လစာတိုးတိုင်း ကုန်ဈေးနှုန်း မြင့်တက်လာမှု ဘယ်လိုထိန်းချုပ်သင့်သလဲ (၂)

0
209

နိုင်ငံဝန်ထမ်းများ လစာတိုး ပေးမယ့်အကြောင်းကို မြန်မာနှစ် ဆန်းတစ်ရက်နေ့က နိုင်ငံတော် သမ္မ တကြီး ဦးဝင်းမြင့်က နှစ်သစ်ကူးမိန့်ခွန်းထဲမှာ ထည့်သွင်းပြော ကြားသွားခဲ့ပြီး နောက်ပိုင်း အများ ပြည်သူများအနေနဲ့ အရှိန်မပျက်ထိုးတက်နေတဲ့ ကုန်းဈေးနှုန်းပိုမိုမြင့်တက် လာကြမှာ စိုးရိမ်စိတ်ဖြစ်နေကြပါ တယ်။ ရှေးမှာကတည်းက မြန်မာငွေ ကြေးတန်ဖိုး အမြင့်ဆုံးပြောင်းလဲသတ် မှတ်ထုတ်ဝေချိန်တိုင်းမှာရော နိုင်ငံ ရေးရေချိန်မြင့်နေချိန် တိုင်းမှာပါ ထိုးတက်ပြီးရင်း ထိုးတက်ကာ ပြန်မကျသွား တဲ့ ကုန်ဈေးနှုန်းကြီးမြင့်တက်မှုကား လူတိုင်း ဒုက္ခဝန်ပိခါးစည်းခံခဲ့ကြရ တာ ခုထိ အနာမကျက်သေးပါဘူး။ ဒီ လိုကုန်ဈေးနှုန်းကြီးမြင့်တက်လာမှု ဟာ လူမှုနယ်ပယ်စုံ ရိုက်ခတ်အထိ နာကြရတာဖြစ်ပြီး ပြည်သူများအပေါ် မှီခိုအားထား ပြုနေကြရတဲ့ အနုပညာ ရှင်များလည်း တစ်နည်းတစ်ဖုံ တွဲဆက်ထိခိုက်လာမှာဖြစ်လို့ လစာတိုးခြင်းနဲ့ ကုန်ဈေးနှုန်းကြီးမြင့် တက်ခြင်းတို့အပေါ် ဘယ်လိုထိန်းချုပ်သင့်သလဲဆိုတဲ့သူတို့ရဲ့ အမြင်သဘော ထားများကို မေးမြန်းစုစည်းဖော်ပြ လိုက်ပါတယ်။

လှမျိုးသဉ္ဇာနွယ်

လစာတိုးတာကတော့ ကောင်းပါတယ်။ အားလုံးနေထိုင်တဲ့ လူနေ မှုဘဝတွေ အဆင့်အတန်းတွေ မြင့်လာတယ်ဆိုတာ ကောင်းတဲ့ကိစ္စပဲ။ ဒါပေမဲ့ ဘယ်လောက်ပဲ လစာတိုးတယ်ပဲပြောပြော။ ရှာဖွေသလို မလောက် ငတာထက်စာရင် ကိုယ် ရှာဖွေတာလေးက အဖတ်တင်တယ် ဆိုရင်တော့ ပိုကောင်းတာပေါ့နော်။ လစာတိုးမယ် ကြားတိုင်း ကုန်ဈေးနှုန်း ခုန်ခုန် တက်တာ သဘာဝဖြစ်နေပြီ။ အဲဒီလိုမဖြစ်နိုင်ဖို့ ထိန်းချုပ်နိုင်ရင် အကောင်းဆုံးပဲ။ အစ်မအမျိုးသားဆိုလည်း ဝန်ထမ်းပဲလေ။ ဆရာ ဝန်ပါရဂူပဲ။ သူတို့ရဲ့ ပညာနဲ့ သူတို့ ပေးဆပ်ရတာနဲ့ သူတို့ ရတာနဲ့ ဘာမှ မတန်ဘူး။ တန်တယ် မတန်ဘူးဆို တာထက် အစ်မတို့ အမြင် ပြောရရင် ခံစားခွင့်နည်းလွန်း တယ်ပေါ့ နော်။ ဒါပေမဲ့ ဒါကကိုယ် တစ်ယောက် တည်းရဲ့ ကိစ္စလည်း မဟုတ်ဘူး။ တစ်တိုင်းပြည်လုံးက ဒီလိုပဲဖြစ်နေ တာဆိုတော့ ကြိုးစားရင် ကြိုးစားသလောက် အခွင့်အလမ်းရနိုင်တဲ့ ပုံစံမျိုးဖြစ်ရင်တော့ ပိုကောင်းတာပေါ့။

