ငွေကြေး . . . ကုန်ဈေးနှုန်း မိုးပေါ်သို့

0
233

သမ္မတကြီး ဦးဝင်းမြင့်ရဲ့ နှစ် သစ်ကူးမိန့်ခွန်းထဲမှာ အစိုးရဝန်ထမ်း တွေကို လစာများ တိုးပေးတော့မယ် လို့ ထည့်သွင်းပြောကြားသွားခဲ့ပြီး နောက် ကုန်ဈေးနှုန်းတွေ ဖြည်းဖြည်း ချင်းမြင့်တက်လာပါတယ်။ ဒီနေရာမှာ ပြောချင်တာက ဝန်ထမ်းတွေလစာတိုး ပေးတာဝမ်းသာကြည်နူးရပါတယ်။ လစာများများလည်း တိုးစေချင်ပါ တယ်။ ဒါပေမဲ့ အခြေခံစားသောက် ကုန်တွေကတော့ ထုံးစံအတိုင်း ပိုတိုး သထက်တိုးထိုးတက်လာနေတယ်လို့ သိရတာကြောင့် လစာမတိုးစေချင် ပါဘူး။ ဈေးရောင်းဈေးဝယ်လည်း မကောင်း၊ စီးပွားရေးကလည်း ဘာ တွေလုပ်လုပ် အဆင်မပြေဖြစ်နေတဲ့ ဒီနေ့ကာလမှာ လစာတိုးပေးတာဟာ အဖြေဖြစ်ဖို့တော့ လိုအပ်ပါတယ်။

လစာတိုးရင် ကုန်ဈေးနှုန်းမြင့် တက်မယ်လို့ အသေမှတ်ထားကြတဲ့ သူများအနေနဲ့ အောက်ပါစာပိုဒ်မှာ ဖော်ပြထားတဲ့အကြောင်းအရာများ ကို ဖတ်စေချင်ပါတယ်။

“၁။ လက်ရှိအခြေအနေမှာ ဗဟို ဘဏ်က တစ်ဒေါ်လာကျပ် ၁၃၅ဝ ဝန်းကျင်မှာ ထိန်းထားတာ ၆ လ ရှိ ပါပြီ။ လစာတိုးတဲ့နေရာမှာ – အစိုးရ ငွေပိုငွေလျှံရှိ၍ တိုးခြင်း၊ အခွန် ရရှိ နိုင်ခြေ /ရရှိမှုအပေါ်တွက်ချက် တိုး ခြင်း၊ နိုင်ငံခြားချေးငွေရရှိမှုအပေါ် မှီတည်၍ တိုးခြင်း၊ ငွေစက္ကူထပ်မံ ရိုက်နှိပ်၍ တိုးခြင်း။ အညံ့ဆုံးအစိုးရ တွေက ငွေစက္ကူထပ်မံရိုက်နှိပ် လစာ တိုးတဲ့အခါ ငွေကြေးဖောင်းပွပြီး ကုန်ဈေးနှုန်းတက်တာပါ။ ခပ်ညံ့ညံ့ အစိုးရတွေပဲ တွေ့ကြုံခဲ့ဖူးတော့ လစာတိုးရင် ကုန်ဈေးနှုန်းတက်မယ် ထင်တာ မဆန်းပါဘူး။ အခုတစ်ခါ စောင့်ကြည့်လိုက်ပါ …လို့ ဆိုတဲ့ ဦးအောင်မြင့်သောင်း ရေဦး ၁၇.၄. ၂ဝ၁၈ 11:14 AM’ ရေးသားတာကို ဖတ်ကြည့်ရင်း ကျွန်တော်တို့ စောင့် ကြည့်နေဖို့သာ ရှိပါတော့တယ်။

