လက်တွဲဖော်ကို ဘယ်လိုပုံစံမျိုးဖြစ်ရမယ်ဆိုတဲ့ ကန့်သတ်ချက်တွေ မရှိပါဘူး ထပ်ဆင့်အကယ်ဒမီ နေတိုး

0
132

လတ်တလောမှာတော့ အကယ်ဒမီနေတိုးဟာ ဒါရိုက်တာ ညွန့်မြန်မာညီညီအောင် ရိုက်ကူးမယ့် ‘တိမ်ခိုမိုး’ရုပ်ရှင် ဇာတ်ကားမှာ ဆေးကျောင်းသားဇာတ်ရုပ်နေရာကနေ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားကြီးအတွက် ပြင်ဆင်မှုတွေကို မေးကြည့်တဲ့အခါမှာတော့ နေတိုးက “ဒီဇာတ်ကားထဲမှာ ကျွန်တော်က ဆေးကျောင်းတက်နေတဲ့ အချိန်ကာလတစ်ခုမှာ ဖြစ်ပေါ်နေတဲ့ အချစ်ခံစားမှု၊ ချစ်ခြင်းမေတ္တာတရား နောက်ပြီးတော့ ဒီပေါ်မှာမှ ကြေကွဲ စရာကောင်းတဲ့ အဖြစ်အပျက်လေးတွေကို သရုပ်ဆောင်ရမှာပါ။

ဆေးကျောင်းသားနေရာကနေ သရုပ်ဆောင်ရတဲ့အတွက် ကိုယ့်ကိုယ်ကိုယ် ဆေးကျောင်းသားအတိုင်းပဲနေတယ်။ ပြုမူ တယ်။ အဲဒီလောက်ပါပဲ။ အရေးကြီးတာက ကိုယ် သရုပ် ဆောင်ရတဲ့ဇာတ်ကောင်ကို အကောင်းဆုံး အသက်ဝင်အောင် လုပ်နိုင်ဖို့ပါပဲ”လို့ ပြောပါတယ်။ အိမ်ထောင်ရေးနဲ့ ပတ် သက်ပြီး နေတိုးက “ကျွန်တော်ရဲ့ ပရိသတ်တွေကို အိမ် ထောင်ရေးနဲ့ပတ်သက်ပြီး Surprise အနေနဲ့ပဲထားချင် တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်ချပြတဲ့အချိန်မှ ပရိသတ်တွေကို မြင်စေချင်တယ်။ အဲဒီလိုမျိုး သိပ်ပြီး ဖြစ်မလာသေးတဲ့အရာတစ်ခုကို မစဉ်းစားခိုင်းချင်ဘူး။ ပရိသတ်ကို စိတ် ဒုက္ခလည်းမပေးချင်ဘူး။ အဲဒီအတွက် အေးအေးဆေးဆေးလေးပဲ နေခိုင်းချင်တယ်”လို့ ပြော ပါတယ်။ လက်တွဲဖော်အဖြစ် ရွေးချယ်မယ့်သူအတွက် သတ်မှတ်ချက်တွေရှိသေးလားလို့ မေးကြည့်တဲ့အခါမှာ တော့ “အဓိက ကတော့ ကျွန်တော်ငယ်ငယ်ကတည်း က ကိုယ့်ရဲ့ စိတ်ခံစားမှု၊ အိမ်ထောင်ရေးနဲ့ပတ်သက်ပြီး သတ်မှတ်ချက်တွေ မရှိပါဘူး။ ကိုယ့်ရဲ့Family Life ကလည်း အကုန်လုံးကို လွတ်လပ်ခွင့်ပေးထားတယ်။ ဘာမှချုပ်ချယ်ထားတာလည်း မရှိဘူး။ အဲဒီလိုပဲ ကျွန်တော့်ရဲ့ စိတ်ခံစားမှုအနေနဲ့ကလည်း ကျွန်တော် ကိုယ်တိုင်က ကျွန်တော့်ရဲ့ နှလုံးသားနဲ့ပတ်သက်ပြီး လွတ် လပ်ခွင့်ပေးထားတယ်။ အဲဒီအတွက် ဘယ်လို စည်းမျဉ်း၊ ဘယ်လိုမျိုးပုံစံဖြစ်ရမယ်ဆိုတာ မရှိပါဘူး။ အဓိက ကတော့ နှလုံးသားကို ၁ဝဝ ရာခိုင်နှုန်း ဦးစားပေးဖြစ်ပါတယ်”လို့ နေတိုးက ပြောပါတယ်။

သဲစုလှိုင်


LEAVE A REPLY

Please enter your comment!
Please enter your name here