ပုံမှန်မြန်မာရုပ်ရှင် ဇာတ်ကားတစ်ကားရိုက်ကူးမှုကုန်ကျငွေရဲ့ ၂ ဆ အကုန်ကျခံ ရိုက်ကူးထားတဲ့ ‘ဒုဋ္ဌဝတီကိုလွန်၍’ ရုပ်ရှင်ဇာတ်ကား ရုံတင်ပြီ

0
238

Adventure Action Type ပုံစံ ရိုက်ကူးထားတဲ့ ‘ဒုဋ္ဌဝတီကိုလွန်၍’ ရုပ်ရှင်ဇာတ်ကား။ သာမန်ချစ်၊ ကြိုက်၊ ကွဲ၊ ညား ပုံစံတွေနဲ့ ကွဲထွက် နေတာကလည်း ပရိသတ်ကို စိတ်ဝင် စားမှုတွေ ပေးစွမ်းနိုင်ခဲ့ပါတယ်။ မင်းသားက နိုင်းနိုင်းဆိုတော့ ပြော ဖွယ်ရာမရှိ။ ဘော်ဒီလည်း တောင့် တယ်။ အက်ရှင်လည်း ပိုင်နိုင်တယ်။ မင်းသမီးကိုတော့ အဆိုတော် အမွန်း ကို ထည့်သွင်းထားပါတယ်။ သူမရဲ့ သွက်လက်တဲ့ အမူအရာနဲ့ ပထမဆုံး အတွေ့အကြုံမှာ ကြောင်မနေဘဲ သရုပ်ဆောင်သွားနိုင်တာ သူမရဲ့ Talent ပေါ့။ ပြီးတော့ အမွန်းက အင်္ဂလိပ်လို ပြောတတ်လိုက်တာမှ လည်း မွှတ်ထွတ်လို့။ နောက်ပြီး ဗီလိန်တွေနေရာမှာ နိုင်းနိုင်းနဲ့ အပြိုင်ဖိုက်ဖို့ ရွေးချယ်ထားတာက နော်အောင်ဆိုတဲ့ သရုပ်ဆောင် အသစ်။ သူက သြစတြေးလျနိုင်ငံမှာ နေထိုင်တယ်။ ဘောလုံးသမားတစ် ယောက်လည်းဖြစ်တယ်။ သူ့ကတော့ ဒုတိယဒါရိုက်တာလည်းလုပ်၊ ဇာတ် လမ်း၊ ဇာတ်ညွှန်းလည်း ကိုယ်တိုင် ရေးထားတဲ့ ဟစ်ဟော့ပ် အဆိုတော် ရဲနောင်။ ဒါရိုက်တာ အာကာရဲ့ ညီပေါ့လေ။ တခြား ပြောစရာတွေ လည်း အများကြီးပါ။ ထားပါတော့ လေ။ မေလ ၄ ရက်နေ့ကနေ စတင် ရုံတင်ပြသနေပြီဖြစ်တဲ့ ‘ဒုဋ္ဌဝတီကို လွန်၍’ ရုပ်ရှင်ဇာတ်ကားကြီးရဲ့ ကုန် ကျစရိတ်နဲ့ပတ်သက်ပြီး ဒါရိုက်တာ အာကာ …

”ကုန်ကျစရိတ်က အခုပြောရ ခက်သေးပါတယ်။ ဘာဖြစ်လို့လဲဆို တော့ ကျွန်တော်တို့အခု Distribution အဆင့်မှာပဲရှိသေးတယ်။ စာရင်း ပိတ်လို့မရသေးဘူးဖြစ်နေတယ်။ ဒါ ပေမဲ့ ကုန်ကျစရိတ်ကတော့ ပုံမှန် မြန်မာရုပ်ရှင်ဇာတ်ကားတွေရဲ့ ကုန် ကျစရိတ် ၂ ဆလောက်တော့ ရှိတယ် ခင်ဗျ”လို့ ပြောပါတယ်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here