ထိန်ပင်အမှိုက်ပုံ မီးလောင်မှုဖြစ်စဉ်နှင့် စုပေါင်းအင်အား မေတ္တာခွန်အားကြီးမားမှု ပြယုဂ် (၄)

0
97

မြန်မာနိုင်ငံအဝှမ်းမှာ သိမ့် သိမ့်တုန်သွားအောင် သတင်းကြီး ရေပန်းစားသွားတဲ့ဖြစ်စဉ်ကတော့ ဧပြီလ ၂ဝ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်ရှိ ထိန်ပင်အမှိုက်ပုံကြီး မီးလောင်ခြင်းပါပဲ။ ထိန်ပင်အမှိုက်ပုံ မီးလောင်မှုဖြစ်စဉ်ဟာ ငြှိမ်းသတ်ရခက်ခဲပြီး အနီးပတ်ဝန်းကျင်တစ်ခုလုံး အသက်ရှုရခက် မွန်းကြပ်မှုနဲ့ ဘေးဆိုးအန္တရာယ်များ ဖြစ်ပွားစေခဲ့ရာ အသက်ဆုံးပါးခဲ့သူရော၊ ဆေးရုံတက် ကုသရသူများပါ ရှိစေခဲ့ပါတယ်။ ဒီထိန်ပင်အမှိုက်ပုံ မီးလောင်မှုကို မိမိအသက်ကို ပဓာနမထားဘဲ အင်တိုက်အားတိုက် မီးငြှိမ်းသတ်ခဲ့ကြတဲ့ မီးသတ်ရဲဘော်များ၊ တပ်မတော်သားများတို့ရဲ့ နိုင်ငံ့ဝန်ထမ်းအသိစိတ်ထက်သန်စွာ စွမ်းဆောင်မှုများက အံ့မခန်းစွမ်းဆောင်မှုဖြစ်ခဲ့
သလို ပြည်သူလူထုနဲ့ စေတနာရှင် ကုသိုလ်ပြုသူများ၊ ပရဟိတသမားများအနုပညာရှင်များတို့ စုပေါင်းအင်အား ပံ့ပိုးပေးကြမှုကလည်း မေတ္တာအင်အားခွန်အားကြီးမားမှုပြယုဂ်ဖြစ် တည်စေခဲ့တာမို့ အနုပညာရှင်တို့ရဲ့ ရင်တွင်းစကားသံများ စုစည်းဖော်ပြလိုက်ရပါတယ်။

ဂုဏ်ရည်အေးကျော်

ဂုဏ်ရည်တို့သွားလှူတုန်းကတော့ 100Plus နဲ့ပူးပေါင်းပြီး အချိုရည်ဗူး တစ်ထောင်ကျော်ကို သွား လှူခဲ့ပါတယ်။ ဆေးပစ္စည်းတွေလည်း လှူဖြစ်ပါတယ်။ အဓိကကတော့ ဂွမ်း၊ အရက်ပြန်နဲ့ အနာကပ်တဲ့ ပလာစတာတွေကိုလှူခဲ့တယ်။ နောက်ပြီး မီးသတ်သမားတွေအတွက်လည်း မျက်နှာ သုတ်ပုဝါတွေ လိုအပ်တယ်လို့ ကြားတာနဲ့ မျက်နှာသုတ်ပုဝါတွေလည်းလှူခဲ့တာပါ။ ဂုဏ်ရည် တို့ကသွား လှူတဲ့ အချိန်မှာတော့ အလှူခံဌာနကို မသွားဖြစ်ဘဲမီငြှိမ်းသတ်နေတဲ့အထဲအထိကို ကိုယ်တိုင်ကိုယ်ကျ ရောက်ခဲ့ တယ်။ ဂုဏ်ရည်လည်း မီး သတ်နေတဲ့လူတွေနဲ့တွေ့တော့ စကားတွေပြောဖြစ်တယ်။ သူတို့ပြောပြ တာက သူတို့ဘဝမှာ မီးငြှိမ်းသတ်ပြီးရင် အမြဲတမ်းမောပန်းပြီးတော့ပဲ ပြန်ထွက်လာတယ်။ အခုကတော့ တစ်နေကုန်မီးငြိမ်းသတ်နေရပေမယ့်မမောဘူး။ အိပ်တောင်မအိပ်ဖြစ်ဘူး။ ခဏလေးပဲငိုက်တယ်။ ပြီးရင် ကျွန်တော်တို့မှာ အားတွေအပြည့်ပါပဲ။ အားလုံးကလည်း ကျွန်တော်တို့ ကိုအားပေးကြတဲ့အတွက် ပင်ပန်းတာကိုမခံစားရပဲ အားပြည့်နေတယ်လို့ ဂုဏ်ရည်ကိုပြောပြပါတယ်။ ဂုဏ်ရည်လည်း မီးသတ် သမားတွေ လက်ထဲအရောက် လှူဒါန်းနိုင်ခဲ့တဲ့အတွက် တကယ်ကိုပီတိဖြစ်ပြီး ဝမ်းသာရပါတယ်။ ကြည်နူးရပါတယ်။

