လစာတိုးတိုင်း ကုန်ဈေးနှုန်း မြင့်တက်လာမှု ဘယ်လိုထိန်းချုပ်သင့်သလဲ (၁)

0
204

နိုင်ငံဝန်ထမ်းများ လစာတိုး ပေးမယ့်အကြောင်းကို မြန်မာနှစ် ဆန်းတစ်ရက်နေ့က နိုင်ငံတော် သမ္မ တကြီး ဦးဝင်းမြင့်က နှစ်သစ်ကူးမိန့်ခွန်းထဲမှာ ထည့်သွင်းပြော ကြားသွားခဲ့ပြီး နောက်ပိုင်း အများ ပြည်သူများအနေနဲ့ အရှိန်မပျက်ထိုးတက်နေတဲ့ ကုန်းဈေးနှုန်းပိုမိုမြင့်တက် လာကြမှာ စိုးရိမ်စိတ်ဖြစ်နေကြပါ တယ်။ ရှေးမှာကတည်းက မြန်မာငွေ ကြေးတန်ဖိုး အမြင့်ဆုံးပြောင်းလဲသတ် မှတ်ထုတ်ဝေချိန်တိုင်းမှာရော နိုင်ငံ ရေးရေချိန်မြင့်နေချိန် တိုင်းမှာပါ ထိုးတက်ပြီးရင်း ထိုးတက်ကာ ပြန်မကျသွား တဲ့ ကုန်ဈေးနှုန်းကြီးမြင့်တက်မှုကား လူတိုင်း ဒုက္ခဝန်ပိခါးစည်းခံခဲ့ကြရ တာ ခုထိ အနာမကျက်သေးပါဘူး။ ဒီ လိုကုန်ဈေးနှုန်းကြီးမြင့်တက်လာမှု ဟာ လူမှုနယ်ပယ်စုံ ရိုက်ခတ်အထိ နာကြရတာဖြစ်ပြီး ပြည်သူများအပေါ် မှီခိုအားထား ပြုနေကြရတဲ့ အနုပညာ ရှင်များလည်း တစ်နည်းတစ်ဖုံ တွဲဆက်ထိခိုက်လာမှာဖြစ်လို့ လစာတိုးခြင်းနဲ့ ကုန်ဈေးနှုန်းကြီးမြင့် တက်ခြင်းတို့အပေါ် ဘယ်လိုထိန်းချုပ်သင့်သလဲဆိုတဲ့သူတို့ရဲ့ အမြင်သဘော ထားများကို မေးမြန်းစုစည်းဖော်ပြ လိုက်ပါတယ်။

ဆွိ (လူကြမ်း သရုပ်ဆောင်)

ဝန်ထမ်းတွေအတွက် အင်မတန်ဝမ်းသာဖို့ ကောင်းတဲ့ကိစ္စပါ။ လစာတွေ ပိုတိုးတဲ့အတွက် နိုင်ငံ့ဝန်ထမ်းတွေ လာဘ်ပေးလာဘ်ယူ ကိစ္စ တွေလည်း နည်းသွားတာပေါ့။ အဲဒီလိုကောင်းတာတွေတော့ ရှိတယ်။ မကောင်းတာက ဒီဘက်မှာ ဘာဖြစ်လဲဆိုရင် လစာတိုးမယ် အသံကြားရုံရှိသေး ကုန်ဈေးနှုန်း က တက်ရော။ အဲဒီမှာ ကျွန်တော်တို့အတွက် သောကများတော့တာပဲ။ အ ခြေခံလူတန်းစားတွေသောကနည်းနည်းများသွားတာပေါ့။ ကုန်ဈေးနှုန်းတက် ရင်ဘာမှကိုလုပ်လို့မရဘူး။ အစိုးရအနေနဲ့ ကုန်ဈေးနှုန်းကိုတော့ ထိန်းချုပ်ပေး စေချင်ပါတယ်။ အခုကတော့ ရှာသမျှကမလောက်ငဘူး ဖြစ်နေတော့ တာပေါ့။ ကျွန်တော်တို့ကျ လူကြမ်းသရုပ်ဆောင်တွေဆိုတော့ ဇာတ်ကား ရိုက်ကူးရမှ ပိုက်ဆံကရတာလေ။ ရိုက်ရက်မရရင် ဝင်ငွေမရှိတော့ဘူး။ ဒီကြားထဲဗျာ။ ကျွန်တော်တို့ အနုပညာကြေးတွေက မတိုးဘဲနဲ့ လျော့သွားတာ။ လျော့တယ် ဆိုတာလည်း ကျွန်တော်တို့ လူကြမ်းတွေပဲနော်။ မင်းသား၊ မင်းသမီးကျတော့ အနုပညာကြေးတိုးပေးရတာဗျ။ ကျွန်တော်တို့ကတော့ ပေးသလောက်ယူ ပြီးတော့ပဲလုပ်နေရတာလေ။ မတတ်နိုင်ဘူးလေ။ ဝင်ငွေရှိဖို့လိုတယ်။ နောက်မှာက မိသားစုရှိတယ်။ ကုန်ဈေးနှုန်းတက်လာတာတွေ ကိုလည်း ကျော် လွှားရဦးမယ်လေ။ ဝင်ငွေရှိနေမှရမှာ။ အဲဒီတော့ ဖြစ်နိုင်ရင် ကုန်ဈေးနှုန်းလေး တွေလည်း ကျစေချင်တယ်ဗျာ။

xxxxxxxxxxxxxxxxxxxxxxxxxxxx

ချစ်ချော (လူရွှင်တော်)

လစာတွေတိုးပြီဆိုရင် ကုန်ဈေး နှုန်းတွေ မြင့်တက်လာတာက သဘာ ဝဆိုတာ အရပ်သားပြည်သူတွေ တောင်သိမှတော့ နိုင်ငံတော်အစိုးရ အနေနဲ့လည်း သိမှာပါပဲ။ ဒါကြောင့် သူတို့အနေနဲ့လည်း တစ်ဖက်မှာ လ စာတိုးမယ်လို့ စီစဉ်ပြီးပြီဆိုရင် တစ် ဖက်မှာလည်း ကုန်ဈေးနှုန်းတွေ မတက်အောင်လို့ သက်ဆိုင်ရာ စက် မှုလက်မှုနဲ့ ကုန်သည်ကြီးများအသင်း တို့နဲ့ ဆွေးနွေးညှိနှိုင်းတာတို့ လုပ် ဆောင် ပြီးတော့မှ လစာတိုးဖို့ကိစ္စကို စီစဉ်တာပဲဖြစ်မှာပါ။ ဒါကြောင့်လည်း ပြည်သူတွေအနေနဲ့ စိုးရိမ်စိတ် မရှိ ကြစေဖို့ အားပေးရမှာပါပဲ။ အစိုးရ အနေနဲ့လည်း ကုန်ဈေးနှုန်းမတက် ဖို့ကို သတိထားပြီး စောင့်ကြည့်ရမှာ ပါပဲ။ ခံရမှာက ပြည်သူတွေ ခံရမှာ လေ။


LEAVE A REPLY

Please enter your comment!
Please enter your name here