ထိန်ပင်အမှိုက်ပုံ မီးလောင်မှုဖြစ်စဉ်နှင့် စုပေါင်းအင်အား မေတ္တာခွန်အားကြီးမားမှု ပြယုဂ် (၂)

0
131

မြန်မာနိုင်ငံအဝှမ်းမှာ သိမ့် သိမ့်တုန်သွားအောင် သတင်းကြီး ရေပန်းစားသွားတဲ့ဖြစ်စဉ်ကတော့ ဧပြီလ ၂ဝ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်ရှိ ထိန်ပင်အမှိုက်ပုံကြီး မီးလောင်ခြင်းပါပဲ။ ထိန်ပင်အမှိုက်ပုံ မီးလောင်မှုဖြစ်စဉ်ဟာ ငြှိမ်းသတ်ရခက်ခဲပြီး အနီးပတ်ဝန်းကျင်တစ်ခုလုံး အသက်ရှုရခက် မွန်းကြပ်မှုနဲ့ ဘေးဆိုးအန္တရာယ်များ ဖြစ်ပွားစေခဲ့ရာ အသက်ဆုံးပါးခဲ့သူရော၊ ဆေးရုံတက် ကုသရသူများပါ ရှိစေခဲ့ပါတယ်။ ဒီထိန်ပင်အမှိုက်ပုံ မီးလောင်မှုကို မိမိအသက်ကို ပဓာနမထားဘဲ အင်တိုက်အားတိုက် မီးငြှိမ်းသတ်ခဲ့ကြတဲ့ မီးသတ်ရဲဘော်များ၊ တပ်မတော်သားများတို့ရဲ့ နိုင်ငံ့ဝန်ထမ်းအသိစိတ်ထက်သန်စွာ စွမ်းဆောင်မှုများက အံ့မခန်းစွမ်းဆောင်မှုဖြစ်ခဲ့
သလို ပြည်သူလူထုနဲ့ စေတနာရှင် ကုသိုလ်ပြုသူများ၊ ပရဟိတသမားများအနုပညာရှင်များတို့ စုပေါင်းအင်အား ပံ့ပိုးပေးကြမှုကလည်း မေတ္တာအင်အားခွန်အားကြီးမားမှုပြယုဂ်ဖြစ် တည်စေခဲ့တာမို့ အနုပညာရှင်တို့ရဲ့ ရင်တွင်းစကားသံများ စုစည်းဖော်ပြလိုက်ရပါတယ်။

ထွန်းကိုကို

 

