုင်တာပါ။ သူတို့ပေးတဲ့တွန်း အားတွေပါ။ သူတို့ပေးတဲ့ ခွန်အား တွေပါ။ ချစ်တဲ့ သူတွေက အမြဲတမ်းချစ်နေတော့ ကိုယ်က ဘာမှမသိဘူး လေ။ သူတို့ သင်ပေးတဲ့ သင်ခန်းစာတွေပါပဲ”လို့ သူက ပြောပါတယ်။

ရဲရင့်အောင်ရဲ့ အခွေသစ်သာ ထွက်မလာသေးတာ၊ သူငယ်ချင်းတွေဖြစ်တဲ့ ရွှေထူးတို့၊X.Boxတို့အခွေသစ်ထွက်လာတယ်။ ပြီးတော့ တခြားနာမည်ကြီး အဆိုတော်တွေလည်း အခွေထွက်လာတယ်။ ဒီတစ်ခေါက်ကတော့ ရဲရင့်အောင်ရဲ့ အလှည့်ပဲထင်တယ်နော်လို့ ဆိုတော့ …

“ကျွန်တော့်မွေးနေ့ ပတ်ဝန်းကျင်နားမှာကျွန်တော်ပေးနိုင်အောင်ကြိုးစား နေပါတယ်။ သီချင်းတွေသွင်းဖို့ပဲ ကျန်တော့တာပါ။ ဒီကြားထဲမှာလည်း အသံသွင်းဖို့၊ နေရာအခက် အခဲရှိခဲ့တယ်။ ကျွန်တော်အဲဒါတွေ အတွက်လည်းနေရာပြင်ဆင်နေရတာ တွေရှိတယ်။ ပြီးတော့ ကျွန်တော်လက်ခံထားတဲ့ပွဲတွေ ဆိုနေရတာတွေလည်း ရှိတယ်။ အဲဒါတွေကြောင့် ကျွန်တော်နည်းနည်းလေး ကြာ နေတာပါ။ အဓိကက အသံသွင်းဖို့ကို ကျွန်တော့်ကိုယ် ကျွန်တော် စိတ်တိုင်းမကျသေးလို့ပါ”လို့ ရဲရင့်အောင် ကရှင်းပြပါတယ်။ အခွေထဲကအကြောင်းအရာတွေ ကိုလည်း ရဲရင့်အောင်က…

“အများကြီးပဲဗျ။ ကျွန်တော် ခံစားလို့ရသမျှကို ကျွန်တော် အသား ကုန်လုပ်ထားတယ်”လို့ ပြောပါ တယ်။

ချစ်သူကောင်မလေးကလည်း အနုပညာရှင်၊ ကိုယ် ကလည်း အနုပညာသမားဆိုတော့ကာ အချစ် အကြောင်းတွေနဲ့ ပတ်သက်လို့ရေးလို့ ကောင်းနေမှာ ပေါ့လို့ဆိုတော့ …
“အချစ်သီချင်း၊ အသည်းကွဲ သီချင်းဆိုရင်လည်း ပုံမှန်ချစ်နေတာ မဟုတ်ဘူး။ အသည်းကွဲနေတာ မ ဟုတ်ဘူး။ ပုံမှန်မဟုတ်တဲ့ တခြားရှု ထောင့် ကနေ ရေးထားတာတွေ အများကြီးပါပါတယ်။ အဲဒါမျိုးကို ကျွန်တော်က ဖန်တီးရတာကြိုက် တယ်။ တခြားရှုထောင့်တစ်ခုခုကနေ ဒါမျိုးကို ကြည့်လို့ရပါတယ်ဆိုတာ ကြီးကို အကြာကြီး အချိန်ယူပြီး ဖန်တီးရတာကို ကျွန်တော် သိပ်သဘောကျပါတယ်။ အဲဒီလိုမျိုးတွေပဲ လုပ်ထားပါတယ်”လို့ ရဲရင့်အောင်က ပြောပါတယ်။ ရဲရင့် အောင် ကို နောက်ဆုံး မေးဖြစ်ခဲ့တာက သူတို့ ရိုက်ထားတဲ့ ‘ငါ့ကိုနမ်းတဲ့မုန်တိုင်း’ ရုပ်ရှင်ဇာတ်ကား အကြောင်းကိုပါ။ ရဲရင့်အောင်တို့ထက် နောက်ကျမှရိုက် ကူးတဲ့ရုပ်ရှင်တွေတောင်ထွက်ကုန်ပြီ နော်။ ရဲရင့်အောင်တို့ အလှည့်ကဘယ် တော့ လို့ကြားလဲမေးဖြစ်တော့ …

“ဇာတ်ကားရုံတင်ဖို့က အဆင် သင့်ဖြစ် နေပြီလို့တော့ပြောတယ်။ ဒါပေမဲ့ နောက်ဆုံး ဖိုင်နယ်ကိုတော့ ကျွန်တော်မကြည့်ရသေးဘူး။ တင်တော့မှာပါ။ မကြာဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ရှေ့ပိုင်းမှာတင်မယ်ဆိုပြီးတော့ စာမေးပွဲတွေကလည်း တိုက်သွားတယ်။ ရှေ့မှာကလည်း ဇာတ်ကားတွေရှိနေတော့ မတင်ဖြစ်တာပါ။ တင်တော့ မှာပါ။ ကျွန်တော် လည်း အမြန်တင်စေချင်နေပြီ”လို့ ရဲရင့်အောင်က ပြောပြခဲ့ပါတယ်။

မျိုးမောင်
ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here