မိသားစုမေတ္တာဖွဲ့ ဇာတ်လမ်းလေးတစ်ပုဒ်

0
178

 

 

မင်းသန့်မောင်မောင်က ဇာတ်လမ်းတို တစ်ခုရိုက်ကူးဖို့အတွက် အမေရိကကနေ မြန်မာနိုင်ငံကို ပြန်လည် ရောက်ရှိနေပါ တယ်။ ‘Look At Me’ လို့ အမည်ပေးထားတဲ့ ဒီဇာတ်လမ်းတိုကိုတော့ မေလ ၅ ရက် နေ့က ဘောက်ထော်မှာ စတင်ရိုက် ကူးနေပါပြီ။ အကယ်ဒမီဆုတွေဆွတ်ခူးထားတဲ့ မိဘနှစ်ပါးကနေ ပေါက်ဖွားလာတဲ့ သားတစ်ယောက်ဖြစ်တာနဲ့ အညီ အနုပညာအပေါ်ဈာန်ဝင်စားမှုကတော့ မိဘနှစ်ပါးနဲ့ ထပ်တူပါပဲ။ ရိုက်ကွင်း မှာလည်း ဒါရိုက်တာတစ်ယောက်အနေနဲ့ စီစဉ်ညွှန်ကြားနေတဲ့ သားဖြစ်သူကို ဒါရိုက်တာစင်ရော်မောင်မောင်နဲ့ မေသန်းနုတို့ ပီတိအပြုံးတွေကိုယ်စီနဲ့ ကြည့်ရှု နေကြပုံက ကြည်နူးစရာမြင်ကွင်းပါပဲ။ မင်းသန့်မောင်မောင်ကိုယ်တိုင် ဒါရိုက်တာ အနေနဲ့ ရိုက်ကူးတဲ့ဇာတ်လမ်းတိုမှာ ပါဝင်သရုပ်ဆောင်ကြတဲ့ သရုပ်ဆောင်တွေကတော့ ရဲအောင်၊ မေသန်းနု၊ မေစူးနိုင်တို့ပဲဖြစ်ပါတယ်။

ဒီဇာတ်လမ်းတိုကတော့ မင်းသန့် မောင်မောင်ကိုယ်တိုင် သူ့ဘဝရဲ့ အကြောင်းအရာ၊ သူ့ရဲ့ စိတ်ခံစားမှုကို ဇာတ်လမ်း ဆင်ကာ ရိုက်ကူးခြင်းဖြစ်တယ်လို့ သိရပါတယ်။ ”သူ့ရဲ့ ခံစားမှုကို ဇာတ်လမ်းဆင်ထား တာပါ။ သူ့ဘဝရဲ့အကြောင်းအရာအားလုံးအတိအကျတော့ မဟုတ်ပါဘူး။ ရိုက်ကူးလို့ လည်း အဆင်ပြေအောင် သူ့ရဲ့ခံစားမှုလေးလည်း ပါအောင်ဆိုပြီး သူက မိသားစုဒရာမာ လေးကို စဉ်းစားပြီး ရိုက်ကူးထားတာပါ” လို့ သားဖြစ်သူ ရိုက်ကူးတဲ့ ဇာတ်လမ်းတိုနဲ့ပတ် သက်ပြီး မေသန်းနုက ပြောပြပါတယ်။ မင်းသန့်မောင်မောင်က ဇာတ်လမ်းတိုကို ၅ ရက်ကြာရိုက်ကူးသွားမှာဖြစ်ပြီး ရန်ကုန်မှာပဲရိုက်ကွင်းတည်ရိုက်ကူးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ဇင်မာနွယ်၊

ဓာတ်ပုံ – ဇော်ဝင်းအောင်

 

 


LEAVE A REPLY

Please enter your comment!
Please enter your name here