အိနုဝေ

ထိန်ပင်အမှိုက်ပုံ မီးလောင်သွားတဲ့အတွက် တော်တော်များများ ပတ်ဝန်းကျင်ကလူတွေ အခက်အခဲ ကြုံကြတဲ့အတွက်စိတ်မကောင်းဖြစ်ရပါတယ်။ ညီမကတော့ အလုပ်တွေများနေတာနဲ့ ကိုယ်တိုင်သွား ရောက်ပြီး လှူဒါန်းမှုတွေမလုပ်လိုက်ရပါဘူး။ တကယ်ကို စေတနာပါပါနဲ့ မီးငြိမ်းသတ်ပေးနေကြတဲ့ မီးသတ်သမားတွေအားလုံးကိုလည်း လေးစားမိပါတယ်။ အားလုံးလည်း အန္တရာယ်ကင်းပြီးတော့ မီးလည်း အမြန်ဆုံးငြိမ်းပါစေလို့လည်း ဆုတောင်းပေးပါတယ်။

သက်ထားစုစံ

ထိန်ပင်အမှိုက်ပုံ မီးလောင်မူ မှာညီမက ပဲခူး Shooting ရောက်နေလို့ညီမကိုယ်တိုင်သွားရောက် ပြီးမလှူဖြစ်ခဲ့ပါဘူး။ ဒါပေမဲ့ organi-zation လက်အောက်မှာရှိတဲ့ ညီမ သူငယ်ချင်းတွေနဲ့အတူအလှူငွေထည့် ဖြစ်တယ်။ သေချာစုံစမ်းပြီးတော့မှ လှူဒါန်းစေချင်ပါတယ်။လှူတန်းဖို့ စိတ်ကူးထားတဲ့ သူတွေကိုလည် တကယ်လိုအပ်တဲ့ပစ္စည်းတွေကိုလည်း သွားရောက်ပြီးလှူဒါန်းပေးစေချင်ပါတယ်။ တချို့ကျ တော့ ရှိတဲ့ပစ္စည်တွေ ပုံနေတာရှိတယ်။ အဲ့ဒါကြောင်းသူတို့ဘာလိုအပ်လဲဆိုတာကို သူငယ်ချင်းတွေ တော့ ကိုယ်တိုင်သွားလှူကြပါတယ်။ မီးငြိမ်းအောင် အားလုံး ဝိုင်းဝန်းပြီးတော့ မီးငြှိမ်းသတ်ပေးနေကြတဲ့ မီးသတ်သမားတွေအားလုံးကိုလည်း လေးစားပါတယ်။ ကိုယ်ကျိုးမပါပဲ ဝိုင်းဝန်းပြီး မီးသတ်ပေးနေကြတဲ့ လူတွေအားလုံးအား အန္တရယ်ကင်းပါစေလို့လည်း ဆုတောင်းပေးပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here