ချစ်သူရှိနေပြီဖြစ်တဲ့ ရတနာဗို

0
483

စကားအလွန်နည်းသူ၊ ရိုးရိုးလေးနဲ့ ခပ်အေးအေးနေတတ်တဲ့ သရုပ်ဆောင်ရတနာဗိုတစ်ယောက်တော့ အနေအေးပြီး သူ့အပေါ်တအားချစ်တဲ့ချစ်သူတစ်ယောက်ကို ပိုင်ဆိုင်နေပြီ ဖြစ်ပါတယ်။ သူတို့ကသူငယ်ချင်းအဖြစ်ကနေအဆင့် ကျော်ကာ အခုလိုချစ်သူရည်းစားအဖြစ်လက်တွဲလာခဲ့ကြ တာပါ လို့ ရတနာဗိုက ဆိုပါတယ်။

”သူငယ်ချင်းတွေဖြစ်ကြတာတော့ ကြာပါပြီ။ သူငယ်ချင်းကနေ ချစ်သူတွေဖြစ်သွားကြတာကတော့ သိပ်မကြာသေးပါဘူး။ တစ်ယောက် နဲ့တစ်ယောက်က တော့ နားလည်မှုရှိရှိနဲ့ ချစ်နေကြတော့ အခုချိန်မှာ အချစ်ရေးက သာသာယာယာ အဆင်ပြေပြေပါပဲ။ ပျော်လည်း ပျော်ရွှင်နေရပါတယ်”လို့ ပြောပါ တယ်။ ချစ်သူတွေ ဖြစ်ကြတာ သိပ်မကြာသေးတဲ့ သူငယ်ချင်းချစ်သူ နှစ်ဦးဘယ်လိုပုံစံမျိုးနဲ့ ရှေ့ဆက် သွားမလဲဆို တာကို ရတနာဗိုက…

”မိန်းကလေးဆိုတာကတော့ ကိုယ့်ရဲ့ ချစ်သူရည်းစားအပေါ်မှာ အကောင်း ဆုံးတွေ မျှော်လင့်ကြ တယ်။ ရေရှည် အတွက် စဉ်းစားကြတယ်။ အခုလည်း ညီမတို့ ကံပါသလောက်ပေါ့နော်။ တအားကြီးတော့ ဘယ်အရာကိုမှ မျှော်လင့်ချက် မထားထားဘူး။ ပျော် အောင်နေမယ်။ စိတ်ချမ်းသာ အောင် နေမယ်။ ကိုယ့်ဘက်ကအကောင်း ဆုံးဖြစ်အောင်နေတယ်။ မျှော်လင့် ချက်ကတော့ တအားမထားဘူး။ ဘာလို့လဲဆိုတော့သူကသူ၊ ကိုယ်က ကိုယ်ဖြစ်တဲ့အတွက် လူ့စိတ် ဆိုတာ အချိန်မရွေး ပြောင်း လဲသွားနိုင် တယ်။ အဲဒီတော့ ဖြစ် လာတဲ့ အရာ ကိုပဲ ကိုယ့်အတွက်အကောင်း ဆုံးဖြစ်အောင်ကြိုးစား နေတယ်” လို့ ပြောပြပါတယ်။ ချစ်သူ ကောင်လေးက နိုင်ငံခြားမှာ နေထိုင်နေတာကြောင့် ဖုန်းလေး နဲ့ပဲ အလွမ်းဖြေကာ အချိန် ပေးဖြစ်နေကြောင်း ရတနာဗို ကပြောပြပါတယ်။

အခုလတ်တလောမှာတော့ ရတနာဗိုက ဒါရိုက်တာမျိုး ထူး ရိုက်ကူးနေတဲ့ ‘အချစ် တစ္ဆေဝေလေလေ နင် ဘယ်ကိုင်းမှာနေ’ဆိုတဲ့ ဗီဒီယိုဇာတ်ကားကို မင်းသားသစ်စိုးသီဟ၊ မေသန်းနုတို့နဲ့အတူ ပါဝင်သရုပ်ဆောင် ရိုက်ကူးနေပါတယ်။

ဇင်မာနွယ်

ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here