အမှိုက်ပုံမီးလောင်ကျွမ်းမှုအား ပက်ဖျန်းငြိမ်းသတ်နိုင်ရန် ကမ္ဘောဇအနာဂတ်အလင်းတန်း မြန်မာဖောင်ဒေးရှင်းနှင့် ညီနောင်မိတ်ဖက်ကုမ္ပဏီများမှပူးပေါင်းကာ Bio foam ဆေးရည်လှူဒါန်း

0
174

ရန်ကုန်တိုင်းဒေသကြီး လှိုင် သာယာမြို့နယ်ရှိ ထိန်ပင်အမှိုက်ပုံ မီးလောင်ကျွမ်းမှုအား ငြိမ်းသတ်ရန် ပြည်ပမှ မှာယူထားရှိသည့် Bio foam ဆေးရည်အား ဝယ်ယူခြင်းအတွက် ကမ္ဘောဇအနာဂတ်အလင်းတန်း မြန်မာဖောင်ဒေးရှင်းနှင့် ညီနောင်မိတ် ဖက်ကုမ္ပဏီများမှပူးပေါင်း၍ ဧပြီလ ၂၆ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ သွားရောက်လှူဒါန်းခဲ့ ကြပါသည်။ ၄င်း Bio Foam ဆေး ရည်ဖြင့် ဧပြီလ ၂၇ ရက်နေ့ နံနက် ခင်းပိုင်းမှစတင်၍ မီးငြိမ်းသတ်လျှက် ရှိကြောင်း သိရသည်။

ထိုအမှိုက်ပုံမီးလောင် ကျွမ်းမှု၏ အကျိုးဆက်ဖြစ်သည့် လေထုညစ် ညမ်းမှုကြောင့် ရန်ကုန်မြို့နှင့် အနီး တစ်ဝိုက်တွင် နေထိုင်ကြသော ပြည် သူများ၏ ကျန်းမာရေး ထိခိုက်မှုမရှိ စေရေးနှင့် အမြန်ဆုံး အပြီးသတ်မီးငြိမ်းသတ်နိုင်ရေးအတွက် အရေးပေါ် လိုအပ်နေသည့် Class A အမျိုး အစား Bio Foam မီးသတ်ဆေးရည် ဂါလံ ၅ဝဝဝ ဝယ်ယူနိုင်ရန် ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ကမ္ဘောဇ အနာဂတ်အလင်းတန်း မြန်မာ ဖောင်ဒေးရှင်းနှင့် ညီနောင်မိတ်ဖက် ကုမ္ပဏီတို့မှ အချိန်နှင့်တစ်ပြေးညီ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါ သည်။

Bio Foam ဆေးရည်ဖြင့် ငြိမ်း သတ်ခြင်းသည် မြန်ဆန်ပြီး ထိ ရောက်မှုပိုရှိခြင်း၊ မီးခိုးအဆမတန် ထွက်ရှိမှုကို ထိန်းချုပ်နိုင်ခြင်း၊ အပူ ရှိန်မြင့်မားမှုကြောင့် မီးငြိမ်းသတ်ပြီး နောက်တွင် ပြန်လည်လောင်ကျွမ်း စေမှု မရှိစေခြင်းတို့ကြောင့် ၄င်း Bio Foam ဆေးရည်များအား တာဝန်ရှိ သူများမှ ပြည်ပမှဝယ်ယူရာတွင် လို အပ်သည့် ကုန်ကျငွေကျပ်သိန်းပေါင်း ၃၄ဝဝ အား ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဒေါ်နန်းလိုင်းခမ်းနှင့် ဒုဥက္ကဋ္ဌဒေါ်နန်း ခမ်းနောင့်တို့၏ ညွန်ကြားမှုဖြင့် ကမ္ဘောဇအနာဂတ်အလင်းတန်း မြန် မာဖောင်ဒေးရှင်းနှင့် ညီနောင်မိတ် ဖက်ကုမ္ပဏီများပူးပေါင်း၍ ချက်ချင်း သွားရောက်လှူဒါန်းခဲ့ခြင်း ဖြစ်ပါ သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here