ထိန်ပင်အမှိုက်ပုံ မီးလောင်မှုဖြစ်စဉ်နှင့် စုပေါင်းအင်အား မေတ္တာခွန်အားကြီးမားမှု ပြယုဂ် (၃)

0
106

 

မြန်မာနိုင်ငံအဝှမ်းမှာ သိမ့် သိမ့်တုန်သွားအောင် သတင်းကြီး ရေပန်းစားသွားတဲ့ဖြစ်စဉ်ကတော့ ဧပြီလ ၂ဝ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်ရှိ ထိန်ပင်အမှိုက်ပုံကြီး မီးလောင်ခြင်းပါပဲ။ ထိန်ပင်အမှိုက်ပုံ မီးလောင်မှုဖြစ်စဉ်ဟာ ငြှိမ်းသတ်ရခက်ခဲပြီး အနီးပတ်ဝန်းကျင်တစ်ခုလုံး အသက်ရှုရခက် မွန်းကြပ်မှုနဲ့ ဘေးဆိုးအန္တရာယ်များ ဖြစ်ပွားစေခဲ့ရာ အသက်ဆုံးပါးခဲ့သူရော၊ ဆေးရုံတက် ကုသရသူများပါ ရှိစေခဲ့ပါတယ်။ ဒီထိန်ပင်အမှိုက်ပုံ မီးလောင်မှုကို မိမိအသက်ကို ပဓာနမထားဘဲ အင်တိုက်အားတိုက် မီးငြှိမ်းသတ်ခဲ့ကြတဲ့ မီးသတ်ရဲဘော်များ၊ တပ်မတော်သားများတို့ရဲ့ နိုင်ငံ့ဝန်ထမ်းအသိစိတ်ထက်သန်စွာ စွမ်းဆောင်မှုများက အံ့မခန်းစွမ်းဆောင်မှုဖြစ်ခဲ့
သလို ပြည်သူလူထုနဲ့ စေတနာရှင် ကုသိုလ်ပြုသူများ၊ ပရဟိတသမားများအနုပညာရှင်များတို့ စုပေါင်းအင်အား ပံ့ပိုးပေးကြမှုကလည်း မေတ္တာအင်အားခွန်အားကြီးမားမှုပြယုဂ်ဖြစ် တည်စေခဲ့တာမို့ အနုပညာရှင်တို့ရဲ့ ရင်တွင်းစကားသံများ စုစည်းဖော်ပြလိုက်ရပါတယ်။

 နန်းခင်ဇေယျာ

 

 

နန်းခင်တို့ကတော့ အနုပညာ သမားတွေပေါင်းပြီး မီးသတ်သမား တွေအတွက် လိုအပ်တာလေးတွေကို သွားလှူခဲ့တယ်။ အဓိကကတော့ ရေ တို့၊ အစားအသောက်မှာလည်း ငှက် ပျောသီးတို့ မုန့်တို့ရယ်၊ ဖုန်းကတ်တွေ လည်း လှူခဲ့ပါတယ်။ နန်းခင်တို့သွား လှူတဲ့ အချိန်မတိုင်ခင်မှာလည်း လာ လှူကြတာတွေတော့များနေပြီ။ နန်းခင်တို့ကအသိနောက်ကျခဲ့တာပေါ့။ ကိုယ်တွေကြည့်မိတဲ့အချိန်ကျတော့ သောက်ရေသန့်လိုမျိုးတွေက သိပ်ပြီး မလိုအပ်တော့ပါဘူး။ လုံလောက်နေ ပြီ။ တကယ်တမ်းလိုတာက မီးသတ် သမားတွေနားဖို့ Camp လိုမျိုးတွေ လိုအပ်နေတာပါ။ မီးကလည်း အဲဒီ အချိန်က မငြိမ်းသေးသလို မီးသတ် သမားတွေကလည်း တော်တော်လေး ပင်ပန်းကြတယ်။ သူတို့လည်း ကျန်း မာရေးပိုင်းမှာ တော်တော်လေးထိ ခိုက်ကြတယ်။ ပလက်စတစ်ပုံကြီးက ထုထည်ကလည်း ကြီးပြီးအောက်မှာ လှိုက်လောင်နေတာပါ။ အပေါ်က သာ မီးငြိမ်းနေတာ အောက်ပိုင်းက လောင်နေတုန်းပဲ။ အမှိုက်ပုံမှာ မီး ငြိမ်းသတ်ရတဲ့အတွက်တော့ မီးသတ် သမားတွေလည်း ခေါင်းကိုက်တာတွေ မျက်လုံးက ပူလွန်းလို့ မျက်ရည်ကျ တာတွေကို တွေ့တယ်။ ဒါပေမဲ့ အခု တော့ အားလုံး မီးငြှိမ်းသွားပါပြီ။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

 

မေမြတ်နိုး

 

 

ထိန်ပင် အမှိုက်ပုံ မီးလောင်နေ မူ ဘေးအန္တရာယ်နဲ့တွေ့နေရတဲ့လူ တွေအားလုံးအတွက် စိတ်မကောင်း ပါဘူး။ မြတ်နိုးတို့ miss myanmar charity group ကလည်း သွား ရောက်ပြီးတော့ အတတ်နိုင်ဆုံးလှူ ဒါန်းပေးထားပါတယ်။ တခြားအလှူ ရှင်တဲ့သူတွေ ရှိလို့ရှိရင်လည် သွား ရောက်လှူဒါန်းဖို့ မြတ်နိုးက တိုက် တွန်းချင်ပါတယ်။ မြတ်နိုးတို့ သွား ရောက်လှူဒါန်းတဲ့အချိန်မှာ မြင်တွေ့ ရတဲ့ အခြေအနေကတော့ တော် တော်များမျာတော့ သွားလှူနေကြ တာတွေ့ရပါတယ်။ တကယ်လိုအပ် တဲ့ ပစ္စည်းတွေလည်းရှိပါတယ်။ တ ကယ်လို လှူဒါန်းကြမယ်ဆိုရင်လည်း ဘာလိုအပ်နေလဲဆိုတာကို မေးမြန်း ပြီးတော့လှူဒါန်းစေချင်ပါတယ်။ တ ကယ်ကိုလည်း ပင်ပင်ပန်းပန်းနဲ့ မီး ငြိမ်းအောင် ဆောင်ရွက်နေကြတာကို လည်းတွေ့ရပါတယ်။ စိတ်လည်း မကောင်းပါဘူး။ အားလုံးလည်း အန္တရာယ်ကင်းပြီးတော့ မီးအမြန်ဆုံး ငြိမ်းပါစေလို့ မြတ်နိုးဆု တောင်းပေး ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here