သတ္တိတောင်ပံများ

0
232

“ရောက်တဲ့နေရာမှ စပါ
သင့်ရှိတာကို ဖော်ထုတ်ပါ
အဲဒီမှ တစ်ဆင့် တစ်ခုခုကို
ဖြစ်အောင်လုပ်ပါ”
ဆိုသည့် ပညာရှင် ”ဂျော့ဝါရှင် တန်”ရဲ့ အဆိုစကားအရ ရရှိလာ သော လူ့ဘဝတွင် ရောက်သည့်နေရာ မှ စတင်ရပေမည်။ အလုပ်တစ်ခုမှာ အရေးကြီးဆုံးအပိုင်းက အစဖြစ် သည်။ အစတစ်ခုကို စလိုက်မိသည် နှင့် အခက်ကို ကျော်ခဲ့ပြီမို့ အလွယ် ပိုင်းကို ရောက်ရှိလာပါပြီ။ ပင်လယ် ကို ဖြတ်လျှင် လှိုင်းနှင့်ရင်ဆိုင်ရသလို လူတွေနှင့် နေရသော လောကမို့ ပတ်ဝန်းကျင်ကိုတော့ ရင်ဆိုင်ရပေ မည်။ လူဆိုသည်မှာ ပင်လယ်ထဲတွင် သီးသန့်နေထိုင်သော ကျွန်းတစ်ကျွန်း မဟုတ်၍ ဝဲနှင့်ဂယက်တွေ ဝိုင်းဝိုင်း လည်နေသည့် ဝန်းကျင်နှင့် စီးချင်း ထိုးရပေမည်။

ဤနေရာတွင် ”လှိုင်းကြောက် လျှင် လှေသမားမလုပ်နဲ့”ဆိုသော မြို့တော်မောင်ယဉ်အောင်၏ စကား သည် အဖိုးတန်ပေစွ။ ဝန်းကျင် ဂ ယက် ဘယ်လိုပင်ရိုက်ခတ်ပါစေ ”စွန်ဆိုသည်မှာ စုန်လေတွင် မတက်၊ လေကို ဆန်ရင်းသာ အမြင့်ကို တက် စမြဲဖြစ်သည်”ဟု ဝင်စတန်ချာချီပြော သလို ”လူ့ဝန်းကျင်ကို စွန်သဖွယ် လည်း ရင်ဆိုင်မှ အနိုင်ရပေမည်။”

”စွန့်လွှတ်မှုဖြင့် အများအတွက် စွန်လွှတ်သလို ကိုယ့်စွန်လေးအထက် ကို တက်နေတာမြင်လျှင် ပီတိနဲ့ကြည် နူးနေရမည်”ဟု ဓမ္မဘေရီအရှင်ဝီရိယ က ဆုံးမထားပြန်ပါသည်။ လေဆန် တွင် ပျံတက်သွားသော မိမိစွန်လေး ကို ကြည့်ရှုရင်း လူ့လောက အနိမ့် အမြင့်ကို ရုန်းကန်ရပေမည်။

အရှိန်အဟုန် ပြင်းပြင်းနှင့် ပစ် ခွင်းလိုလျှင် …လေးညှို့ကို ပြင်း ပြင်းဆွဲရသလို ရေတံခွန်ရဲ့ စီးဆင်းမှု အရှိန်မျိုးဖြင့်လည်း လောကကို အန် တုရင်း ရင်ဆိုင်ရပေမည်။ ထိုသို့ရင် ဆိုင်ဖို့အတွက် သတ္တိများ လိုအပ် သည်။ ‘သတ္တိ’ဆိုသည်မှာ …ကိုယ့် ဒူးကိုယ်ချွန်သလို ကိုယ့်ဆူးကိုယ်ချွန် ရသော စွမ်းအင်တစ်မျိုးဖြစ်သည်။ တစ်နည်းအားဖြင့် ‘သတ္တိ’ဆိုသည်မှာ သူရဲကောင်းတို့၏ အရည်အချင်းဖြစ် သည်။ ထိုသတ္တိအကြောင်းကို မဟာ ဆွေက

