မြန်မာ့ဂုဏ်ဆောင်နိုင်အောင် ကြိုးစားယှဉ်ပြိုင်မယ်ဆိုတဲ့ Miss Culture World Charity Myanmar တိမ်လွှာမြင့်မိုရ်

0
161

Miss Culture World Charity Myanmar တိမ်လွှာမြင့်မိုရ် က ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့မှာ ကျင်းပပြုလုပ်မယ့် Miss Culture World Charity 2018 ပြိုင်ပွဲကြီးကို မြန်မာနိုင်ငံ ကိုယ်စားပြုအလှမယ် အဖြစ် သွားရောက်ယှဉ်ပြိုင်မှာဖြစ်ပါ တယ်။ ဒီပြိုင်ပွဲကို ၇ လပိုင်းမှာ သွား ရောက်ယှဉ်ပြိုင်ရတော့မှာဖြစ်ပြီး ပြိုင်ပွဲအတွက် လေ့လာထားရှိမှုများ ကို တိမ်လွှာမြင့်မိုရ်က …

”ညီမဝင်ရောက်ယှဉ်ပြိုင်တာ က Miss Culture world ဆိုတော့ ကိုယ်ရဲ့ မြန်မာနိုင်ငံမှာရှိတဲ့ယဉ်ကျေး မှုတွေနဲ့ပတ်သက်တာတွေနဲ့ ထုံး တမ်းစဉ်လာတွေ ကို အင်တာနေရှင်နယ်မှာ ချပြဖို့အတွက် ညီမအကောင်း ဆုံးကြိုးစား သွားပါ့မယ်။ နောက်တစ်ခုက အင်တာနေရှင်နယ်ဆိုတော့ အင်္ဂလိပ် ဘာသာစကားကလည်း တတ်ကျွမ်းဖို့လိုမယ်။ နောက်ပြီး ကတ်ဝေါ့ပိုင်းနဲ့ အသားအရည်ပိုင်း။ နောက်ပြီးတော့ ညီမလေ့လာတာက မြန်မာနိုင်ငံက အကြောင်းအရာလေး တွေကို အဖက်ဖက်ကနေချပြနိုင်ရ အောင် ညီမ အကောင်းဆုံးကြိုးစားသွားမှာပါ”လို့ ပြောပြပါတယ်။ ဒီပြိုင် ပွဲအတွက် မျှော်လင့်ချက်ကြီးကြီးမား မားရှိနေသလို မြန်မာနိုင်ငံရဲ့ ဂုဏ်ကို လည်း ဆောင်နိုင်မယ့်သူလို့လည်း ကိုယ့် ကိုယ်ထင်မိကြောင်းကို

”ဒါညီမရဲ့ ပထမဆုံးပြိုင်ပွဲမှာ ပထမဦးဆုံး Winner ရခဲ့တာ။အခု ပြည်ပပြိုင်ပွဲမှာလည်း ညီမလေး အကောင်းဆုံးအရာတွေကို မျှော်လင့်ထားပါတယ်။ အဲဒီအတွက်လည်း ကြိုးစားနေပါတယ်။ ဒါပေမဲ့ ညီမက ပြိုင်ပွဲမှာ ဆုရရမယ်ဆိုတဲ့ စိတ်နဲ့ ပြိုင်တာတော့ မရှိဘူး။အဓိကကတော့ ကိုယ်လုပ်ရရင် ကိုယ်အကောင်းဆုံး လုပ်ရမယ်ဆိုတဲ့ စိတ်ပဲထားတယ်။ ငါလုပ်ရင် ဖြစ်ရမယ်ဆိုတဲ့စိတ်ထားတယ်။ အဲဒီ အတွက် လည်း ကြိုးစားတယ်။ ကြိုးစားရင်တော့ ကြိုးစား တဲ့သူအတွက်နေရာတစ်ခုရမယ်လို့ ယုံကြည် တယ်။ အခုညီမသွားရောက်ယှဉ်ပြိုင်မယ့်ပွဲအ တွက်ကိုယ့်ကိုယ်ကိုယ် ဆိုတာထက် မြန်မာနိုင်ငံ အတွက်ဆိုပြီး အားသွန်ခွန်စိုက် ကြိုးစား သွားမှာပါ။ မြန်မာနိုင်ငံရဲ့ ဂုဏ်ကိုဆောင် နိုင်မယ့်လို့ထင်ပါတယ်”လို့ အလှမယ် တိမ် လွှာမြင့်မိုရ်ကပြောပြခဲ့ပါတယ်။

ဇင်မာနွယ်၊

ဓာတ်ပုံ-ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here