မှူးမြတ်ယသော်လို့ နာမည်ပေးလိုက်တဲ့ အဆိုတော်ကော်ဘရာနဲ့ ခင်မဉ္ဇူခိုင်တို့ရဲ့ သမီးငယ်လေး

0
171

အဆိုတော် ကော်ပရာနဲ့ သရုပ် ဆောင် ခင်မဉ္ဇူခိုင်တို့ရဲ့ သမီးအငယ် လေး နာမည်ပေးကင်ပွန်းတပ်မင်္ဂလာ ကို မေလ ၁ ရက်နေ့က ကော်ဘရာတို့ နေအိမ်မှာပြုလုပ်ခဲ့ပါတယ်။ လက်ရှိ မှာ အသက်ငါးလဝန်းကျင်ထဲရောက် ရှိနေပြီဖြစ်တဲ့ သမီးအငယ်လေးကို တော့ မှူးမြတ်ယသော်လို့နာမည်ပေး ထားတယ်လို့သိရပါတယ်။ သမီးငယ် ကို ထိန်းကျောင်းရင်း တွေ့မြင်ရတဲ့ သမီးနှစ်ယောက်ရဲ့ ညီအစ်မဆက် ဆံရေး အကြောင်းကိုလည်း မေမေ ခင်မဉ္ဇူခိုင်က …

”အိမ်ခေါ်နာမည်ကတော့ သမီးအကြီးက ခါရာ၊ အငယ်လေး က နိုရာပါ။ ကျောင်းနာမည်ကတော့ သမီးကြီးမှူးမြတ်သခင်၊ သမီးငယ် မှူးမြတ်ယသော်လို့ နာမည်ပေး ထားပါတယ်။ အခု အငယ်လေးက တအားဂျီကျတယ်။ တအားဂျစ်တိုက် တဲ့ အရွယ်တော့ ရောက်နေပြီပေါ့။ သူကလည်း တအား အေးတဲ့အထဲမှာ တော့ မပါပါဘူး။ အိပ်ချင်တဲ့ အချိန် ဆိုရင်အော်ပြီးတော့ ရစ်နေရော။ သမီးကြီးတုန်းကဆိုရင် တအားလိမ္မာ တယ်။ အမေကို တအားကပ်တယ် ဆိုပေမယ့် တစ်ခါတလေမှရစ်တယ်။ သမီးကြီးက သူ့ညီမလေးကိုလည်း ချစ်ပါတယ်။ လိုတာလေးတွေလည်း ဝိုင်းလုပ်ပေးတယ်။ သမီးငယ်က လည်း တခြားလူကိုင်တာသာ မခံတာ သူ့အစ်မဆိုရင် အဆင်ပြေတယ်။ ပြုံးပြတယ်”လို့ ပြောပြပါတယ်။

ဆက်လက်ပြီး ကော်ဘရာနဲ့ ခင် မဉ္ဇူခိုင်တို့ ဇနီးမောင်နှံနှစ်ဦးစလုံးက အနုပညာရှင်များဖြစ်တာကြောင့် သမီးတွေကရော အနုပညာဝါသနာ ပါသလားဆိုတာကိုမေးမြန်တော့ ..

”သမီးအကြီးကတော့ အနု ပညာကို တအားဝါသနာပါတယ်ဆို တာမျိုးကို သိပ်ပြီးမတွေ့ရဘူး။ သူ ဘာသာသူ အေးအေးဆေးဆေးနေ တယ်။ အနေအေးတယ်ပေါ့။ သီ ချင်းဆိုရတာ ကြိုက်တာကိုတော့ သတိထားမိတယ်။ တစ်ခါတလေဆို ရင် သီချင်းဆိုပြီးကပြတယ်။ ကလေး က တစ်ယောက်တည်း နေရတာများ တော့ အဖော်မင်တယ်။ သူ့အသံ ကောင်းလားမကောင်းလားတော့ အစ်မလည်း မပြောတတ်ဘူး။ ဒါပေ မဲ့ ဓာတ်ပုံရိုက်ရတာကိုတော့သူက မကြိုက်ဘူး။ သမီးအငယ်က အခု ငါးလခွဲပဲရှိသေးတာဆိုတော့ သူဘာ ကြိုက်တယ်။ မကြိုက်ဖူးဆိုတာကို သိပ်ပြီး မသိသေးဘူး”လို့ ခင်မဉ္ဇူ ခိုင်က ပြောပြပါတယ်။

မြတ်မိုးပွင့်


LEAVE A REPLY

Please enter your comment!
Please enter your name here