”ကျွန်တော်က နာရေးကူညီမှု အသင်း(ရန်ကုန်)မှာလည်း ကူညီမှု တွေလုပ်ဖြစ်သလို မီးသတ်ဌာနချုပ် မှာလည်း သင်တန်းတွေ တက်ထား တာဖြစ်တဲ့အတွက် ကျွန်တော့်အနေ နဲ့ ဝိုင်းဝန်းမီးငြှိမ်းသတ်ပေးတာပါ။ ကျွန်တော်တို့ မီးငြှိမ်းသတ်တဲ့နေရာ မှာလည်း အမှိုက်ပုံကြီးက ဧကပေါင်း ၃ဝဝ လောက်ရှိတဲ့အထဲမှာ ဧက ၁ဝဝ လောက်က မီးလောင်ခဲ့တယ်။ လက်ရှိအခြေအနေမှာတော့ မီးငြှိမ်း သတ်မှုက တော်တော်လေး လုပ် ဆောင်ပြီးပါပြီ။ ငြိမ်းသတ်ရတာလည်း ခက်ခဲပါတယ်။ ရှေ့က မီးငြှိမ်းရင် နောက်ကနေ ပြန်ပြီးတောက်တယ်။ အခု ငြှိမ်းသတ်လို့ ငြိမ်းသွားပေးမယ့် လည်း ခဏနေရင် ပြန်လောင်တာမျိုး တွေကိုလည်း မြင်တွေ့ရပါတယ်။ အမှိုက်ပုံကြီးရဲ့ထုထည် အင်အားက လည်း အဆမတန်ထူတာရယ်၊ ဒီထဲ မှာရှိတဲ့ လောင်စာတွေကလည်း ဘာ တွေပါလို့၊ ပါနေမှန်းလည်း မသိဘူး။ စွန့်ပစ်ပစ္စည်း အမှိုက်တွေကလည်း အတော်ကြီးကို များတယ်။ မီးလည်း တော်တော်တော့ ငြိမ်းနေပြီ။ ဒါပေမဲ့ နောက်နေ့ဆိုရင်တော့ ငြိမ်းပြီလား လို့တော့မေးလို့ မရဘူးပေါ့နော်။ အချိန်ယူပြီး ငြှိမ်းသတ်ဖို့တော့ လို အပ်နေသေးတယ်။ တခြားနေရာတွေ ကိုလည်း မီးမကူးအောင် တူးမြောင်း တွေလည်း တူးနေကြတယ်။ နည်း စနစ်တွေမျိုးစုံနဲ့လည်း လုပ်ဆောင် နေပါတယ်။ ကျွန်တော်လည်း အချိန် ရရင် ရသလို သွားရောက်ကူညီငြှိမ်း သတ်ပေးဦးမှာပါ။ ”ကျွန်တော်တို့ မီးငြှိမ်းသတ် နေစဉ်မှာလည်း လာလှူ ကြတာတွေတွေ့ရပါတယ်။ လက်ရှိ မှာ လိုအပ်နေတာကတော့ အောက်စီ ဂျင်ဘူး သို့မဟုတ် မီးငြှိမ်းသတ်ရေး အတွက် လိုအပ်တဲ့ မီးစက်လိုမျိုးတွေ တော့ လိုအပ်နေတယ်။ ကျွန်တော်တို့ ဘက်ကလည်း တတ်နိုင်သလောက် တော့ လှူဒါန်းမှုတွေကိုလည်း ပြုလုပ် ပေးပါတယ်။

 

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

 

မိတ်ကပ်မေဦး

”ပထမရက် (၂၃ ရက်နေ့)မှာ တော့ မေဦးနဲ့ အေရီရယ်တို့က မီး ငြှိမ်းသတ်နေတဲ့ အဖွဲ့တွေအတွက် ရေသန့်ဘူး ၁၈ဝဝ၊ Aquarious အချိုရည်ဘူးတွေက ၁၆ဝဝ လှူခဲ့ပါ တယ်။ ဒုတိယနေ့ကျတော့ လူအ ယောက်၂၅ဝ စာ ထမင်းနဲ့ ဟင်းရယ်၊ ကြက်ဥတွေရယ်၊ ငှက်ပျောသီးတွေ ရယ်လှူခဲ့တယ်။ နောက်ပြီး N 95 Mask အခု ၄ဝဝ ရယ်၊ ရိုးရိုး Mask အခု ၄ဝဝဝ လှူခဲ့တာပါ။ ပထမရက်အခြေအနေကတော့ တ အားဆိုးရွားတယ်။ မြို့ထဲဘက်တွေကို မီးခိုးငွေ့တွေ ရောက်တဲ့အချိန်ပေါ့။ မေဦးတို့သွားတုန်းကလည်း မီးခိုးငွေ့ တွေ တအားများပြီး အသက်ရှူတွေ ကြပ်လာကြလို့ လမ်းတစ်ဝက်ကနေ လှည့်ပြီး နောက်တစ်လမ်းကနေသွား ရတယ်။ ဒုတိယနေ့ရောက်တော့ အလှူရှင်တွေလည်း တဖြည်းဖြည်း များလာပြီး အဆင်ပြေသွားပါတယ်။ အမှိုက်ပုံကြီးမှာ မီးငြှိမ်းသတ်ပေးကြ တဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေကိုလည်း လေးစားတယ်။ ရာသီဥတုကပူတဲ့ အထဲမှာ ကွင်းပြင်အကျယ်ကြီးထဲ မီးသတ်နေကြရတာကိုလည်း ကိုယ် ချင်းစာမိပါ တယ်။ ဒါကြောင့်လည်း ကျွန်မတို့ သွားလှူခဲ့တာပါ။


LEAVE A REPLY

Please enter your comment!
Please enter your name here