” ၁။ သတ္တိရှိသော ခေါင်းဆောင်

၂။ ဗျတ္တိရှိသော ခေါင်းဆောင်

၃။ မျိုးရိုးရှိသော ခေါင်းဆောင်

၎။ နောက်လိုက်ရှိသော ခေါင်း ဆောင်

၅။ လူထုနှင့် ပေါင်းစည်းမှုအခွင့် အရေး ရယူနိုင်သော ခေါင်းဆောင်” ဟု ခေါင်းဆောင်အင်္ဂါရပ် ၅ မျိုးကို ဖော်ထုတ်ထားသည်။ မည်သို့ပင်ဖြစ် စေ လူ့လောကကို သတ္တိဖြင့် ရင်ဆိုင် ရမည်။ ”ကြောက်တတ်လျှင် နှစ်ခါ သေသည်”ဟု ပြောကြ၍ ကိုယ့်ကိုယ် ကိုယ်ယုံကြည်မှုရှိမှ အန္တရာယ်ဘေးမှ လွတ်မြောက်နိုင်ပေမည်။”ကိုယ့်ကိုယ် ကိုယ်ယုံကြည်တာ သူရဲကောင်း” ဟု အမေရိကန်သမ္မတ လင်ကွန်း၏ အ ဆိုအရ ယုံကြည်မှုခွန်အားဖြင့် သတ္တိများ ထားရှိဖို့လိုသည်။ ”ကိုယ့် ဘဝ၏ ပဲ့ကိုင်ရှင်သည် ကိုယ်သာပင် ဖြစ်သည်။” မလျှော့သော ဇွဲလုံ့လဖြင့် မဖြစ်ဖြစ်အောင် ကြိုးစားကြရမည်။ ထိုကြိုးစားမှုအတွက် အင်အားဖြစ် စေသော စကားစုလေး တစ်ခုက –

”လူတွေဟာ …တစ်ခါတစ်ခါ တော့လည်း သူတို့ကံကြမ္မာရဲ့ အရှင် သခင်တွေ ဖြစ်ကြပါတယ် …”တဲ့

”Men at Sometime are masters of their fates ” လူတိုင်း လူတိုင်း ကိုယ့်ကံကြမ္မာရဲ့ အရှင် သခင်တွေဖြစ်အောင် ရင်ဆိုင်ရင်း ကိုယ်က ကောင်းသော်လည်း ဝန်း ကျင်မကောင်း၍ ကိုယ့်ခေါင်းရွေ့စရာ မလိုပေ။

ပတ်ဝန်းကျင် ပါးစပ်များက ကိုယ့်ကို ဝေဖန်ပြောဆိုပုတ်ခတ်လာ လျှင်လည်း ခွင့်လွှတ်မှုဖြင့် အနိုင်ယူ ပြီး ကိုယ့်ခရီးကို ဆက်ရမည်။ ”ပါ ရှင်း”လူမျိုးတို့တွင် သူတစ်ပါးကို ပြစ် တင်ပြောဆိုသူများအတွက် သတိ ပေးထားချက် တစ်ခုရှိသည်။ ”သူ တစ်ပါးထံသို့ လက်ညှိုးငေါက်ငေါက် ထိုးပြောလျှင် အခြားလက် ၄ ချောင်း သည်လည်း မိမိထံသို့ လာသည်ကို သတိပြု”တဲ့။ သို့အတွက် ပတ်ဝန်း ကျင်က ကိုယ့်ကို ဝေဖန်ခဲ့လျှင်လည်း ကိုယ်က ဘယ်သူ့ကိုမှ ပြန်လည်မဝေ ဖန်ဘဲ မိမိကိုယ် မိမိ ပြန်လည်ဝေဖန် ၍ အမှန်ရှာရမည်။

လူ့လောကဆိုတာ …ကြည့် မြင်သလိုပဲ မြင်တတ်ကြပါသည်။ ကိုယ်က အကောင်းဘက်က ကြည့် ခဲ့လျှင် မိမိတွေ့မြင်ရသော ပတ်ဝန်း ကျင်သည်လည်း၊ အကောင်းပင်ဖြစ် နေသည်ကို တွေ့ရသည်။ မိမိဘက်မှ အဆိုးအမြင်ဖြင့် ကြည့်ခဲ့လျှင်လည်း ပတ်ဝန်းကျင်ဘက်မှလည်း အဆိုးပြန် မြင်ပေမည်။ ပင်လယ်ပေါ်မှာ တိမ် အရောင်ဟပ်သကဲ့သို့ ကိုယ်ကြည့်ရှု သော ပစ်မှတ်အတိုင်း ရောင်ပြန် ဟပ်တတ်ကြသည်မှာ လူ့သဘော သဘာဝတစ်ခုဖြစ်သည်။

