သားဖြစ်သူ မင်းသန့်မောင်မောင် ရိုက်ကူးမယ့် ဇာတ်လမ်းတိုမှာ ပါဝင်သရုပ်ဆောင်မယ့် မေသန်းနု

0
195

အမေရိကန်နိုင်ငံက New York Film Academy School မှာ ဒါရိုက်တာပညာကို သွားရောက် ပညာသင်ယူနေတဲ့ သရုပ်ဆောင်မေသန်းနုရဲ့ တစ်ဦးတည်းသော သား မင်းသန့်မောင်မောင်က မိဘများရှိရာ မြန်မာနိုင်ငံကို ဧပြီလ ၂၄ ရက်နေ့က ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။ သားဖြစ်သူ မင်းသန့်မောင်မောင် ဒီတစ်ခေါက်မြန်မာပြည်ပြန်လာတာက New York Film Academy School မှာ ဖြေဆိုရ မယ့် စာမေးပွဲအတွက် ကိုယ်တိုင်ရိုက်ကူးတင်ဆက်ပြသပေးရမယ့ှ့်Short Film ရိုက်ကူးဖို့ ပြန်လာခြင်းဖြစ်တယ်လို့ မိခင်မေသန်းနုက ပြောပြပါတယ်။ ”စာမေးပွဲအတွက် ဇာတ်လမ်းတိုလေး တစ်ခုလာရိုက်တာပေါ့။ သူတို့ ကျောင်း စာမေးပွဲက ရေးဖြေဆိုတာ မရှိဘူး။ သူတို့မှာ အရည်အချင်းဘယ်လောက်ရှိလဲဆိုတာကို ၁၅ မိနစ်အတွင်းမှာ ရင်ထဲကိုထိရမယ့်အရာမျိုးကို သူတို့ကိုယ်တိုင်ရေးပြီး ကိုယ်တိုင်ရိုက်ကူးပြရတယ်။ ဟိုမှာရိုက်ကူးရင် ကုန်ကျစရိတ်က အများကြီးပဲရှိတယ်လေ။ အဲဒီတော့ သူဒီမှာ ပြန်လာရိုက်တာပါ” လို့ မေသန်းနုက ပြောပါတယ်။ သားဖြစ်သူ ရိုက်ကူးမယ့် ဇာတ်လမ်းမှာ သူမပါဝင်သရုပ်ဆောင်ပေးရဦးမှာဖြစ်ကြောင်းကိုလည်း မေသန်းနုက …

”အမေကတော့ သူ့ဇာတ်လမ်းမှာ သရုပ်ဆောင်ရမှာပေါ့။ သားဖြစ်သူရိုက်တဲ့ ဇာတ်လမ်းဆိုတော့ ပါဝင်သရုပ် ဆောင်ရိုက်ကူးပေးရမှာပေါ့။ သူကလည်း အကူအညီတောင်းထားတာလေ။ အဲဒီတော့ မေမေလုပ်ပေးမယ် သားသား လို့။ ဒရာမာလေးရိုက်ကူးမယ်။ မိသားစုဇာတ်လမ်းလေးကို အကျဉ်းချုပ်ပြီး သူရိုက်ကူးမှာပေါ့နော်။ သူဘယ်လိုဖီလင် နဲ့ ရေးထားလဲဆိုတာတော့ မပြောတတ်သေးဘူး။ သူ့ဇာတ်လမ်းလေးအတွက် သူ့မှာ ဖီလင်တော့ရှိမှာပေါ့နော်။ အမေတို့ကတော့ ကိုယ်တတ်နိုင်သလောက်လေးကို ကူညီပေးရတာပါ။ သူ့ရဲ့အောင်မြင်မှုကိုပဲ ဂုဏ်ယူနေရတာပါ”လို့ ပြောပြပါတယ်။

ဇင်မာနွယ်


LEAVE A REPLY

Please enter your comment!
Please enter your name here