အဆိုရယ်၊ အစီအစဉ် တင်ဆက်သူရယ်၊ သရုပ်ဆောင်ရယ် တစ်ခုကိုရွေးပါဆိုရင် Russel ဘာကိုရွေးမလဲ

0
217

အဆိုတော်လား၊ အစီအစဉ် တင်ဆက်သူ လား၊ ဒါမှမဟုတ် သရုပ်ဆောင်လား၊Russell က ဒါတွေအားလုံးကို လုပ်ဆောင်နေသူ။ အခု လောလောဆယ်တော့Russell တို့ သရုပ်ဆောင်ထားတဲ့ ‘ည’ ရုပ်ရှင် ဇာတ်ကားက ဒုတိယအကြိမ် ရုံပြန် တင်နေပြီ။ အမှတ်တရတွေများစွာနဲ့မို့ ”ည’အတွက် အဖွဲ့သားတစ်ဦးအနေနဲ့ ဂုဏ်ယူနေမိပါတယ်လို့လည်း သူက ဆိုပါတယ်။ ဒီတော့အဆိုတော်အလုပ်ရယ်၊ အစီအစဉ်တင်ဆက်သူ အလုပ်ရယ်၊ သရုပ်ဆောင် အလုပ်ရယ် ၃ ခု ထဲက တစ်ခုကို ရွေးပါဆိုလို့ရှိရင်Russell ဘာကိုရွေးချယ်မလဲလို့ မေးတော့…

“အနုပညာဆိုတာ ကျွန်တော့် အတွက်ကတော့ အကုန်လုံးဆက်စပ် နေတာပါပဲ။ သရုပ်ဆောင်လည်း လုပ်ချင်တယ်။ သီချင်းလည်း ဆိုချင်တယ်။Musical ပုံစံမျိုးတွေ ကျွန်တော်ပါဝင်ချင်တယ်။ံHost တွေကိုလည်း လုပ်ရတာ ကျွန်တော် ဝါသနာပါတယ်။ ငယ်ငယ်ကလေးကတည်းက လူရှေ့ထွက်ပြီးတော့ စကားပြောရတာကို ကြိုက်တယ်ဗျာ။ သီချင်းဆို တာရော၊ သရုပ်ဆောင်တာရော၊Host လုပ်ရတာရော အားလုံးက ဆက်စပ်နေတာဖြစ်တဲ့အတွက် အဲဒီထဲကမှ တစ်ခုပဲရွှေးပါလို့ ပြောရင် ကျွန်တော် မရွေးတတ်ပါဘူး” လို့ သူက ပြောပါတယ်။ ဒီနှစ်ထဲမှာ ထွက်ရှိမယ့် တစ်ကိုယ်တော်အခွေအကြောင်းလေးလည်း ပြောပါဦး။ တကယ်ရော ထွက်ဖြစ်မှာလားလို့ မေးတော့..

“တစ်ကိုယ်တော်အခွေကတော့ ကျွန်တော် ဒီနှစ်ထဲ ထွက်နိုင်အောင် ကြိုးစားနေတယ်။ ကျွန်တော်လည်း ပျင်းနေတာကြောင့်ရယ်၊ ပြီးတော့ ဒီကြားထဲမှာPersonal ကိစ္စတွေရယ်ကြောင့် နည်းနည်း စိတ်ဓာတ်ကျသွားတာတွေရှိတယ်။ ဒါပေမဲ့ ဒီနှစ်ထဲမှာတော့ ကျွန်တော့် တစ်ကိုယ်တော်အခွေကို ရ အောင်ထွက်မယ်။ အားတင်း ထားတယ်။ လာ အားပေး နော်။ တစ်ကိုယ်တော်အခွေ ထဲမှာတော့ ကျွန်တော်က ဟစ်ဟော့ပ် လည်း ကြိုက်တယ်။ ကိုယ်တိုင်တော့ မဆိုဘူးပေါ့နော်။ ဒါပေမဲ့ ကျွန် တော့် အခွေထဲမှာ ကျွန်တော် ကြိုက်တဲ့ Artists တွေနဲ့ ပူးပေါင်းဖို့လည်းရှိတယ်။ နောက်ပြီးတော့ ကျွန် တော် ကြိုက်နှစ်သက် တဲ့Russell ပုံစံတွေ လည်းပြောင်းသွားဖို့ ရှိပါတယ်”လို့Russell က ပြောပြခဲ့ပါတယ်။

မျိုးမောင်
ဓာတ်ပုံ -အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here