ဘာသာဗေဒနှင့်ကျွန်တော်(၁၁)

0
226

၂၀၀၆ ခုနှစ်၊ မေလမှာ ကျွန်တော် အငြိမ်းစားယူပါသည်။ ပုံမှန် အားဖြင့် ၂ဝဝ၂ ခုနှစ်မှာ သက်ပြည့် အငြိမ်းစားယူရမည်ဖြစ်သော်လည်း ထိုစဉ်က ပညာရေးဝန်ကြီး၏ ‘ဝါရင့် ပညာရှင်များကို ဆက်လက်ခန့်ထား ရေးမူ’အရ အငြိမ်းစားယူခွင့်မပေး သေးဘဲ တစ်နှစ်ချင်းအမိန့်စာထွက် ပြီး တစ်နှစ်စီ ၄ ကြိမ်ဆက်၍ခန့် ထားသည့်အတွက် ၂ဝဝ၆ ခုနှစ်မှာမှ အငြိမ်းစားယူရခြင်းဖြစ်ပါသည်။ ပညာရေးဝန်ကြီး၏ အမြော်အမြင် နှင့် တက္ကသိုလ်မှာ ပညာကွင်းဆက် မပြတ်စေလိုသော စေတနာကို များ စွာကျေးဇူးတင်ရပါသည်။ ၂ဝဝ၆ ခုနှစ် ဇန်နဝါရီလမှာ အငြိမ်းစားယူ ရန် အမိန့်ထွက်လာ၍ နောက်ဆက် ခံမည့်သူကို ဌာနလွှဲပြီး ပစ္စည်းများ သိမ်းဆည်းကာ အိမ်ပြန်လာသည်။ ထိုညမှာပင် အရေးကြီးသောတာဝန် များ လုပ်ဆောင်စရာရှိနေသေးသည့် အတွက် အငြိမ်းစားမယူသေးဘဲ နောက်ထပ် ၄ လဆက်ပြီး တာဝန် ယူပေးပါရန် အဆင့်မြင့်ပညာဦးစီး ဌာနက အကြောင်းကြားလာသဖြင့် ဆက်လက်တာဝန်ယူရပြီး မေလကျမှ လွတ်လွတ်ကျွတ်ကျွတ် အငြိမ်းစား ယူရပါတော့သည်။ အသက်ပြည့်ပြီး ၄ နှစ်ဆက်၍ တာဝန်ထမ်းဆောင် ရသည့်အပြင် ၄ လပင် ပိုသေးသည့် အတွက် အမိတက္ကသိုလ်မှာ အပြည့် အဝသာမက အပိုအလျှံနှင့်ပါ တာ ဝန်ထမ်းဆောင်ခဲ့ရသည်မှာ အမှတ် တရဖြစ်စရာ ကောင်းလှပါသည်။

အငြိမ်းစားယူခဲ့သော်လည်း ဆက်လက်တာဝန်ယူရသော ပါမော က္ခ ဌာနမှူးများ၏ မေတ္တာရပ်ခံချက် အရ ပါရဂူအကြိုသင်တန်းကို ဆက် လက်သင်ကြားပို့ချပေးနေသည်မှာ ယခုအချိန်အထိ ဖြစ်ပါသည်။ ဘာ သာဗေဒ၊ သဒ္ဒဗေဒသင်ကြားပို့ချ သည့် ဆရာကြီး ဦးရွှေသွင်နှင့် ဆရာ ဦးထွန်းမြင့်တို့ အနားယူသွားသော အခါ ပါရဂူဘွဲ့အတွက် ဘာသာဗေဒ ဖြင့် ကျမ်းပြုခဲ့သော ဆရာ၊ ဆရာမ များဆက်၍ တာဝန်ယူပို့ချသည်။ ထို ဆရာ၊ ဆရာမများ ရာထူးတိုးပြီး နယ် တက္ကသိုလ်များသို့ ရောက်သွား သောအခါ ဘာသာဗေဒကို ကျွန်တော်ပင် တာဝန်ယူပို့ချရမည့် အခြေအနေရောက်လာသည်။ ထို့ ကြောင့် အတ္ထဗေဒကို ဌာနက ဆရာမတစ်ဦးပို့ချပြီး ဘာသာဗေဒ ကို ကျွန်တော်ပို့ချပါသည်။ ဘာသာ အထူးပြုတန်းမှာ ဘာသာဗေဒပို့ချပြီး စာပေအထူးပြုတန်းမှာ စာပေ သဘောတရားကို ဆက်လက်ပို့ချနေ ပါသည်။

