ဒုဋ္ဌဝတီမြစ်ထဲကရောဂါတစ်မျိုး ရခဲ့ဖူးတယ်လို့ဆိုလိုက်တဲ့ အမွန်း

0
232

သရုပ်ဆောင်အလုပ်ကို အကောင်းဆုံးလုပ်သွားမယ်။ ‘ဒုဋ္ဌဝတီကိုလွန်၍’ ရုပ်ရှင် ဇာတ်ကားက သူမအတွက် ပထမဦးဆုံးခြေလှမ်းဖြစ်တဲ့အတွက် ပရိသတ်တွေရဲ့ Feed Back ကို နားထောင်ဖို့ အဆင်သင့်ဖြစ်နေပါပြီလို့ဆိုလာသူက ကချင် အဆိုတော်မလေးအမွန်းပါ။ ‘ဒုဋ္ဌဝတီကိုလွန်၍’ ရုပ်ရှင်ဇာတ်ကားက အမွန်း အတွက် အမှတ်တရတွေအများကြီးရှိခဲ့သလို ဒုဋ္ဌဝတီမြစ်ကပေးတဲ့ ရောဂါ တောင်ရှိခဲ့ပါသေးတယ်တဲ့။

“ဒီကားထဲမှာ အမွန်း အမှတ်တရတွေအများကြီး၊ အများကြီးရှိခဲ့ပါတယ်။ ကားတွေ တစ်စီးနဲ့ တစ်စီးတိုက်တော့လည်း အထဲမှာဆီးသီးလိုပဲ လှိမ့်နေတာ။ အဲဒီ အမှတ်တရလေးတွေလည်း ရှိတယ်။ ပြီးတော့ အမွန်းတို့ ခရီးတောက်လျှောက်သွား ရတဲ့အမှတ်တရတွေလည်း အများကြီးရှိခဲ့သလို ဒဏ်ရာအနာတရဖြစ်ခဲ့တာတွေလည်းရှိတယ်။ ကြိုးတံတား ဖျက်ချတဲ့နောက်ဆုံးအခန်းလေးပေါ့။ တံတားမဖျက်ချခင် ပျက်ကျသွားတဲ့အချိန်မျိုးတွေလည်းရှိတယ်။ အားလုံးပြင်ဆင်ထားပြီးတော့ ဆက်တင် ကပြုတ်ကျသွားတာမျိုးတွေလည်းရှိဖူးတယ်။ ဒဏ်ရာတွေလည်းရခဲ့ဖူးသလို ရောဂါတွေ လည်း ရခဲ့ဖူးပါတယ်။ ဒုဋ္ဌဝတီမြစ်ထဲကရလာတွဲှ့ပစ့ကျ ရောဂါတစ်မျိုးကိုလည်း ရလာခဲ့ တယ်။ ရန်ကုန်မှာ အမွန်း တော်တော်ကုလိုက်ရတယ်။ အဖျား ၁ဝ၂ နဲ့ တစ်ပတ်လောက်ကုလိုက်ရ တယ်။ အရမ်းလည်းတုန်တယ်။ ငှက်ဖျားလိုမျိုးပဲပေါ့။ အဲဒီလို အမှတ်တရတွေပေါ့။ ကောင်း တာပဲဖြစ်ဖြစ်၊ ဆိုးတာပဲဖြစ်ဖြစ် အားလုံးကိုတော့ အမွန်းဘဝရဲ့ ပထမဦးဆုံးခြေလှမ်း ရိုက်ကူး ရေးအတွက် အမှတ်တရအနေနဲ့ အမွန်းသိမ်းထားမှာပါ”လို့ အမွန်းက ပြောပြပါတယ်။

ဇာတ်ကားရိုက်ကူးစဉ် ဒါရိုက်တာ အာကာတို့၊နိုင်းနိုင်းတို့က သရုပ်ဆောင်ပီပြင်ဖို့ အမွန်းက ဘယ်လို တွန်းအားတွေပေးခဲ့သလဲဆိုတာကိုတော့…

“ပွင့်ပွင့်လင်းလင်းပြောရရင် ကိုအာကာတို့အဖွဲ့က အကုန်လူငယ်တွေချည်းပဲပေါ့။ တကယ့် ကို မောင်နှမတွေလိုပဲ Pressure မရှိဘူးရှင့်။ ပြီးတော့ ကိုအာကာကလည်း အများကြီးမပြောဘူး။ ရဲနောင်ဆိုရင်လည်း ဇာတ်ညွှန်းနဲ့ သူက ဒုတိယဒါရိုက်တာလုပ်တယ်။ နည်းနည်းလောက်ပဲပြောတယ်။

ကိုနိုင်းနိုင်းဆိုလို့ရှိရင်လည်း သူဟာဝါရင့်သရုပ်ဆောင်ကြီး တစ်ယောက်ပေါ့နော်။ သူက အမွန်းကို လွှတ်ထား တာ။ သူက အဲဒီနည်းနဲ့ အမွန်းကိုသင်ပေးတာ။ လိုအပ်ချက်တွေရှိမှ သူက လာပြောတာ။ သူတို့တွေ အမွန်းကို ပါးပါးလေးပဲ ပုတ်ပါတယ်။ အများကြီးPressure ပေးပြီးတော့ ခိုင်းတာမျိုးမရှိဘူး။ အဲဒီအတွက်လည်း အမွန်း အရှိအတိုင်းကို သရုပ်ဆောင်ခဲ့တယ်။ သူတို့တွေ အနေနဲ့လည်း အမွန်းကို ယုံယုံကြည်ကြည်နဲ့ လက်တွဲခဲ့တယ်ပေါ့နော်။ အဲဒီအတွက်လည်း အမွန်းသူတို့ကို ကျေးဇူးတင်ပါတယ်”လို့ အမွန်းက ပြောပြခဲ့ပါတယ်။

သတင်း-မျိုးမောင်

ဓာတ်ပုံ – မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here