ဒီလိုပဲ လစာတိုးပေးတဲ့အခါ အဆင့်ဆင့် လစာနှုန်းထားသတ်မှတ် ထားမှု ဖြစ်နိုင်ခြေတွက်ချက်မှန်းထား ခြင်းလည်း အောက်ပါအတိုင်း တွဲ ယှဉ်ကြည့် သိရှိနိုင်ပါတယ်။
၂ဝ၁၈ ဧပြီလမှာ တိုးပေးနိုင်ခြေ ရှိ သော လစာနှုန်းထားများ
တိုးပေးနိုင်ခြေရှိသော လစာ နှုန်းထားများမှာ
အခြေခံအောက်ဆုံးအဆင့်များ
၁။ ၁၂ဝဝဝဝ မှ ၂၄ဝဝဝဝ
၂။ ၁၃၅ဝဝဝ မှ ၂၇ဝဝဝဝ
၃။ ၁၅ဝဝဝဝ မှ ၃ဝဝဝဝဝ
အခြေခံ အလယ်အလတ်အဆင့်များ
၎။ ၁၆၅ဝဝဝ မှ ၃၂ဝဝဝဝ
၅။ ၁၈ဝဝဝဝ မှ ၃၅ဝဝဝဝ
၆။ ၁၉၅ဝဝဝ မှ ၃၈ဝဝဝဝ
၇။ ၂၁ဝဝဝဝ မှ ၄ဝဝဝဝဝ
အထက်တန်း လစာ ရသူများ
၈။ ၂၅ဝဝဝဝ မှ ၄၅ဝဝဝဝ
၉။ ၂၈ဝဝဝဝ မှ ၅ဝဝဝဝဝ
၁ဝ။ ၃၁ဝဝဝဝ မှ ၅၅ဝဝဝဝ
၁၁။ ၃၄ဝဝဝဝ မှ ၆ဝဝဝဝဝ
၁၂။ ၃၈ဝဝဝဝ မှ ၆၅ဝဝဝဝ
အရာရှိကြီးများ၊ ပညာရှင်ကြီးများ
၁၃။ ၅ဝဝဝဝဝ မှ ၇၅ဝဝဝဝ
၁၄။ ၁ဝ သိန်း မှ ၁၅ သိန်း
၁၅။ ၁၂ သိန်း မှ ၁၈ သိန်း
အစိုးရအဖွဲ့၊ လွှတ်တော်အဖွဲ့၊ တရား သူကြီးအဖွဲ့၊ အကြီးအကဲများ
၁၆ ။ သိန်း ၂ဝ မှ သိန်း ၃ဝ
၁၇။ ၂၅ သိန်း မှ ၃၇ သိန်းခွဲ
၁၈ ။ ၅ဝ မှ ၇၅ သိန်းတို့ပဲဖြစ် ပါတယ်။
ပင်စင်စား ပင်စင်လစာများ လည်း အများနည်းတူ အခြေခံ အောက်ဆုံးအဆင့်များ နည်းတူ နှစ် ဆတိုးပေးမှာဖြစ်ပါတယ်။ ဝန်ကြီး ဌာနတို့ရဲ့ ဘတ်ဂျက်ငွေကြေး စီး ဆင်းမှု၊ အသားတင်ထုတ်လုပ်မှု၊ ရင်း နှီးမြှုပ်နှံမှုများအပေါ် မူတည်ပြီး ယခု နှုန်းထားနှင့်ပတ်သက်လို့ အနည်း ငယ်အပြောင်းအလဲဖြစ်နိုင်ပါတယ်။ ဘာပဲပြောပြော ပင်စင်စားများကို နှစ်ဆတိုးပေးလို့ ဝမ်းသာကြည်နူး ရပါတယ်။ ဒါပေမဲ့ နိုင်ငံခေါင်းဆောင် များ၊ ပညာရှင်၊ အတတ်ပညာရှင် များကို မွေးထုတ်ပေး၊ သင်ကြားပြသ ပေးတဲ့ ကျောင်းဆရာ၊ ဆရာမများရဲ့ လစာများကတော့…== ကျွန်တော်တို့ ဆရာ/ မလေးတွေ မကြာခင်ထုတ်ယူ ရမည့် လစာများ …

အထွေထွေလုပ်သား ၁၃၈ဝဝဝ
မူလတန်းပြ ၁၈ဝဝဝဝ
အလယ်တန်းပြ ၁၉၈ဝဝဝ
အထက်တန်းပြ ၂၁၆ဝဝဝ
လယ်အုပ်/ထက်အုပ်၂၇၅ဝဝဝ
မြို့နယ်ပညာရေးမှူး ၃ဝ၈ဝဝဝ
(သမ္မတကြီး၏ နှစ်သစ်ကူးမိန့်ခွန်း အရ တွက်ချက်ပါသည်)

ကောင်း(mdy)”ရဲ့ ဖော်ပြမှုအရ သိရပါတယ်။ တိုးမယ့်လစာတွေ ကြည့်ပြီး ပီတိဖြစ်နေသူများစွာ ရှိနေ သလို ကုန်ဈေးနှုန်းတက်မှာ ကြောက် နေရသူများလည်း ရှိပါတယ်။ လစာ တိုးရင် ကုန်ဈေးနှုန်းမြင့်တက်ဖို့ စောင့်နေကြတဲ့ ဝိသမလောဘသား စီးပွားရေးသမားများကလည်း သား ကောင်ကို ချောင်းမြောင်းနေတဲ့ ကျားတစ်ကောင်လို အချိန်ကောင်း၊ အခါကောင်း၊ အကွက်ကောင်းကို စောင့်နေပြီ ဖြစ်ပါတယ်။
မြန်မာပြည်သူပြည်သားများ ကုန်ဈေးနှုန်းမြင့်တက်ခြင်း ဘေးမှ ကင်းဝေးကြပါစေ။ ကျန်းမာ ချမ်းသာ ကြပါစေ။ သိန်းတစ်သောင်းထီပေါက် ကြပါစေ။

ဟန်မြတ်ညီ


LEAVE A REPLY

Please enter your comment!
Please enter your name here