Miss Myanmar International 2018 ဆန်ခါတင်အလှမယ်၂၈ ဦးကို ပရိသတ်များနဲ့ မိတ်ဆက်

0
131

Myanmar Tourism Fedration ရဲ့ ပံ့ပိုးကူညီမှုနဲ့ Stellar Seven Entertainment က ကြီးမှူး ကျင်းပတဲ့ Miss Myanmar International 2018 ဆန်ခါတင် အလှမယ်များကတော့ ပေါ်ထွက်လာ ပြီဖြစ်ပါတယ်။ အလှမယ်များ မိတ် ဆက်အပ်နှံတဲ့ပွဲ အခမ်းအနားကို ဧပြီလ ၂၆ ရက်နေ့က နိုဗိုတယ်ဟို တယ်မှာ ကျင်းပပြုလုပ်ခဲ့ပြီး ဆန်ခါ တင်အလှမယ်များကိုတော့ မေလ ဆန်းမှစတင်ကာ စခန်းသွင်းလေ့ကျင့် မှုများ ပြုလုပ်သွားမယ်လို့ သိရပါ တယ်။ လက်ရှိအချိန်မှာတော့ အလှ မယ် ၂၈ ဦးက ပါဝင်ယှဉ်ပြိုင်လျက် ရှိပြီး ယှဉ်ပြိုင်သူများထဲမှ အလှမယ် ၂ဝ ဦးကို ထပ်မံရွေးချယ်သွားဦးမှာ ဖြစ်ပါတယ်။

ကျွန်တော်တို့ Myanmar Tourism Fedration အနေနဲ့ MMI ကို ၂ဝ၁၂ ခုနှစ်မှာ အလှမယ် နန်း ခင်ဇေယျာနဲ့ စတင်ခဲ့ပါတယ်။ အဲဒီ နောက်ပိုင်းမှာလည်း မြန်မာနိုင်ငံမှာ အလှမယ်ပြိုင်ပွဲတွေ တွင်ကျယ်လာ တာကို တွေ့ရပါတယ်။ ကျွန်တော်တို့ ကလည်း MMI ကို ဘာကြောင့်ကျင်း ပခဲ့သလဲဆိုတော့ မြန်မာနိုင်ငံမှာရှိတဲ့ အမျိုးသမီးတွေက ယဉ်ကျေးသိမ်မွေ့ ပြီး ချောမောလှပကြတယ်။ ဒါကို လည်း ကမ္ဘာကို ချပြချင်တယ်။ နောက်ပြီး MMI မှာမေးတဲ့ မေးခွန်း တွေက ခက်တယ်။ အင်္ဂလိပ်လိုပဲ မေးတဲ့အတွက် ကြောက်ကြတယ်။ ဒါကလည်း ကျွန်တော်တို့ ရည်ရွယ် ချက်ကိုက နိုင်ငံတကာမှာ ယှဉ်ပြိုင် တဲ့အချိန် ကျွန်တော်တို့ အလှမယ် တွေက ထင်ပေါ်ရမယ်။ အလှမယ် တွေရဲ့ အသိဥာဏ်ပညာပိုင်းရော ပြောဆိုဆက်ဆံမှုအပိုင်းမှာပါ မျက် နှာမငယ်စေချင်တဲ့အတွက်ပါ။ နောက်ပြီး အလှမယ်နန်းခင်ဇေယျာ ကစလို့ အလှမယ်တွေက အနုပညာ အလုပ်တွေကို ဆက်လက်လုပ်ကိုင် ကြတာကိုတွေ့ရတယ်။ ကျွန်တော် နောက်ပိုင်းမှာလည်း အလှမယ်တွေ ကို နိုင်ငံခြားအထိ ထရိန်နင်တွေပေး လာနိုင်တာကို တွေ့ရတယ်။ ဒါက လည်း ကောင်းတဲ့အချက်ပါ။ ပံ့ပိုးမှု တွေကလည်း ပိုပြီးထိရောက်လာတာ ကိုပါတွေ့ရပါတယ်။ဒီနှစ်အတွက်လည်းပြိုင်ပွဲဝင်လေးတွေထွက်ပေါ်လာပြီဖြစ်တဲ့အတွက် ဝိုင်းဝန်းပေး ကြပါဦး”လို့ Myanmar Tourism Fedration မှ ဦးကောင်းမင်းခန့်က ပြောပြပါတယ်။

Miss Myanmar International 2018 Grand Final ပြိုင်ပွဲကြီးကိုတော့ ဇွန်လ ၁၂ ရက် နေ့မှာ နိုဗိုတယ်ဟိုတယ်မှာ ကျင်းပ ပြုလုပ်မှာ ဖြစ်ပါတယ်။

မြတ်မိုးပွင့်၊

ဓာတ်ပုံ-အောင်ဇော်မင်း 

 


LEAVE A REPLY

Please enter your comment!
Please enter your name here