လောကဝန်းကျင် မုန်တိုင်းဆင် ပေမယ့် ထိုးစစ်ဆင်နွှဲကြရမှ မိမိသူ တစ်ပါး၊ လူနှင့် လူ့လောက၏ တာ ဝန်ကျေပေမည်။ ”လူတစ်ယောက် ၏ တန်ဖိုးကို သူဖြတ်သန်းခဲ့ရသော ခေတ်ကြီးက သူ့ပခုံးပေါ် တင်ပေး လိုက်သည့် သမိုင်းတာဝန်ကို ဘယ် အထိ သယ်ပိုးထမ်းဆောင်ခဲ့သလဲ ဆို သည့် အချက်နဲ့ တိုင်းတာရမှာပဲ” ဟူ သည့်စကားကို ဗန်မော်တင်အောင် (၁၉၂ဝ-၇၈)က မကွယ်လွန်မီ ပြော ကြားခဲ့သော စကားက အတုယူမှတ် သားစရာပါ။

”လူကို လောကက နိုင်တယ်၊ လောကကို သူတော်ကောင်းတရား က နိုင်တယ်”ဟူသော စကားအတိုင်း ခန္တီနှလုံး လက်ကိုင်သုံး၍ သူတော် ကောင်းတရားဖြင့် ရင်ဆိုင်လျှင်လည်း လောကကို အနိုင်ယူ၍ ရပါသည်။

”While there is Life, there is hope. ”

”ဘဝရှိလျှင် မျှော်လင့်ချက်ရှိ သည်မို့ မျှော်လင့်ချက်ရှိနေသရွေ့ လည်း ဘဝရှိရမည်ဖြစ်သည်။”

ကန္တာရ ခယောင်းလမ်းကြမ်းကို ရင်ဆိုင်ရင်း ခရီးသွားနေရသော လူ့ ဘဝသည် ပုထုဇဉ်များပီပီ ကိုယ့်ကိုယ် တိုက်ခိုက်လျှင် ပြန်၍တိုက်ခိုက်ချင် သော အာဃာတ၊ အတ္တ၊ မာနစသည့် ဝန်ထုပ်ဝန်ပိုးများ ရှိတတ်ကြပေ သည်။ မနေ့က ဝန်ထုပ်ဝန်ပိုးကို မနက်ဖြန် ဝန်ထုပ်ဝန်ပိုးနှင့်ပေါင်းပြီး ယနေ့သယ်ပိုးနေခြင်းသည် အကြီး မားဆုံးသော အဖျက်အမှောင့်ဖြစ် သည်။ မိမိသယ်ယူလာသည့် ဝန်ထုပ် တွေကို ဘယ်လောက်အထိ လေးလံ သည်ဖြစ်စေ၊ မည်သူမဆို ညနေအထိ သာ ထမ်းထားနိုင်တာမို့၊ ၂၄ နာရီ အတွင်း ဖယ်ထုတ်ပစ်နိုင်လျှင် လော ကခရီးတွင်လိမ့်မည်။ မိတ်ဆွေ၊ ရန် သူဝန်းကျင်ပေါင်းစုံတို့နှင့် ရင်ဆိုင် အနိုင်ရပေမည်။

”ဘူးလေးရာဖရုံဆင့်”သလို ကြုံ တွေ့ခဲ့ရသော လောကဓံလှိုင်းဒုက္ခတို့ ကို ပြန်လည်တွေးတောနေခြင်းသည် လည်း ဆုံးရှုံးခြင်းတစ်ရပ်မို့

”သင်လုပ် ဆောင်ပြီးသည့် လုပ်ငန်းတာဝန်များ အကြောင်း ဘာမှမစဉ်းစားပါနဲ့”ဟု စိတ်ပညာဆရာ ဝီလျံဂျိန်းက ပြောဆို ဖူးသည်။