ထိုကာလအတွင်း မဂ္ဂဇင်းများ မှာ ကျွန်တော်ရေးသော ဘာသာဗေဒ ဆောင်းပါးများကို မိတ်ဆွေထုတ် ဝေသူများက စုစည်းထုတ်ဝေသော စာအုပ်များ ထွက်ပါသည်။ ၂ဝဝ၈ ခုနှစ်က မိန်းမ ယောက်ျားထိုစကား ခေါင်းစဉ်ဖြင့် ထွက်လာသောစာအုပ် တွင် ‘ဘာသာစကားလေ့လာမှု မျက် နှာစာသစ်များ’ဟု ဖော်ညွှန်းကာ အတ္ထဗေဒ၊ လက်တွေ့အတ္ထဗေဒ၊ ရေးဟန်ပညာ၊ လူမှုဘာသာဗေဒ၊ စိတ်ဘာသာဗေဒ၊ သင်္ကေတဗေဒဟူ သော ဘာသာစိတ်များအကြောင်း ရေးသည့် ဆောင်းပါးများကို စုစည်း ထားပါသည်။ ထိုစာအုပ်ကို သတိရ မိသည့်အကြောင်းမှာ ကျွန်တော့် မိတ်ဆွေ ဂျပန်လူမျိုး ဘာသာဗေဒ ပညာရှင် Mr.H.Sawada (ကို သောင်းထွဋ်) က တိုကျိုနိုင်ငံခြားဘာ သာသင်တက္ကသိုလ်မှာ သူသင်ကြား ပို့ချနေသော ကျောင်းသားများ အတွက် ထိုစာအုပ်မှ ဆောင်းပါး အချို့ကို ရွေးချယ်ပြဋ္ဌာန်းလိုကြောင်း ကျွန်တော့်ကို ခွင့်တောင်းပြီး သူရွေး ချယ်ပြုစုသော ဖတ်စာထဲမှာ ကျွန် တော့်ဆောင်းပါးအချို့ ထည့်သွင်း ထားသည့်အကြောင်း ဖြစ်ပါသည်။

သင်္ကေတဗေဒ (ှSemiotics) ဆိုသော ပညာရပ်သည်လည်း စိတ် ဝင်စားစရာကောင်းပါသည်။ သင်္ကေ တများကို စနစ်တကျလေ့လာသော ပညာရပ်ဖြစ်သည်။ ဘာသာစကား၊ စာပေ၊ ဓာတ်ပုံ၊ သတင်းစာ၊ ကြော် ငြာ၊ တေးဂီတ၊ သဘင်၊ ရုပ်ရှင်၊ ပြဇာတ်၊ ရုပ်မြင်သံကြားဟူသော သင်္ကေတများကို သင်္ကေတဗေဒက စနစ်တကျလေ့လာသည်။ ဘာသာ ဗေဒကို သင်္ကေတဗေဒ၏ ဘာသာ ရပ်ခွဲတစ်ခုဟု မှတ်ယူသည်။ သင်္ကေ တစနစ်များ၊ သင်္ကေတဖန်တီးပုံ၊ အနက် အဓိပ္ပာယ်သက်ရောက်ပုံ စသည်တို့ကို လေ့လာသော ပညာရပ် ဖြစ်သည်။ ကျွန်တော်သည် သင်္ကေတ ဗေဒကို လက်လှမ်းမီသမျှ လေ့လာ သည်။Daniel Chandler (ဒယ်နီ ယယ်ချန်ဒလာ) ဆိုသော ပညာရှင်၏ Semiotics for Beginners ဆိုသော ပို့ချချက်ကို အင်တာနက်မှ ထုတ်၍ ရသည့်အတွက် လေ့လာရ သည်။ သင်္ကေတဗေဒ မိတ်ဆက် ဆောင်းပါးများရေးဖြစ်သည်။ ၂ဝဝ၉ ခုနှစ်တွင် ထိုဆောင်းပါးများကို စု စည်းပြီး စိတ်ကူးချိုချိုစာပေက သင်္ကေ တဗေဒနိဒါန်းအမည်ဖြင့် စာအုပ် ကလေးတစ်အုပ် ထုတ်ခဲ့ပါသည်။

