လိုအပ်တဲ့နေရာတွေမှာ အမြဲထောက်ပံ့လှူဒါန်းပေးနေတဲ့ သဘင် လူမှုကူညီစောင့်ရှောက်ရေးကော်မတီ

0
195

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ် ထိန်ပင်သုသာန်အနီးမှ အမှိုက်ပုံမီးလောင်နေတဲ့ နေရာမှာ မီးငြှိမ်းသတ်နေကြတဲ့ မီးသတ်တပ်ဖွဲ့ဝင်များနဲ့ တပ်မတော်သားများအတွက် သဘင်လူမှုကူညီ စောင့် ရှောက်ရေးကော်မတီ (ဗဟို)မှ ထမင်းဘူး ၂ဝဝ၊ ရေသန့်အားဆေးများ၊ ကွမ်း၊ ဆေးလိပ်နဲ့ စနိုးတာဝါ များကို သွားရောက်လှူဒါန်းခဲ့ပါတယ်။ အဆိုပါ လှူဒါန်း မှုမှာတော့ သဘင်လူမှုကူညီစောင့်ရှောက်ရေး ကော်မတီမှ နာယကဦးချမ်းသာ၊ ဒုတိယဥက္ကဋ္ဌဟန်ဇာ မိုးဝင်း၊ အတွင်းရေးမှူး တင်ဇာမိုးဝင်း၊ ဟာသ သရုပ်ဆောင် အရိုင်း၊ လူရွှင်တော် မေတ္တာမြင့်မြတ်ဟိန်းနဲ့ ပတ္တမြားကေခိုင်တို့က ကိုယ်တိုင်ကိုယ်ကျ သွားရောက် လှူဒါန်းခဲ့တာပဲဖြစ်ပါတယ်။

”ကျွန်တော်တို့ သဘင်လူမှု ကူညီစောင့်ရှောက်ရေးက မီးလောင်ပြင်မှ မီးသတ်ညီ အစ်ကိုများအတွက် ကိုယ်တိုင်သွားရောက်လှူဒါန်းခဲ့ ပါတယ်။ အတူတူ ကုသိုလ်ပါဝင်လှူဒါန်းပေးကြတဲ့ မိတ်ဆွေအပေါင်းအသင်းများအားလုံးနဲ့ ကူညီပေးတဲ့ ကိုအောင်သော်တို့ GMW ကယ်ဆယ်ရေးအဖွဲ့မှ ညီအစ်ကိုများကိုလည်း အထူးကျေးဇူးတင်ပါတယ်” လို့ သဘင်လူမှုကူညီ စောင့်ရှောက်ရေးကော်မတီမှ ဒုတိယ ဥက္ကဋ္ဌ ဦးဟန်ဇာမိုးဝင်းက ပြောပါတယ်။ သဘင်လူမှု ကူညီစောင့်ရှောက်ရေးအနေနဲ့ သဘင်လောကသား များကိုပဲ သီးသန့်ကူညီထောက်ပံ့လှူဒါန်းခြင်းမျိုး မဟုတ်ဘဲ ပြည်သူတွေအတွက်ကိုလည်း လိုအပ်တဲ့နေရာ တွေမှာ အမြဲတမ်း ကူညီထောက်ပံ့ လှူဒါန်းလျက်ရှိ ပါတယ်။ ရေးဘေး ဒုက္ခကြုံတွေ့ရတဲ့ကာလမှာလည်း ရေဘေးဖြစ်ပွားနေတဲ့ နေရာဒေသတွေအထိ နာယက တွေ၊ ဥက္ကဋ္ဌတွေနဲ့ အဖွဲ့ဝင်များက ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းခဲ့ကြသလို၊ H1N1 ရောဂါ အန္တရာယ်ကာလကလည်း ပြည်သူတွေကို Mask များ ဝေငှခဲ့ကြပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here