”ဘဝဆိုတာ ..ချယ်ရီသီး တွေ ထည့်ထားတဲ့ ဇလုံကြီးတစ်လုံး ပါ”ဟု အကောင်းမြင်ဝါဒသမားက အခိုင်အမာ ဆိုသည်။ လူ့စရိုက်နှင့် လူတွေအကြိုက်ကို အလိုက်သင့် ဆက်ဆံ၍ ”ငါဒီနေ့စကားတွေ အ များကြီးပြောတဲ့လူတွေနဲ့ တွေ့ရမည်။ ဒီလူတွေဟာ အတ္တကြီးသူတွေပဲ။ ဒါ ပေမဲ့ ငါ့စိတ်မှာ အနှောင့်အယှက် မဖြစ်ဘူး။ ဘာပြုလို့လဲဆိုတော့ ဒီလို လူမျိုးတွေ မရှိတဲ့ ကမ္ဘာဆိုတာ စိတ် ကူးယဉ်၍ မရနိုင်ဟု ”မားကပ်စ် သြ ရိလိယပ်စ်”၏ အဆိုအရ လိုက်နာပါ လျှင် ပတ်ဝန်းကျင်နှင့် အပေးအယူ တည့်ပေလိမ့်မည်။ သို့သော် လူ့ဘဝ ဆိုသည်မှာ လမိုက်ည၊ လပြည့်ည၊ အတက်၊ အဆင်း၊ အနိမ့်၊ အမြင့်တို့ ရှိတတ်ကြပေရာ ဖြစ်ပေါ်လာသည့် ဖြစ်စဉ်တို့ကို လိုလိုလားလား ရင်ဆိုင် ပါ။ ဖြစ်ပေါ်လာသည့် ဖြစ်စဉ်တို့ကို သင်လက်ခံလိုက်ခြင်းသည် ကံဆိုးမိုး မှောင်ကျခြင်း၏ အကျိုးဆက်တို့ကို လွတ်မြောက်စေဖို့ ကျော်လွှားခြင်းရဲ့ ပထမအဆင့်ဖြစ်သည်”ဟု ဝီလျံဂျိန်း ကပင် အဆိုရှိပြန်သည်။

အမှောင်ညများ လွန်မြောက်၍ မနက်ဖြန်သို့ရောက်အောင် တောင့်ခံ ထားပါ။ သင့်အတွက် အမှောင်ညများ ပျောက်ကွယ်သွားမည်သာ။ ယိမ်း ယိုင်နေသည့် စည်းရိုးကို လူတိုင်းက တွန်းထိုးချင်ကြတာမို့ မြေနိမ့်ရာ လှံ စိုက်ရင်း အနိမ့်ပိုင်းသို့ ရောက်လျှင် လက်ညှိုးငေါက်ငေါက်အထိုးခံရပေ မည်။ အမြင့်ပိုင်းသို့ ရောက်လျှင် လက်ခုပ်သြဘာသံများ ဝေဝေဆာ ဆာကြားရမည်မှာ ဝန်းကျင်နှင့် လူ့ သဘာဝပင်။ လူ့စရိုက်ကောင်းတွေ နှင့် ရင်ဆိုင်ရလျှင် အကျင့်ကောင်း များရရှိ၍ လူ့စရိုက်ဆိုးများနှင့် ရင် ဆိုင်ရလျှင် အကျင့်ဆိုးများ ရရှိတတ် တာမို့ ပညာရဲ့ အသီးအပွင့်တွေကို ဆွတ်ယူရင်း လူတို့သည် ကြီးကျယ် မြင့်မြတ်အောင် လုပ်ယူနိုင်ကြပေ သည်။ ဝန်းကျင်နှင့်ရင်ဆိုင်လျှင် လူ့ ဘဝရဲ့ ဒုက္ခများ ကြုံတွေ့ရပေမည်။ သို့သော် မိမိဒုက္ခများကို သက်သာ အောင် ပြုလုပ်မည့်နည်းလမ်းမှာ အ ခြားသူများ၏ ဒုက္ခများနှင့် နှိုင်းယှဉ် ၍ ဖြေသိမ့်ရန်ပင်ဖြစ်သည်”ဟု ”မဒမ်ဗေတီနောင်”ကလည်း အဆို ပြုထားသည်။ ဒုက္ခနှင့်တွေ့လျှင် သတ္တိရှိသူသည် အတောင်ပေါက် သည်၊ သတ္တိမရှိသူသည် ချိုင်းထောက် နှင့် တွေ့ကြုံမည်မို့ သတ္တိရှိဖို့လိုသည်။

