ထိန်ပင်အမှိုက်ပုံ မီးလောင်မှုဖြစ်စဉ်နှင့် စုပေါင်းအင်အား မေတ္တာခွန်အားကြီးမားမှု ပြယုဂ် (၁)

0
98

မြန်မာနိုင်ငံအဝှမ်းမှာ သိမ့် သိမ့်တုန်သွားအောင် သတင်းကြီး ရေပန်းစားသွားတဲ့ဖြစ်စဉ်ကတော့ ဧပြီလ ၂ဝ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်ရှိ ထိန်ပင်အမှိုက်ပုံကြီး မီးလောင်ခြင်းပါပဲ။ ထိန်ပင်အမှိုက်ပုံ မီးလောင်မှုဖြစ်စဉ်ဟာ ငြှိမ်းသတ်ရခက်ခဲပြီး အနီးပတ်ဝန်းကျင်တစ်ခုလုံး အသက်ရှုရခက် မွန်းကြပ်မှုနဲ့ ဘေးဆိုးအန္တရာယ်များ ဖြစ်ပွားစေခဲ့ရာ အသက်ဆုံးပါးခဲ့သူရော၊ ဆေးရုံတက် ကုသရသူများပါ ရှိစေခဲ့ပါတယ်။ ဒီထိန်ပင်အမှိုက်ပုံ မီးလောင်မှုကို မိမိအသက်ကို ပဓာနမထားဘဲ အင်တိုက်အားတိုက် မီးငြှိမ်းသတ်ခဲ့ကြတဲ့ မီးသတ်ရဲဘော်များ၊ တပ်မတော်သားများတို့ရဲ့ နိုင်ငံ့ဝန်ထမ်းအသိစိတ်ထက်သန်စွာ စွမ်းဆောင်မှုများက အံ့မခန်းစွမ်းဆောင်မှုဖြစ်ခဲ့
သလို ပြည်သူလူထုနဲ့ စေတနာရှင် ကုသိုလ်ပြုသူများ၊ ပရဟိတသမားများအနုပညာရှင်များတို့ စုပေါင်းအင်အား ပံ့ပိုးပေးကြမှုကလည်း မေတ္တာအင်အားခွန်အားကြီးမားမှုပြယုဂ်ဖြစ် တည်စေခဲ့တာမို့ အနုပညာရှင်တို့ရဲ့ ရင်တွင်းစကားသံများ စုစည်းဖော်ပြလိုက်ရပါတယ်။

ဝေဠုကျော်

 

 

ကျွန်တော်လောလောဆယ် မီး ဘေး၊ ရေဘေး၊ သဘာဝဘေးတွေ အတွက် ပရဟိတလုပ်နေတယ်။ အခု ဆိုရင်လည်း လှိုင်သာယာမြို့နယ်မှာ ရှိတဲ့ ထိန်ပင်အမှိုက်ပုံမီးလောင်နေ တာကိုလည်း ကျွန်တော်ခရီးက ပြန် ရောက်ရောက်ချင်း ကျွန်တော်နဲ့ကြက် ခြေနီအဖွဲ့သားတွေနဲ့ သွားရောက်ပြီး မီးငြိမ်းသတ်တဲ့ မီးသတ်သမားတွေ၊ စစ်သားတွေကို ထိခိုက်အနာတရများ ရှိလားစစ်ဆေးပြီး အနာတရတွေရှိ ရင် ကျွန်တော်တို့ ကြက်ခြေနီအဖွဲ့ သားတွေကနေပြီးတော့ အသေးစိတ် ကုသပေးခဲ့ကြပါတယ်။ မီးငြှိမ်းသတ် တဲ့သူတွေလည်း တကယ့်ကို ပင်ပန်း ကြပါတယ်။ သူတို့မှာလည်း နားရ မယ့်အချိန်က နည်းပါတယ်။ ကျွန် တော်တို့လည်း အတတ်နိုင်ဆုံး ကူညီ ပေးခဲ့ပါတယ်။အဲဒီအထဲမှာက ညှော် နံ့တွေက ပေါင်းစုံနေတော့ သူတို့ အ တွက် တော်တော်အန္တရာယ်များပါတယ်။ ကျွန်တော်တို့ ခဏသွားတဲ့သူတွေ တောင်မှ ညှော်နံ့တွေကို မခံနိုင်တာ သူ တို့ဆိုရင်တော်တော်သနားဖို့ ကောင်း ပါတယ်။

 

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

 

အိစိကွေး

 

ကျွန်တော်တို့ အမြဲမီးဘေး ပြဿနာတစ်စုံတရာဖြစ်လာရင် မီး သတ်သမားတွေက ရှေ့ဆုံးကရှိနေ ကြရတယ်။ အခုဖြစ်တဲ့ လှိုင်သာယာ ထိန်ပင်အမှိုက်ပုံ မီးလောင်မှုလည်း သူတို့ သိပ်ကိုပင်ပန်းပါတယ်။ ကျွန် တော်လည်းသွားရောက်ဝိုင်းဝန်း ကူ ညီကြတယ်။ ကျွန်တော်တို့သွားတဲ့ အချိန်မှာ ကျွန်တော်တို့လိုအပ်တာတွေ ဝိုင်းလုပ်ပေးခဲ့ကြတယ်။ ကျွန်တော် ဆိုလည်း နေ့တစ်ဝက်ပဲနေနိုင်တယ်။ တစ်ရက်တောင်ပြည့်အောင် မနေနိုင် ဘူး။ သူတို့မှာတော့ ရက်ရှည်ကြီးနေ ရတယ်။ ကျွန်တော် သူတို့ကို တော် တော်စာနာမိပါတယ်။ လူတွေကသာ အပြင်ပန်းကကြည့်ပြီး မကောင်းပြော တဲ့သူတွေလည်း သူတို့ ဒီအမှိုက်ပုံကြီး ကို မီးဘယ်လိုငြှိမ်းသတ်ရလဲဆိုတာ ကို မြင်တွေ့စေချင်မိတယ်။ သူတို့ တကယ်ပင်ပန်းကြတာပါ။


LEAVE A REPLY

Please enter your comment!
Please enter your name here