MPT မြန်မာ့ ဆက်သွယ်ရေးမှ နှစ်သစ်ကူး အလှူ ပခုက္ကူဒေသ သို့ သိန်း၁ဝဝ ဒါနပြု

0
176

MPT မြန်မာ့ဆက်သွယ်ရေးက ပခုက္ကူဒေသဘိုးဘွားရိပ်သာနှင့် ဗိုလ်ချုပ်လမ်းရှိ ကာရုဏိကနာရေး ကူညီမှုအသင်း အပြင်ရေစကြိုဘိုး ဘွားတို့အားငွေကြေးကုသိုလ်များ ဧပြီလ ၅ရက်နေ့ကလှူဒါန်းဒါနပြုခဲ့သည်။ ပခုက္ကူဘိုးဘွားကို ငွေကျပ် သိန်း၃ဝ၊ ကာရုဏီက အသင်းကို ငွေကျပ်သိန်း၎ဝ၊ ရေစကြိုဘိုးဘွားရိပ်သာကို ငွေကျပ်သိန်း၃ဝ လှူဒါန်းခဲ့ပါတယ်ဟု မြန်မာ့ဆက် သွယ်ရေးမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ပခုက္ကူဘိုးဘွားများရိပ်သာသို့ ဧပြီလ ၅ရက်နေ့၊ နံနက် ၁ဝနာရီ အချိန် ကလာရောက်လှူဒါန်းရာ ဘိုးဘွားရိပ်သာဥက္ကဋ္ဌ ဦးတင့်ဆွေ၊ ဒုဥက္ကဋ္ဌ ဦးတိုက်အေး၊ အတွင်းရေးမှူးဦးလှရွှေ၊ ဘဏ္ဍာရေးမှူး၊ ဦးဆန်းညွန့်၊ ဘိုးဘွား ဂေဟာမှူး ဦးသောင်းရွှေနှင့် အဘိုးအဘွားများ မြန်မာ့ ဆက်သွယ်ရေးမှ တိုင်း မန်နေဂျာ ဦးသန်းဌေးအောင်၊ ခရိုင်မန်နေဂျာ ဦးဝင်းမြင့်ဦး၊ မြို့နယ် မန်နေဂျာ ဦးပေါဆင့်နှင့် ဝန်ထမ်းများစုံညီစွာတက်ရောက်ခဲ့ကြသည်။နှစ်သစ် ကူးအတာ သင်္ကြန်အကြိုကာလမှာရရှိ လာသည့်အကျိုးအမြတ်ထဲက လှူဒါန်းခြင်းဖြစ်ပါ ကြောင်း၊ အကျိုးပြုလုပ်ငန်းများအတွက် ထပ်မံလှူဒါန်းဒါနပြု မည့်အကြောင်း နှင့်ဝမ်းသာပီတိဖြစ်မိကြောင်း တိုင်းမန်နေဂျာက ပြောကြားပြီးဦးတင့်ဆွေ၊ ဦး တိုက်အေးတို့က ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြရသည်။

မောင်နန်းဝေ


LEAVE A REPLY

Please enter your comment!
Please enter your name here