လက်ရှိ ရုပ်ရှင်လောကမှာ ပြောင်းလဲမှုတွေဖြစ်လာတယ် ဒါရိုက်တာ ခရစ္စတီးနားခီ

0
167

ရိုက်ကူးမှုအသစ်၊ တင်ဆက်မှုအသစ်တွေနဲ့အတူ မြန်မာပရိသတ်တွေရဲ့ ရင်ထဲစိတ်နှလုံးသားထဲကို စွဲကိုင်လှုပ်ခဲ့တဲ့ ‘ဥပါယ်တံမျဉ်’၊ ‘မုဒြာခေါ်သံ’ ဇာတ်ကားတွေရဲ့ အနုပညာပဲ့ကိုင်ရှင်ကတော့ ဒါရိုက်တာ ခရစ္စတီးနားခီပဲ ဖြစ်ပါတယ်။ ဒါရိုက်တာ ခရစ္စတီးနားခီတို့ရဲ့ ထုတ်လုပ်ရေးဖြစ်တဲ့ Central Base Production အနေနဲ့လည်း ရှေ့ဆက်မယ့် အနုပညာဖန်တီးမှုအသစ်များ အတွက်လည်း လူသစ်များခေါ်ယူလျက်ရှိတယ်လို့ သိရပါတယ်။ ခရစ္စတီးနားခီ အနေနဲ့တော့ အမျိုးသမီးဒါရိုက်တာ တစ်ဦးဖြစ်သလို မြန်မာရုပ်ရှင်လောကကို ဝင်ရောက်တဲ့အချိန်မှာလည်း အောင်မြင်မှုအထူးရရှိခဲ့ပါတယ်။ အသစ်အသစ် ဖန်တီးမှုတွေကို စောင့်မျှော်နေတဲ့ မြန်မာပရိသတ်တွေအတွက်လည်း အနု ပညာရသအသစ်တွေကို ပေးစွမ်းနိုင်ခဲ့တာပါ။ ဒါကြောင့် လက်ရှိမြန်မာ ပရိသတ်တွေရဲ့ အားပေးမှုတွေနဲ့ မြန်မာရုပ်ရှင်လောက အကြောင်းကိုလည်း …

”အစ်မအနေနဲ့ကတော့ အချိန်ကောင်းတာ မကောင်းတာရယ်ကို မတွက် ပါဘူး။ အနုပညာကိုလုပ်တဲ့ အခါမှာလည်း ဦးနှောက်နဲ့ အလုပ်မလုပ်ဘူး။ ဒီကာလလေးမှာတော့ ပရိသတ်တွေက ဒီလိုမျိုးကို မျှော်လင့်နေလို့ ဒီလိုလေးချပြမယ်ဆိုပြီးလည်း စဉ်းစား လေ့မရှိပါဘူး။ အစ်မရဲ့ ရင်ထဲမှာခံစားလို့ရလားဆိုတာ ကို အရင်နှလုံးသွင်းကြည့်တယ်။ ခံစားလို့ရတာကို ချပြ တယ်။ ဒါကြောင့် အစ်မနဲ့ပရိသတ်က ရင်ဘတ်ချင်းဆက် သွားတယ်လို့ပဲ ခံယူပါတယ်။ လက်ရှိရုပ်ရှင်လောက မှာလည်း ပြောင်းလဲမှုတွေဖြစ်လာတယ်။ ရုပ်ရှင်နဲ့ ပတ်သက်ပြီး မျိုးဆက်သစ်တွေ အများကြီးပေါ် ပေါက်လာတယ်။ အာကာတို့လို၊ ထူးပိုင်ဇော် ဦးတို့လို မျိုးဆက်သစ်ဒါရိုက်တာတွေ ပေါ် ပေါက်လာသလို သရုပ်ဆောင်ဘက်မှာလည်း အသစ်အသစ်တွေ ပေါ်ထွက်လာတယ်။ ပရိသတ်တွေကလည်း လက်ခံတဲ့အတွက် ကောင်းသောအလားအလာဖြစ်တယ်။ အသစ်တွေနဲ့အဟောင်းတွေနဲ့ တွဲဖက်တဲ့ အခါမှာလည်း ဘယ်သူ့ကိုမှ နှိမ်ချခြင်းမရှိဘဲ ပရိသတ်က ကာရိုက်တာနဲ့လိုက်တယ်လို့ပြော ကြတယ်”လို့ ခရစ္စတီးနားခီက ပြောပါတယ်။

မြတ်မိုးပွင့် ၊

ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here