စေတနာ အကျိုးပေးကိုယုံကြည်တဲ့ မိတ်ကပ်ပညာရှင် မထက် (Pop-Soul)

0
204

ဖက်ရှင်တွေ တစ်မျိုးပြီးတစ်မျိုး အ ပြောင်းအလဲဖြစ်အောင် ဝတ်တယ်။ အမြဲတမ်း Fresh ဖြစ်အောင်နေတယ်။ မိမိရှင်သန်ရာ Professional အလုပ်ကို တန်ဖိုးထားပြီး အပတ်တကုပ်လေ့ လာတယ်။ ဒါကြောင့်လည်း မထက်(Pop-Soul) ဆိုတဲ့ မိတ်ကပ်Artistတစ်ယောက်အနေနဲ့ အနုပညာလောကမှာ နာမည်တစ်လုံးနဲ့ ရပ်တည်နေနိုင်လာတာပါ။ မထက်နဲ့တွေ့တိုင်း သူ့ရဲ့အချစ် ရေးတို့၊ အတွင်းရေးတို့ အကြောင်းတွေပဲ မေးဖြစ်နေလေတော့ အခုတစ်ခါတွေ့တဲ့အချိန်မှာ မထက် ဖွင့်မယ့် မိတ်ကပ်သင်တန်းအကြောင်း မေးဖြစ်ခဲ့ပါတယ်။

“အစ်မ ဒီနှစ်သင်တန်းကို ၅လ ပိုင်း ၁၅ရက်နေ့မှာဖွင့်မယ်။ အစ်မရဲ့ မိတ်ကပ်သင်တန်းက တစ်နှစ်မှာ တစ်ကြိမ်ပဲဖွင့်တယ်။ ပုံမှန် ၅လပိုင်း လောက်ဖွင့်တာပေါ့နော်။ ၂လ ကြာတဲ့သင်တန်း။ အစ်မလေ့လာထားသမျှ အစ်မလက်ရှိပြင် တဲ့ပုံစံမျိုးတွေ အကုန်လုံးကို အားလုံးထပ်ပြီးတော့ အသစ် အသစ်တွေသင်သွားဖို့ ကြိုးစားထားပါတယ်။ ဒီနှစ်ကိုလေ” လို့ မထက်က ပြောပါတယ်။ သင်တန်းဖွင့်လာတာ နှစ်စဉ် နှစ်တိုင်း ဆိုတော့ အခုဆို တပည့်တွေ ၃ဝဝ ကျော်၊ ၄ဝဝ လောက်ရှိပြီ လို့ပြောတဲ့ မထက်ကို တပည့်တွေနဲ့ ဆရာမရဲ့ကြားထဲကRelationsအကြောင်းမေးဖြစ်တဲ့အခါ “အရှင်း ဆုံးပြောရရင် ဓာတ်ပုံတစ်ပုံတင်ရင်တောင် ကိုယ့်တပည့် တွေ အများစုက Like လုပ်ကြ၊ ချစ်ကြပေးတယ်။ အဲဒီ အတွက်ကြောင့် အစ်မအမြဲတမ်းပြောတယ်။ ကိုယ့်ကို ဘယ်သူမှ မချစ်ရင်တောင် ကိုယ့်တပည့်တွေ ကိုယ့် ကိုချစ်ကြတယ်ဆိုပြီး ပီတိဖြစ်ရတယ်” လို့ သူမက ပြောပါတယ်။ မထက်ကိုယ်တိုင်လည်း ကျင့်သုံးနေ တဲ့၊ ဖတ်ရှုရသူတွေလည်း အကျိုးရှိစေမယ့် စကား လက် ဆောင်ဆို မထက်ဘာပြောချင်မလဲလို့ ဆိုတော့…

“အစ်မတို့ အလုပ်တစ်ခုလုပ်ပြီ ဆိုလို့ရှိရင် စေတနာထားပါ။ ရည်ရွယ်ချက်တစ်ခုခုနဲ့ အကောင်းဆုံး အကောင်အထည်ဖော်ပါ။ အဲဒါ တွေဟာ ရက်တွေ၊ လတွေ၊ နှစ်တွေ ကြာလာလို့ရှိရင် အစ်မတို့အပေါ်မှာ တန်ပြန်တဲ့သက်ရောက်မှုတွေ ရှိပြီးတော့ နေရာတစ်နေရာရလာပါလိမ့်မယ်။ အစ်မ အမြဲတမ်း တွေးထားတာတစ်ခုရှိတယ်။ စေတနာရောင် ပြန်ဟပ်တယ်။ စေတနာအကျိုးပေးတယ် ဆိုတာ တကယ် ကိုမှန်ကန်တဲ့ စကားပါ။ အစ်မကတော့ စေတနာအကျိုး ပေးကို ယုံကြည်ပါ တယ်” လို့ မထက်ကပြောပြခဲ့ပါတယ်။

မျိုးမောင်

ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here