ဝန်ထမ်းတွေဆိုရင်လည်း ဘယ်လောက်ပဲ ကြိုးစားလုပ် ဆောင်နေလည်း ဒီလောက်ပဲရတယ်ဆိုတော့ သူတို့အတွက်လည်း စိတ်မကောင်းပါဘူး။ စာနာပါတယ်။ သူတို့လည်းသူတို့ရဲ့ ကလေးတွေကို မိဘတွေအနေနဲ့ ကောင်းကောင်းမွန်မွန်ထား ချင်မှာ ပဲ။ ကိုယ်ချင်းစာပါတယ်။ အခုလစာတိုးတော့မယ်ဆိုတော့ သူ တို့ရဲ့ လစာတွေကို ပြည့်ပြည့်ဝဝ ခံစားခွင့်ရရှိနိုင်ပါစေ။ ကုန်ဈေးနှုန်း မြင့်တက်လာခြင်းတွေက အစ်မလည်း ဈေးရောင်းနေတဲ့သူတစ်ယောက်ဖြစ် တာမို့ထိုက်သင့်တဲ့အမြတ်အစွန်း ရရှိဖို့ကာလပေါက်ဈေးအတိုင်းရောင်းချ မယ်။ အဲဒီလိုပဲ ရောင်းတဲ့ ဆိုင်တွေများလာရင် သူတို့တိုးတဲ့ လစာကို ဝန်ထမ်း တွေအပြည့်အဝခံ စားရရှိနိုင်ပါစေ။

 

xxxxxxxxxxxxxxxxxxxxxxxxxxxxxx

 

ပိုပို

အဓိကကတော့ အခြေခံလူတန်းစားတွေနဲ့ ကုန်ဈေးနှုန်းဆိုတာ အမြဲ တမ်းထိတွေ့နေရတာကိုး။ အခုခေတ်ကြီးမှာ အိမ်ရှင်မတစ်ယောက်အနေနဲ့ ဈေးဝယ်မယ်ဆိုရင် လက်ထဲမှာ အနည်းဆုံး ငွေကျပ် ၅ဝဝဝ လောက်မှမပါရင် အဆင်ပြေမှာ မဟုတ်ဘူးလေ။ အကုန်လုံးကချောင်လည်နေတဲ့အနေအထား မျိုးမှာတော့မဟုတ်ပါဘူး။ ပိုပိုတို့လို အနုပညာရှင်တွေတောင် အရင်က လောက်အဆင်မပြေတဲ့ခေတ်ကြီးမှာ ရုန်းကန်နေကြရတဲ့ ပရိသတ်တွေ၊ ပြည်သူလူထုကို ကိုယ်ချင်းစာမိပါတယ်။ အဲဒါကြောင့် ပိုပိုတွေ့နေရတဲ့ ချို့တဲ့တဲ့သူတွေဆို အမြဲတမ်းပေးကမ်းလှူဒါန်းဖြစ်ပါတယ်။ လက်လှမ်းမီ သလောက်ပေါ့။ ကုန်ဈေးနှုန်းကို ဒီ့ထက်လည်းမတက်စေချင်ပါဘူး။ မတက်ပါ စေနဲ့လို့လည်း ဆုတောင်းပါတယ်။ ပြည်သူလူထုတွေအနေနဲ့ အဆင်ပြေမယ့်၊ သင့်တင့်လျောက်ပတ်တဲ့ ဈေးနှုန်းနဲ့ အစားအသောက်၊ အသုံး အဆောင်တွေကို ဝယ်ယူနိုင်ကြပါစေ။ နှစ်သစ်မှာစီးပွားရေး တွေလည်းကောင်းကြပါစေ။ အလုပ်အကိုင်တွေလည်း အဆင်ပြေကြပါစေလို့ ပိုပိုကဆုတောင်းပေးပါ တယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here