သံတစ်ချောင်းကို မီးနှင့် အပူ ပေး၍ အထုအနှက်ခံပြီးမှ ဓား ကောင်းတစ်လက်ဖြစ်နိုင်သလို လူ့ ဘဝသည်လည်း တိုက်ပွဲ ၂ ခုနှင့် အမြဲတိုက်ခိုက်နေရပေသည်။

(၁) အတွင်းတိုက်ပွဲ (မိမိကိုယ် တိုင် ကြိုးစားအားထုတ်ရခြင်း)

(၂) အပြင်တိုက်ပွဲ (ဝန်းကျင် တို့နှင့် ယှဉ်ပြိုင်ထိုးနှက် တိုက်ခိုက်ရ ခြင်းပေတည်း …”ဟု ‘ပီမိုးနင်း’ ပြောစကားကို မှတ်သားနှလုံးသွင်း၍ ကိုယ့်ကိုယ်ကိုယ် တိုက်ခိုက်ရသော တိုက်ပွဲနှင့် ဝန်းကျင်နှင့် ရင်ဆိုင်ရ သော အပြင်တိုက်ပွဲတို့ကို ရင်ဆိုင် ယှဉ်ပြိုင်ရမှ ဝန်းကျင်တော တံတိုင်း ကို ခုတ်ထွင်ရန် အသွားမဟောင်း သည့် ဓားကောင်းတစ်လက်ရရှိပေ မည်။

ဝန်းကျင်နှင့်ထိတွေ့လျှင် ဘယ် လိုရင်ဆိုင်ရမည်ဆိုသည့် လျှို့ဝှက် ချက်ကို သိ၍ ”သည်းခံခြင်းဆိုတာ …ခါးသီးတယ်။ ဒါပေမဲ့ သူ့ရဲ့ အသီးအပွင့်က ချိုတယ်” ဆိုသည့် တွေးခေါ်ရှင် ‘ရိုးစူ’၏ စကားသည် အားဆေးတစ်ခွက်ပင်။ ဝန်းကျင်နှင့် ပတ်သက်၍ ”သင့်အား ဒုက္ခသည် ဒုက္ခမပေးသမျှ သင်လည်း ဒုက္ခကို ဘယ်တော့မှ ဒုက္ခမပေးပါနှင့်၊ ဒုက္ခ များသည် ကလေးငယ်များကဲ့သို့ မွေး မြူထားသည်နှင့် ကြီးထွားလာတတ် ကြသည်။ သို့သော် မုန်တိုင်းပြီးမှ လေပြည်လာ၍ သန်းခေါင်ပြီးမှ အရုဏ်ရောက်ရသလို ဒုက္ခပြီးမှ သုခ ရောက်ကြသည်မို့ ဝန်းကျင်နှင့် အ ဆင်ပြေခြင်း၊ ဝန်းကျင်ကို အောင်နိုင် ခြင်းဆိုသည့် သုခအာဟာရကို စား သုံးကြဖို့ရာ ”သုခတစ်ခုကို သုခတစ် ခုဖြင့် ရရိုးမရှိ၊ ဒုက္ခနှင့် ရင်ဆိုင်မှ ရ တယ်။ ဒုက္ခကြီးကို ကြောက်ရင်၊ ဒုက္ခ လေးနဲ့ ရင်ဆိုင်ရမယ်”ဆိုသည့် ဆရာ တော်ကြီး အရှင်ဇနကာဘိဝံသ၏ ဆုံးမစကားအတိုင်း ကြီးငယ်မဟူ သော ဒုက္ခတို့ကို ရင်ဆိုင်၍ လူ၊ လူ့ လောကနှင့် လူ့ဝန်းကျင်တို့ကို ရင် ဆိုင်ကြရမည်။ ကောင်းတာတွေ ပေါင်းစည်းတာထက်၊ ပေါင်းစည်း တာတွေ ကောင်းဖို့ လိုသည့်အတွက် ယုံကြည်ချက်နှင့် ခွန်အားကို ပေါင်း စပ်၍ သတ္တိအတောင်ပံများ တပ် ဆင်ကြပါစို့။ ။

ဌေးကြည် (စလင်း)


LEAVE A REPLY

Please enter your comment!
Please enter your name here