ဇူလိုင်လမှာ Master Piece Music Video ထွက်ရှိဖို့ရည်ရွယ်ထားတဲ့ ပိုပို

0
150

‘Master Piece’ Audio CD ထွက်ရှိခဲ့စဉ်ကတည်းက ရိုက် ကူးထားတဲ့ Music Video အပုဒ်တွေရှိတာကြောင့် ပိုပိုရဲ့ ‘Master Piece’ Music Video ကို ဒီနှစ်ထဲမှာ ထုတ်လုပ်ဖြန့်ချိသွား ဖို့ရှိမလားဆိုတဲ့ အမေးနဲ့ ပိုပို့ အင်တာဗျူးကို စတင်ခဲ့ပါတယ်။

”အမ်တီဗီကတော့ ၇ လပိုင်း လောက်မှ ထွက်ရှိ မလားလို့ ပိုပို စဉ်းစားတယ်။ ကိုယ်လုပ်ချင်တာတွေက တအားကျပ် နေတာကိုး။ နောက်ပြီးတော့ ပွင့်ပွင်းလင်းလင်း ပြောရမယ်ဆိုရင် တိုင်းပြည်ရဲ့ စီးပွားရေးက သိပ်ကောင်းနေတာမျိုးမဟုတ်တော့ ပရိသတ် တွေလည်း မဝယ်နိုင်မှာစိုးတယ်။သင်္ကြန်နဲ့ သိပ်နီးကပ်နေတယ်လေ။ သင်္ကြန်မှာ သူတို့သောင်းကျန်းထားတာဆို တော့ ပရိသတ်တွေက ကိုယ့်ကိုချစ်လို့သာ အယ်လ်ဘမ် ဝယ်ရတာ။ ဒါပေမဲ့ သူတို့အတွက် အခက်အခဲဖြစ်မှာစိုးလို့ပါ။ အဲဒီတော့ နည်းနည်းလေး နောက်ဆုတ် ထားမယ်။ ပိုပိုလည်း နည်းနည်းရိုက် ကူးစရာတွေရှိသေးလို့ပါ”လို့ ပိုပိုက ပြောပါတယ်။

အခွေမထွက်ခင် လာမယ့်မေလ ၁၆ ရက်နေ့ဆို ပိုပို့ အသက် ၂၈ နှစ် ပြည့်ရှိတယ်လေ။ ထုံးစံအတိုင်း အိမ်မှာထိုင်နေရင်တောင် လှူဖို့တန်းဖို့ စိတ်ထားရည်သန်နေတဲ့ ပိုပိုတစ် ယောက် မွေးနေ့မှာ အလှူလုပ်မှာလားလို့ မေးစရာတောင်မလိုတော့ဘူးထင်ပါတယ်။ သူမ အနေနဲ့ မထင်မှတ်ထားတဲ့နေရာတစ်ခုမှာ အလှူလုပ်ဖို့ရှိတာကိုလည်း လျှို့ဝှက်ထား ပါသေး တယ်။ နေအိမ်မှာကတော့ …

”ဆွမ်းလာခံတဲ့ ကိုရင်လေးတွေ သပိတ်ကြိုးတွေပြုတ် ဟောင်းနွမ်းနေတာ နေ့တိုင်းမြင် ရတော့ စိတ်မကောင်းဘူး။ သံချေးတက်နေတဲ့ သပိတ်ထဲ ဆွမ်းထည့်ဘုဉ်းပေးရတာလေ။ အဲဒီတော့ ကိုယ်စားသလို ကောင်းကောင်းမွန်မွန် ဘုဉ်းပေးစေ လိုတဲ့စိတ်နဲ့ စတီးသပိတ်တွေလှူဖြစ်တယ်။ ပိုပို့ ၂၈ နှစ်ပြည့်အလှူကို နေအိမ်မှာ ဆွမ်းကပ်မယ်။ သပိတ် ၂၈ လုံး၊ ဖိနပ် ၂၈ ရန်၊ သီလရှင်ဝတ်စုံ ၂၈ စုံ၊ ထီး ၂၈ လက်လှူမယ်” လို့ ပိုပိုက ပြောပြခဲ့ပါတယ်။

မျိုးမောင်၊

ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here