ဝန်ထမ်းလစာတိုးတိုင်း တက်ပြီးပြန်မကျတဲ့ ကုန်ဈေးနှုန်းကြီးမြင့်မှု ပြဿနာ

0
231

ဒေါ်မြလှစံ

ရန်​ကုန်​တိုင်း​ဒေသကြီး လွှတ်​​တော်​ကိုယ်​စားလှယ်​ ​ဒေါ်မြလှစံ

အ​ခြေခံစား​သောက်​ကုန်​​တွေ နည်းနည်း​ဈေးတက်​လာတာ​ တွေ့ရ တယ်​။ ကြက်​သားတစ်​ပိဿာကို ကျပ် ၆ဝဝဝ နီးပါးရှိတယ်​။ ဒိုင်​မှာက အန်​တီသိသလောက်​ဆို ၃၅ဝဝ ကျပ်​​လောက်​ပဲရှိတယ်​။ အဲဒီတော့ အ ခြေခံလူတန်းစားပြည်​သူ​တွေအနေနဲ့ ကြက်​သားစားဖို့ မဖြစ်​နိုင်​​တော့ဘူး။ အရင်​ကလို စည်​ပင်​သာယာ​ရေး​ကော်​မတီကလုပ်​တဲ့ သက်​သာ​ချောင်​ချိ​ရေးကား​တွေနဲ့​ ရောင်း​ချပေး​စေ ချင်​တယ်​။ ကျပ် ၅ဝဝဝ​၊​ ကျပ် ၆ဝဝဝ ရတဲ့ သန့်​ရှင်း​ရေးဝန်​ထမ်းတစ်​ဦး​တောင် မ​ချောင်​လည်​ဘူး။ အ​ထွေ​ထွေကုန်​ကျစရိတ်​​တွေက တက်​လာ​နေတာဆို​တော့ ပြည်​သူ​တွေ ဝင်​​ငွေ တိုးလာ​အောင်​ အစိုးရကကြိုးစား​ပေးရမယ်​။

ငါး​ရောင်းသူတစ်​ဦး

ငါး​ဈေး​တွေတက်​တယ်​။ အရင်​နဲ့စာရင်​ ကျပ်တစ်​​ထောင်​​ကျော်​​လောက်​တက်​သွားတယ်​။ ဒိုင်​မှာက အစ အဲဒီလိုဖြစ်​​နေတာ။ ညီမတို့ လည်း ဝယ်​​ဈေးကိုက ကြီး​နေ​တော့ ​ဈေး​လျှော့ရောင်းလို့ကိုမရတာ။ ကုန်​​ ဈေးနှုန်း​တွေတက်​​တော့ အ​ရောင်း အဝယ်​​တွေကပါ ​အေးကုန်​တယ်​။

ဈေးဝယ်​သူတစ်​ဦး

ကုန်​​ဈေးနှုန်း​တွေ ကြီးတယ်​။ဈေးဝယ်​ရတာ အဆင်​မ​ပြေဘူး။နောက်​ပြီး​တော့ သားငါး​ဈေး​တွေက တက်​တယ်​။ တဖြည်းဖြည်းရှားပါးလာ တယ်​။ အရင်​က လေး၊ ငါး​ထောင်​​လောက်​ဆိုဈေးဝယ်​လို့ရတယ်​။ အခု က တစ်​​သောင်း​ကျော်​​လောက်​မှ ဝယ်​လို့ရတယ်​။ ကုန်​စိမ်းကပါ ​ဈေးကြီး နေတာ။

အ​နှေးယာဉ်​ လုပ်​သားတစ်​ဦး

နေ့စဉ်​ဝင်​​ငွေက တိုးမလာဘူး။ကုန်​​ဈေးနှုန်းကသာ တက်​လာတာ။အလုပ်​အကိုင်​ကလည်း ရတဲ့အခါမှ ရတာဆို​​တော့ မ​လောက်​ငှဘူး။ ဆိုက်​ကား ဆွဲ​ကောင်းတဲ့​နေ့​တွေဆို အဆင်​​ပြေတာ​ပေါ့။ ကုန်​​ဈေးနှုန်းက​တော့ ခါတိုင်းထက်​စာရင်​ နည်းနည်းတိုးလာ တာ​ပေါ့။

ဈေးဝယ်​သူတစ်​ဦး

အန်​တီ မ​နေ့ကဈေးမှာ ငါး​ခြောက်​သွားဝယ်​တော့​ဈေးကြီးလာ တာတွေ့တယ်​။ မေးကြည့်​တော့ သင်္ကြန်​အပြီးမို့လို့ ​ဈေးတက်​တာလို့​ပြောတယ်​။ ကုန်​ပစ္စည်းတိုင်းလိုလို​ဈေးတက်​​နေတာ​တော့ မဟုတ်​ပါ ဘူး။ တချို့​စား​သောက်​ကုန်​​တွေပဲ နည်းနည်းနဲ့ ​ဈေးများလာတာပါ။ ဈေးဖိုးကို ​ချွေတာသုံးရ​တော့တာ​ပေါ့။

ကြက်​သား​ရောင်းသူ

ကုန်​​ဈေးနှုန်း​တွေက အတက်​ပဲ ရှိတယ်​။ အကျမရှိဘူး။ ဝန်​ထမ်း​တွေ လစာတိုးလာမှာကို အစ်မတို့ သိပ်​​ကြောက်​တယ်​။ ဝန်​ထမ်း​တွေလစာ တိုးလာတာနဲ့ ကုန်​​ဈေးနှုန်းက လိုက်​တက်​လာ​ရော။ ပထမတစ်ခါလစာ တိုးတုန်းက ဆန်​​တစ်​ပြည်​ ကျပ်တစ် ထောင်​ဖြစ်​သွားတယ်​။ နောက်​တစ်​ခေါက်​လစာထပ်​တိုး​တော့ ဆန်​တစ်​ပြည်​ကျပ် ၂ဝဝဝ ကျော်​ဖြစ်​သွားတယ်​။ အခုတစ်​ခါများတိုးရင်​ ဘယ်​​လောက်​များဖြစ်သွားဦးမလဲမသိဘူး။ ဝယ်​ရတာ​တွေက​တော့ အကုန်​​ဈေးကြီး​နေတာပဲ။

ကုန်​စိမ်း​ရောင်းသူ

အစစအရာရာ ဈေးနှုန်းမြင့် တက်​တယ်​။ အရင်​က ငွေကျပ် သုံး၊​ လေး​သောင်း​လောက်​ဆို ကုန်​စိမ်း ဗန်းဖြည့်​ရတာ အဆင်​​ပြေတယ်​။ အခုဆိုရင်​ ငွေကျပ်တစ်​သိန်း​လောက်​ရင်းရတယ်​။ ကုန်​စိမ်းက အမယ်​မစုံ ရင်​ ဝယ်​မယ့်​သူမရှိဘူး။ ကုန်​စိမ်း​တွေ​ ဈေးနှုန်းတက်​​တော့ ဝယ်​သူ နည်းလာ တယ်​။ ကန်စွန်းရွက်​​တွေက အစ ဒိုင်​မှာကို​ ဈေးနှုန်းကြီးမြင့်​နေ​တော့ ​ဈေး နှုန်းလျှော့ရောင်းချဖို့လည်း အဆင်​မပြေဘူး။


LEAVE A REPLY

Please enter your comment!
Please enter your name here