ကလေး သရုပ်ဆောင်ကနေ လူကြီးသရုပ်ဆောင် အဖြစ် ယွန်းယွန်း ကို ဘယ်တော့ မြင်တွေ့ရလေမလဲ

0
377

အနုပညာနဲ့ ပတ်သက်လို့ ကလေးဘဝမှာကတည်းက ထူးချွန်တယ်လို့ဆို ရမယ့်အကယ်ဒမီ ယွန်းယွန်း။ သူမတောင် အခုဆို အသက် ၁၈နှစ်ကျော် ၁၉နှစ်ထဲရောက်ရှိလာပြီ။ လက်ရှိအချိန်မှာတော့ ယွန်ယွန်းက ပညာရေး ဘက်ကိုဦးစားပေးနေသလို လုပ်လက်စအနုပညာအလုပ်ကိုလည်း ဆက်လက် လုပ်နေဆဲ။ အလုပ်နှစ်ခုစလုံးကို တစ်ပြိုင်တည်းလုပ်ကိုင်တယ်ဆိုပေမယ့် သူမက အခုခေတ်မှာ အချိန်ဆိုတာ ရှားပါတယ်တဲ့။ ပညာရေးပိုင်းမှာဆို ရင်ယွန်းယွန်းက ရန်ကုန်တက္ကသိုလ် စိတ်ပညာဌာနမှာ ဒုတိယနှစ်တက် ရောက်ပညာသင်ယူနေပါတယ်။ နောက်ပြီးတော့ ကျောင်းပြင်ပမှာလည်း Business Management ကိုတက်ရောက်သင်ယူနေပါတယ်။ လူငယ်တစ် ယောက်အတွက် ပညာရေးကဘယ်လောက် အရေးပါတယ် ဆိုတာ ယွန်းယွန်းရဲ့ အမြင်ကိုပြောပါဦးလို့ဆိုတော့ …

”ပညာရေးက အရေးပါပါတယ်။ ညီမတို့ အသက် အရွယ်ကြီးလာရင် ဘာပဲလုပ်လုပ်၊ ဘယ်နေရာပဲရောက် နေ၊ ရောက်နေ၊ ဘာနဲ့ပဲ အသက်မွေးဝမ်းကျောင်း လုပ်လုပ်ပညာရှိမှ ဖြစ်မယ်။ အဲဒါကြောင့် ပညာရေး က အရေးပါတယ်လို့ ညီမကတော့ ထင်တယ်။ ညီမရဲ့မိဘ၂ပါးကလည်း ပညာရေးကို ဦးစားပေးရ တာကြိုက်တယ်။ အနုပညာက ညီမက ဝါသနာ ပါလို့ လုပ်နေပေမယ့်သူတို့ကအဓိကက ပညာရေး မှာလည်း ထူးချွန်စေချင်တယ်။ ပညာရေးကို ဆုံးခန်းတိုင်စေချင်တယ်။ အဲဒီအတွက်ကြောင့် မို့လို့ ညီမလည်း အတတ်နိုင်ဆုံး ကြိုးစားပြီးတော့ လုပ်နေပါတယ်” လို့ ယွန်းယွန်းက ပြောပြပါ တယ်။

ကလေးသရုပ်ဆောင်ကနေ တဖြည်းဖြည်း လူကြီးသရုပ်ဆောင်အဖြစ် ပြောင်းလဲလာတဲ့အခါ မှာဇာတ်ကားတွေ ရိုက်ကူးတာသိပ်မတွေ့ရဘူး နော်လို့ဆိုတော့… ”အခုလောလော ဆယ်ကတော့ မရိုက်ကူး ဖြစ်သေးဘူးပေါ့ နော်။ လောလော ဆယ်တော့ ညီမအသက် အရွယ်နဲ့ လိုက်ဖက် မယ့် အနု ပညာလှုပ်ရှားမှုတွေပဲလုပ်ပါတယ်။ ကြော်ငြာ လေးတွေ၊ နောက်ပြီးတော့ အမ်တီဗီလေး တွေပေါ့” လို့ သူမကပွင့်ပွင့်လင်းလင်းပြောပြပါ တယ်။ ဒါဆို ယွန်းယွန်းကို ထုတ်လုပ်ရေး တွေက လူကြီးဆန်တဲ့ ကာရိုက်တာမျိုးတွေ ကမ်းလှမ်းတာရှိပြီလားလို့မေးတော့…

”ညီမကို နည်းနည်းလူကြီးဆန်တဲ့ ကာရိုက်တာတွေအတွက် ကမ်းလှမ်းထား တာတွေရှိပါတယ်။ ဒါပေမဲ့ ဇာတ်လမ်း အနေ အထားအရရော၊ ပြီးတော့ညီမ အသက်က၁၈၊ ၁၉နှစ်ပဲရှိသေးတယ်လေ။ အသက်၂ဝကျော် ကာရိုက်တာကြီးတွေ လည်း မလုပ်ချင်သေးဘူး။ ပရိသတ်ကြည့် ရတာ အဆင်မပြေမှာစိုးလို့ပါ။ အဲဒါကြောင့် ညီမနည်းနည်းအချိန်ယူပြီးတော့ပဲ ကောင်း ကောင်းကြိုးစားပြီး တော့လုပ်ပါ့မယ်” လို့ ယွန်းယွန်း ကပြောပြခဲ့ပါတယ်။

မျိုးမောင်၊

ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here