မွေးနေ့မှာ သီချင်းသစ်တစ်ပုဒ်ကို အွန်လိုင်းကနေ ဖြန့်ချိမယ့် ဆိုတေး

0
187

အဆိုတော်ဆိုတေးက သူ့ရဲ့မွေးနေ့လဖြစ်တဲ့ မေလထဲမှာ သီချင်းအသစ်တစ်ပုဒ်ကို အွန်လိုင်းကနေဖြန့်ချိဖို့ စီစဉ် နေပါတယ်။ သူ့အနေနဲ့ တစ်ကိုယ်တော်အခွေမထွက်တော့ဘူးလားလို့ မေးနေကြတဲ့ပရိသတ်တွေအတွက် ရည်ရွယ်ပြီး သီချင်းသစ်ကို အွန်လိုင်းကနေတင်ဖို့ စဉ်းစားဖြစ်ကြောင်း သိရပါတယ်။ သီချင်းသစ်ထွက်ပြီးတဲ့ အခါမှာတော့ ရဟန်းခံဖို့အစီအစဉ်လည်း ရှိနေပါတယ်။ ကားအက်စီးဒင့်ဖြစ်ပြီးတဲ့နောက် ပိုင်းမှာတော့ ဆိုတေးသွားရာနောက်ကို မိဘနှစ်ပါးက အမြဲလိုလိုလိုက်ပြီး စောင့်ရှောက်လေ့ရှိ ပါတယ်။ ဒီလိုလိုက်လံစောင့်ရှောက်ပေးတဲ့ မိဘနှစ်ပါးကိုလည်း သူ့အနေနဲ့ကျေးဇူးတင်ရပါ တယ်လို့ ဆိုတေးက ပြောပါတယ်။

”ဘယ်ရှိုးပွဲမဆို မေမေလိုက်ပေးတယ်။ နယ်တွေကိုလိုက်တဲ့အခါ မေမေတို့ကို ဘုရားဖူးလည်း ပို့ပေးဖြစ်တယ်။ ကျွန်တော်အဆိုတော်ဖြစ်လာတာကလည်း မေမေ၊ ဖေဖေ တို့ရဲ့ ပံ့ပိုးမှုတွေ အများကြီးပါပါတယ်။ အမေဆိုရင်လည်းရှိသမျှ ခွန်အားတွေနဲ့ စိုက် ထုတ်ပြီးတော့ အခွေထွက်နိုင်အောင် မဖြစ်ဖြစ်အောင်လို့ လုပ်ပေးတယ်။ ကျွန်တော့်ဘက်ကလည်း အကောင်းဆုံးပုံစံမျိုးနဲ့ဖြစ်အောင် ကြိုးစားခဲ့ တယ်။ ပြီးတော့ အဆိုတော်ဘဝမှာလည်း အကောင်းမွန်ဆုံးဖြစ်အောင် နေထိုင်တယ်။ ကျွန်တော့်အနေနဲ့အမှားမဖြစ်အောင်လို့လည်း ကောင်းအောင် နေတယ်”လို့ မိဘတွေရဲ့ ကျေးဇူးနဲ့ပတ်သက်လို့ ဆိုတေးက ပြောပါတယ်။ အခုလက်ရှိမှာတော့ ဆိုတေးက နယ်ဖျော်ဖြေပွဲ တွေ ဖျော်ဖြေနေပြီး တစ်ကိုယ်တော်အခွေထွက်ရှိဖို့လည်း စီစဉ်နေပါ တယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here