ဇာတ်ကားတွေ သိပ်မရိုက်ဖြစ်တော့တာ ဘာကြောင့်လဲ မေကဗျာ

0
214

ဒါရိုက်တာအာကာ ရိုက်ကူးတဲ့ ‘ကမ္ဘာနှစ်ထပ်’ ရုပ်ရှင်ဇာတ်ကားမှာ မေကဗျာလည်း ပါဝင်သရုပ်ဆောင်ထားတာကိုTeaser လေးတွေ အွန်လိုင်းမှာ တင်တော့တွေ့ရတယ်။ သူမက ဒါရိုက်တာအာကာကို လေးစားနေသူတစ်ဦးပါ။ အဲဒီအကြောင်းနဲ့ပတ်သက်ပြီးတော့ မေကဗျာက “အဲဒီဇာတ်ကားကတော့ အစ်မ ဆင်း(န်)နည်းပါတယ်။ ကိုနိုင်းနိုင်းရဲ့ အမျိုးသမီး၊ ကလေးလေးရဲ့ အမေနေရာ ကနေ ပါဝင်သရုပ်ဆောင်ရတာပါ။ ဒါပေမဲ့ အစ်မဆင်း(န်)နည်းပေမယ့် အဲဒီ ဇာတ်ကားလေးမှာ ပါဝင်ရိုက်ကူးရတာကိုလည်း အလွန်ကြိုက်နှစ်သက် သဘော ကျမိပါတယ်။ ကိုယ်ပါဝင်သရုပ်ဆောင်တဲ့ ဆင်း(န်)လေးမှာပဲ သူ့ဟာလေး နဲ့သူ လုပ်ကွက်လည်းရှိတယ်။ လုပ်ရတဲ့ အိုက်တင်တွေ၊ ပါဝင်ရိုက်ကူး ရတဲ့ ပြည့်စုံမှုတွေကလေ အစ်မအလွန်သဘောကျရတယ်။ အဲဒီ ကတည်းကလည်း ကိုအာကာ့ကို တအားလည်းလေးစားပါတယ်။ အောင်မြင်ပါစေလို့လည်း အစ်မဆုတောင်းပါတယ်” လို့ ပြော ပါတယ်။ သမီးလေးကို လုပ်ကျွေးနေတဲ့ မိခင်တစ်ယောက် ဖြစ်သူ မေကဗျာက ကိုယ်ပိုင်စီးပွားရေးကို အဓိကဇောင်း ပေးလုပ်နေရတာမို့ ဇာတ်ကားတွေ သိပ်မရိုက်ကူးဖြစ် တော့တဲ့အကြောင်း ကိစ္စပါပဲလို့ ဆိုပါတယ်။ ပြီးတော့ သူမကိုယ်တိုင်လည်း ဇာတ်ကားတွေ ရွေးချယ်ရိုက်ကူး နေပြီလို့သိရပါတယ်။

“အသက်အရွယ်ကြီးလာတာ ကြောင့်လည်း ပါမယ်ထင်တယ်။ ကိုယ့်အရွယ်နဲ့ မလိုက်ဖက်တဲ့ဇာတ်တွေကို သိပ်မရိုက်ချင်တာလည်း ပါပါတယ်။ နောက်ပြီး အိမ်စီးပွားရေးကိစ္စတွေလည်း ရှိနေသေးလို့ အစ်မအရင်လိုတော့ ဇာတ်ကားတွေ မရိုက်ဖြစ်တော့ဘူး။ အဲဒါကြောင့် အစ်မကို နား လည်ပေးပါလို့ ပြောချင်ပါတယ်။ အစ်မအနေနဲ့ အိမ်က အထည်လုပ်ငန်းလေး လုပ်တယ်။ ပြီးတော့ အစ်မ သီချင်းလေးတွေ ဆိုဖြစ်တယ်။ ဇာတ်ကားရိုက်ကူးတဲ့အပိုင်းကိုတော့ အခုနောက်ပိုင်း အစ်မ နည်းနည်း ကဂျီကဂျောင်ကျတယ်။ ဇာတ်ကြိုက်မှ အစ်မရိုက်ကူးဖြစ်တယ်။ ဒါပေ မဲ့ ၅ လပိုင်းတော့ ဇာတ်တစ်ဇာတ်ကြိုက်လို့လက်ခံထားတဲ့ ဇာတ် ကားလေးတစ်ကားတော့ ရှိပါတယ်”လို့ မေကဗျာက ပြောပြခဲ့ပါတယ်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here