ပရိသတ်တွေရဲ့ အားပေးသံကို ကြားရသလို ဝေဖန်သံတွေကိုလည်း ကြားရပါတယ် သရုပ်ဆောင် စိုးသီဟ

0
310

သရုပ်ဆောင် လှမျိုးသဉ္ဇာနွယ်ရဲ့မောင် သရုပ်ဆောင်သစ်စိုးသီဟက သူရိုက်ကူးထားပြီးပြီဖြစ်တဲ့ ဗီဒီယိုဇာတ် ကားတချို့ကို လွန်ခဲ့တဲ့လအနည်းငယ်က ဗီဒီယိုဈေးကွက်ထဲမှာ ဖြန့်ချိခဲ့ပါတယ်။ ဒီဇာတ်ကားတွေနဲ့ပတ်သက်ပြီး ပရိ သတ်များထံက ပြန်ကြားရတဲ့ စကားသံများကိုတော့ စိုးသီဟက . . .

”ပရိသတ်တွေရဲ့ အားပေးတဲ့အသံတွေပြန်ကြားရသလို၊ ဝေဖန်တဲ့အသံတွေလည်း ပြန်ကြားရပါတယ်။ အများစု ပြောတဲ့ စကားသံတွေကတော့ အသစ်တစ်ယောက်အနေနဲ့ သရုပ်ဆောင်တာမဆိုးဘူးဆိုတဲ့ ယူဆချက်ကတော့ များပါ တယ်။ အဲဒီအတွက်လည်း ကျွန်တော်ဆက်ပြီး အကောင်းဆုံးဖြစ်အောင် ကြိုးစားသွားပါ့မယ်။ ပရိသတ်တွေ နှစ်သက် သဘောကျတဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်အောင် ကြိုးစားသွားပါ့မယ်။ ကျွန်တော် ဒီအနုပညာအလုပ် လုပ်တယ်ဆိုတာကလည်း မင်းသားဖြစ်ချင်လို့ မဟုတ်ပါဘူး။ ကျရာဇာတ်ရုပ်မှာ ပီပြင်စွာ သရုပ်ဆောင်နိုင်တဲ့ သရုပ်ဆောင်ကောင်းတစ်ယောက်ပဲ ဖြစ်ချင်တာပါ”လို့ ပြောပြပါတယ်။ ရှေ့လများမှာလည်း သူ့ရဲ့ဇာတ်ကားများ ထွက်ရှိ ဖို့ရှိကြောင်းနဲ့ ပရိသတ်များကြည့်ရှုအားပေးကာ လိုအပ်ချက်များကို ချစ်ခင်သော စိတ်နဲ့ ဝေဖန်ထောက်ပြပေးပါဦးလို့လည်း သရုပ် ဆောင်သစ် စိုးသီဟက တောင်းဆိုခဲ့ပါတယ်။ အခု လက်ရှိမှာလည်း သူက သူ့ရဲ့ကိုယ်ပိုင်ထုတ်လုပ်ရေးက ထုတ်လုပ်ရိုက်ကူးတဲ့ ‘အချစ်တစ္ဆေ ဝေလေလေ နင်ဘယ်ကိုင်းမှာ နားနေ’ဆိုတဲ့ အချစ်ဖန်စီ ဟာသဇာတ်ကားလေးကို ဒါရိုက်တာမျိုးထူးက သူနဲ့ အတူ ရတနာဗို၊ မေသန်းနုတို့နဲ့ ပုံ ဖော်ရိုက်ကူးနေပါ တယ်။

”အခုဇာတ်ကားလေးက အချစ်ဖန်စီ ဇာတ်ကားလေးပါ။ ဒီလိုဇာတ်ကားမျိုးက ကိုလွင် မိုးတို့ခေတ်ကရိုက်ကူးဖူးတဲ့ ဇာတ်ကားပုံစံမျိုးကို ကျွန် တော်က အခုခေတ်နဲ့လျော်ညီတဲ့ဇာတ်လမ်းပုံစံမျိုး ဖြစ်အောင် ဖန်တီးထားပါတယ်။ ကျွန်တော်ရိုက်ကူးတဲ့ ဇာတ်ကားတိုင်းမှာ ကာရိုက်တာပုံစံ၊ အဝတ်အစားပိုင်းနဲ့ အိုက်တင်ကအစ တစ်ကားနဲ့တစ်ကား မတူအောင်၊ မထပ် အောင်ကြိုးစားပြင်ဆင်ထားပါတယ်။ ပရိသတ်တွေကို အမြင်မတူတဲ့ ရသမျိုးတွေခံစားနိုင်အောင် ကျွန်တော် အကောင်းဆုံးကြိုးစားနေပါတယ်”လို့ စိုးသီဟက ပြောပြခဲ့ပါ တယ်။ သူ့ရဲ့ထုတ်လုပ်ရေးကနေ ဗီဒီယိုဇာတ်ကားများကို တစ်လတစ်ကားနှုန်း ပုံမှန်ရိုက်ကူးသွားမှာဖြစ်ပြီး မိုးတွင်း ကုန်ပိုင်းလောက်မှာတော့ ရုပ်ရှင်ဇာတ်ကားကြီးတစ်ကား ရိုက်ကူးထုတ်လုပ်သွားဖို့ စီစဉ်ထားတယ်လို့ စိုးသီဟက ပြောပြပါတယ်။

ဇင်မာနွယ်

ဓာတ်ပုံ – ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here