၂ဝဝ၉ ခုနှစ်သည် ကျွန်တော့် အတွက် အမှတ်တရနှစ်တစ်နှစ်ဖြစ် ပါသည်။ ကျွန်တော် တက္ကသိုလ် ဆရာဖြစ်ကတည်းက ရေးသားခဲ့ သော သုတေသန ဆောင်းပါးများ နှင့် ဖတ်ကြားခဲ့သော သုတေသန စာတမ်းများကို စုစည်း၍ ပုဂံစာအုပ် တိုက်က ဘာသာအမြင်စာပေအမြင် ခေါင်းစဉ်ဖြင့် စာအုပ်ထုတ်ပေးသော ကြောင့်ဖြစ်သည်။ သုတေသနစာ တမ်းဖတ်ပွဲများတွင် ဘာသာဗေဒ အမြင်ဖြင့် လေ့လာသော စာတမ်း များ ဖတ်ဖြစ်ခဲ့ပါသည်။ တက္ကသိုလ် ပညာပဒေသာစာစောင်တွင်လည်း ဘာသာဗေဒအမြင်ဖြင့် လေ့လာ သော ဆောင်းပါးများ ရေးဖြစ်ခဲ့ပါ သည်။ စာပေဆိုင်ရာအကြောင်းအရာ များလည်း ရေးခဲ့သည့်အတွက် ထို စာအုပ်တွင် ထိုဆောင်းပါးများ၊ စာ တမ်းများကို စုစည်းလိုက်ခြင်းဖြစ်ပါ သည်။ ပုဂံစာအုပ်တိုက်မှ ဒေါ်ခိုင်ခိုင် ဦး (မခိုင်)က ထိုစာစုကို စာအုပ်အ ဖြစ် စနစ်တကျစီစဉ်ပြီး ခံ့ခံ့ညားညား ပုံနှိပ်ထုတ်ဝေသည့်အတွက် အမှတ် တရဖြစ်ရပါသည်။ နောက်ဆက်တွဲ ဝမ်းသာစရာကတော့ ထိုစာအုပ်မှာ ၂ဝဝ၉ ခုနှစ်အတွက် အမျိုးသားစာ ပေဆု (စာပဒေသာဆု) ချီးမြှင့်ခံရ ခြင်းဖြစ်ပါသည်။

မြန်မာစာပါရဂူတန်းကို ဘာ သာစကားအထူးပြုနှင့် စာပေအထူး ပြုဟု ခွဲလိုက်သည်ကစ၍ သင်တန်း သားများအတွက် ဖတ်စရာစာအုပ် စာတမ်းရရှိဖို့ကိစ္စကိုလည်း စဉ်းစား ရပါသည်။ အထူးသဖြင့် ဘာသာ အထူးပြုများအတွက် ဘာသာဗေဒ ဆိုင်ရာစာအုပ်များမှာ အင်္ဂလိပ်လို ရေးထားသောစာအုပ်များဖြစ်သည့် အတွက် သင်တန်းသားများ အခက် အခဲရှိပါသည်။ စာအုပ်ရှာဖို့ ခက်ခဲ ခြင်းမဟုတ်ပါ။ ဘယ်စာအုပ်မဆို အ လွယ်တကူ မိတ္တူကူးယူနိုင်သော ယခု ကာလတွင် စာအုပ်မရှားပါး။ အင် တာနက်ကိုလည်း အားကိုး၍ရပါ သည်။ ခက်နေသည်မှာ အင်္ဂလိပ်လို ရေးထားသည့်အတွက် ဖတ်ဖို့ခက်နေ ခြင်းဖြစ်သည်။ လူနည်းစု၏ ပြဿနာ မဟုတ်ပါ။ သင်တန်းသားအများစုမှာ အင်္ဂလိပ်စာအားနည်းသည့်အတွက် ‘ပေါက်’အောင် မဖတ်နိုင်ကြပါ။ အင်္ဂ လိပ်စာအရည်အသွေး တိုးတက်ဖို့ အတွက် တစ်ပွဲတိုးမဟုတ်ဘဲ တတ် အောင်သင်ယူလေ့လာဖို့ တိုက်တွန်း သော်လည်း မအောင်မြင်ပါ။

