သားဖြစ်သူကို ဆရာဝန်ဖြစ်စေချင်ခဲ့တဲ့ ဆိုတေးရဲ့ မိခင် ဒေါ်အေးအေးဖြူ

0
153

”သူ့ပုံစံကိုကြည့်ပြီးတော့ တခြားလူတွေကတစ်မျိုးထင်ကြမယ်။ ဒါပေမဲ့ အန်တီတို့ကဗုဒ္ဒဘာသာ၊ မြန်မာလူမျိုးပါ။ ဆိုတေးဆိုရင် ရဟန်းခံတာ ၃ခါတောင်ရှိပါပြီ။ သူကဘာသာရေးသိပ်လုပ်တယ်”လို့ ဆိုတေးကို ဘာသာခြားလို့ ထင်မြင် ကြတဲ့အပေါ်မှာ ဆိုတေးရဲ့မိခင်ဖြစ်သူ ဒေါ်အေးအေးဖြူက ပြောပြတာပဲဖြစ်ပါတယ်။ သားဖြစ်သူကို ငယ်စဉ်ကတည်းကပဲ ဘာသာရေးရဲ့အဆုံးအမနဲ့အတူ နေထိုင်စေပြီး သားနဲ့အတူတူလည်း နေ့စဉ်တိုင်းမှာ ဘာသာရေးလုပ်ဖြစ်ကြောင်း သူက ဆက်ပြောပါတယ်။

”သားကို၃ခါပြည့်အောင် ပဉ္ဇင်းခံပေးလိုက်မယ်ဆိုပြီး ပဉ္ဇင်းခံပေးဖြစ်တယ်။ စိတ်တွေလည်းလန်းဆန်းပြီးတော့ အန္တရာယ်တွေလည်းကင်းသွားအောင်ဆိုပြီးတော့ပေါ့။ သူကဘာသာတရားတအားလုပ်တယ်။ လုပ်လွန်းလို့ကို တစ်ခါ တစ်ခါကျရင် အခက်ဖြစ်ရတယ်။ သွားဖို့ကားက ဟွန်းတီးနေပြီ။ သူကဘုရားရှိခိုးလို့ မပြီးသေးဘူး။ သူ ဘုရား၊ တရား တအားလုပ်တဲ့အတွက်လည်း သူ့ကိုပြန်ပြီးတော့ အကျိုး ပေးတာပေါ့လေ။ သူ့မှာ ခေါင်းမူးတာတို့၊ ခေါင်းကိုက်တာတို့ ဘာမှမရှိဘူး။ တော်တော် ကျန်းမာတယ်။ တဖြည်းဖြည်းနဲ့ ဝဝလာတယ်”လို့ သားဖြစ်သူရဲ့ ဘာသာရေးအပေါ် သက်ဝင်ယုံကြည်လုပ်ဆောင်မှုနဲ့ ပတ်သက်လို့ ဒေါ်အေးအေးဖြူကပြောပါတယ်။ ဖျော်ဖြေပွဲ ရပ်နားတဲ့ ကာလမှာလည်း သားဖြစ်သူကို ရဟန်းခံပေးဦးမှာဖြစ်ပြီး သင်္ကြန်မှာ ကတည်းက ဘုန်းကြီးဝတ်ဖို့အစီအစဉ်ရှိခဲ့ပေမယ့် ဖျော်ဖြေပွဲရှိနေတဲ့အတွက် ကြောင့် မဝတ်ဖြစ်ခဲ့ဖူးလို့ ပြောပါတယ်။ သားဖြစ်သူကိုတော့ ဆရာဝန် ဖြစ်စေချင်ခဲ့တာဖြစ်ပေမယ့် အခုအချိန်မှာတော့ အောင်မြင်တဲ့ အဆိုတော် တစ်ယောက်ဖြစ်နေပြီဖြစ်တာကြောင့်လည်း မိခင်တစ်ယောက်အနေနဲ့ ဂုဏ်ယူဝမ်းသာမိပါတယ်လို့ ဒေါ်အေးအေးဖြူကပြောခဲ့ပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here