ကလေးတွေကို ကျွမ်းဘားသင်ပေးနေတဲ့ ထားထက်ထက်

0
174

htarhtet1

အလှမယ်တစ်ဦးလည်း ဖြစ်သလိုသရုပ်ဆောင်လောကကိုလည်း ဝင်ရောက်လာပြီဖြစ်တဲ့ထားထက်ထက်က သူ့အနေနဲ့ ဇာတ်ကားတစ် ကားရိုက်ကူးမယ့်အခါတိုင်း သရုပ်ဆောင်ရမယ့် ဇာတ်ရုပ် နဲ့  ပတ်သက်ပြီး ကိုယ်တိုင်လက်တွေ့ လေ့လာတယ်လို့ ပြောပါတယ်။

” အခုရိုက်ကူးမယ့် အယူတော်မင်္ဂလာ ဇာတ်ကားမှာဆိုရင် ညီမက ဗေဒင်ဆရာမတစ်ဦးအနေနဲ့ သရုပ်ဆောင်ရမှာပါ။ အဲ့ဒီအတွက်လည်း တကယ့် ဗေဒင်ဆရာမတွေရဲ့ အပြု အမူပုံစံအပြောအဆိုကအစ သေချာလေ့လာတယ်။ အဲ့ဒီလိုပဲ တခြားဇာတ်ရုပ်တွေကို လည်း ကိုယ့်ကိုလာအပ်တဲ့ဇာတ်ရုပ်ကိုအပြင်မှာ ရှိတဲ့ တကယ့် ဇာတ်ကောင်တွေကို လေ့လာပါတယ်” လို့ ထားထက်ထက်က ပြောပါတယ်။

အလှမယ်၊ အားကစား သမားကျွမ်းဘားမယ်၊ သရုပ်ဆောင်စတဲ့ ဂုဏ်ပုဒ် တွေနဲ့ရှိ နေတဲ့ ထားထက်ထက် အနေနဲ့ဘယ်နယ်ပယ်ကသူ့ အတွက် ရင်အခုန်ရဆုံး ဖြစ်မလဲဆိုတဲ့ အမေးကိုတော့ ထားထက်ထက်က …” ညီမ အခု လုပ်နေတဲ့ အလုပ်သုံးခုလုံးက တော့ ညီမစိတ်ဝင်စားလို့ လုပ်ခဲ့တဲ့ အရာဖြစ်တဲ့အတွက် အားလုံးအပေါ်မှာ ရင်ခုန်ပါတယ် ကျေနပ်ပါတယ်။ သရုပ်ဆောင်ဆိုရင်လည်းရှုတင်မှာ ဘယ်လောက် ပင်ပန်းပင်ပန်းပျော်နေတာပဲ။ ကျွမ်းဘားဆိုရင်လည်း ကလေးတွေကို ပြန်သင်ပေး နေရတဲ့အတွက် ပျော်ရွှင် ရတယ်။ ပရဟိတလုပ်ငန်းတွေ မှာ ဆိုရင်လည်း အကူအညီလိုတဲ့သူ တွေကို အကူအညီပေးရ တဲ့အတွက် ပျော်ရွှင်ရတယ်။ Miss တစ်ယောက် အနေနဲ့ဖြစ်လာတဲ့အတွက် စံပြအနေနဲ့ဖြစ်အောင် တော့ ညီမအမြဲထိန်း သိမ်းနေထိုင်ပါတယ်” လို့ ထားထက်ထက်က ပြော ပါတယ်။ ထားထက်ထက်က လတ်တလောမှာတော့ ဇာတ်ကားရိုက်ကူးမှုတွေ လက်ခံထားပြီးကျိုက္ကဆံရှိကျွမ်းဘားအားကစားရုံမှာလည်း ကလေးများအတွက် ကျွမ်းဘားသင်တန်းသင် ပေးနေတယ်လို့လည်းသိရပါတယ်။ ” စနေ၊ တနင်္ဂနွေတိုင်းကို ကျွမ်းဘားရုံမှာသင်တန်းပြဖြစ်တယ်။ ၃ နှစ်အထက်ကနေ ဆယ်ကျော် သက်အရွယ်ထိကို အတန်းလိုက်ခွဲပြီးသင်ပေးပါတယ်။ အဖွဲ့ချုပ်က ပဲစီစဉ်တာပါ” လို့  ထားထက်ထက်က ပြောပြပါတယ်။

ရဲရဲ
ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here