အင်္ဂ လိပ်စာဖြေရမည့် စာမေးပွဲမျိုးအတွက် တစ်ပွဲတိုး ကျူရှင်တက်ပြီး စာမေးပွဲ ပြီးတော့ ဘာမှဆက်မလေ့လာသဖြင့် အရာမထင်ဖြစ်နေရသည်။ သည် တော့ သင်တန်းသားတွေကို မြန်မာ လိုဖတ်နိုင်ဖို့ စာအုပ်များ ရေးသားပြု စုရေးကို စဉ်းစားရသည်။ ဒေါက်တာ အောင်မြင့်ဦးက လူမှုဘာသာဗေဒ သဘောတရား ခေါင်းစဉ်ဖြင့် စာအုပ် တစ်အုပ်ထပ်ရေးသည်။ ဘာသာဗေဒ သုတေသနစာတမ်းများ၊ ဆောင်း ပါးများလည်း ရေးသည်။ ကျွန်တော် ၏ အတ္ထဗေဒနိဒါန်းတွင် လက်တွေ့ အတ္ထဗေဒ (Pragmatics)) ကို အခန်းတစ်ခန်းထည့်ခဲ့ပါသည်။ အတ္ထ ဗေဒမှာ စကားလုံးများ၊ ဝါကျများ၏ အနက်အဓိပ္ပာယ်ကို အရှိအတိုင်း လေ့လာသော ပညာရပ်ဖြစ်၍ လက် တွေ့အတ္ထဗေဒမှာ ဘာသာ စကား ကို လူတို့အသုံးပြုရာတွင် ပေါ်ထွက် လာသော အနက်အဓိပ္ပာယ်ကို လေ့ လာသော ပညာရပ်ဖြစ်သည်ဟု ယေဘုယျအားဖြင့် ဆိုနိုင်ပါသည်။ အစောပိုင်း အတ္ထဗေဒကျမ်းများတွင် လက်တွေ့အတ္ထဗေဒကို ကဏ္ဍတစ်ခု အဖြစ် ထည့်လေ့ရှိသည်။ နောက် ပိုင်းတွင် လက်တွေ့အတ္ထဗေဒသည် သီးခြားပညာရပ်တစ်ခုဖြစ်လာသည်။ ကျွန်တော်သည် အတွေးအမြင်စာ စောင်တွင် လက်တွေ့အတ္ထဗေဒ နိ ဒါန်းဆောင်းပါးများ လစဉ်ရေးခဲ့ပါ သည်။ ရေးပြီးသောအခါ ဆရာမောင် ဝံသက ဒေါင်းစာပေ၏ စာအုပ်အဖြစ် ထုတ်ပေးသည်။ ကျောင်းသားများ အတွက် ဖတ်စရာတစ်အုပ်တိုးလာ ပါသည်။

ရန်ကုန်တက္ကသိုလ်မှာ ဘာသာ ဗေဒဌာန သီးခြားမဖွင့်နိုင်သေးသော် လည်း ရန်ကုန်နိုင်ငံခြားဘာသာတက္က သိုလ်မှာ ဘာသာဗေဒဌာနဖွင့်နိုင်ခဲ့ ပါသည်။ ဦးထွန်းမြင့် (တက္ကသိုလ် မင်းမော်)၏ ကြိုးပမ်းမှုဖြစ်သည်။ မြန်မာစာဌာနများ၊ အင်္ဂလိပ်စာဌာန များမှ ဘာသာဗေဒစိတ်ဝင်စားသူ များ ဘာသာဗေဒဌာနသို့ ပြောင်းရွှေ့ တာဝန်ထမ်းဆောင်ကြသည်။ ဘာ သာဗေဒဌာန၏ သင်ကြားရေးအဖွဲ့ (Board of Studies) တွင် မြန်မာ စာဌာနမှ ဆရာကြီးဦးရွှေသွင်၊ အင်္ဂ လိပ်စာဌာနမှ ဆရာကြီး ဦးသီဟတို့ ဦးဆောင်၍ ကျွန်တော်အပါအဝင် အငြိမ်းစားဆရာ ဆရာမအချို့ကို အဖွဲ့ဝင်အဖြစ် ထည့်သွင်းထားသည့် အတွက် ဘာသာဗေဒသင်ကြားရေး နှင့်ပတ်သက်၍ လိုအပ်သလို အကြံ ပေးဆွေးနွေးရပါသည်။

မောင်ခင်မင် (ဓနုဖြူ)


LEAVE A REPLY

Please enter your comment!
Please enter your name here