စက္ကူဖြင့်ပြုလုပ်တဲ့ ပန်းချီကားများကို ပြသပေးမယ့် ဆန်းသစ်တီထွင် စက္ကူပန်းချီပြပွဲ

0
226

စက္ကူဖြင့်ပြုလုပ်တဲ့ ပန်းချီကားများ ဖန်တီးလျက်ရှိတဲ့ ဒေါ်မြမြဦးရဲ့ ‘ံHidden Treasures’ လို့ အမည်ပေးထားတဲ့ ဆန်းသစ်ထီထွင်စက္ကူ ပန်းချီပြ ပွဲကို မေလ ၁၂ ရက် နဲ့ ၁၃ ရက်နေ့များမှာ Yangon Gallery မှာ ကျင်းပပြု လုပ်တော့မှာ ဖြစ်ပါတယ်။ အဆိုပါဆန်းသစ်တီထွင် ပန်းချီပြပွဲနဲ့ပတ်သက်ပြီး မေလ ၃ ရက်နေ့က ရန်ကုန်မြို့ အလုံလမ်းပေါ်မှာရှိတဲ့ My Garden Restaurant မှာ စာနယ်ဇင်းတွေ့ဆုံပွဲလုပ်ကာ ရှင်းလင်းပြောကြားခဲ့ပါတယ်။ ဒေါ်မြမြအေးမှာ ၂ဝဝဝ ခုနှစ်မှစပြီး စက္ကူဖြင့်ပြုလုပ်တဲ့ ပန်းကတ်များ၊ စက္ကူ ပန်းဖြင့် မင်္ဂလာဆောင် ကတ်များပြုလုပ်၊ ပိုစတာများ ပြုလုပ်ခဲ့ပြီး လက်ရှိမှာ လည်း ကြိုးစားတီထွင် ပြုလုပ်နေဆဲဖြစ်ပါတယ်။ သူမရဲ့ ဆန်းသစ်တီထွင်စက္ကူ ပန်းချီပြပွဲနဲ့ ပတ်သက် ပြီး ဒေါ်မြမြဦးက ခုလို့ပြောပြခဲ့ပါတယ်။

”ဒီလိုစက္ကူနဲ့ တီထွင်ဖန်တီးထားတဲ့ ပန်းချီကားပေါင်းအား ကိုးမျိုးလောက် ရှိပါတယ်။ Anniversary လိုနေ့မျိုးမှာ ပေးဖို့သင့်တော်မယ့် ပန်းချီကားမျိုးတွေ၊ Romance ဆန်တဲ့ပန်းချီကားမျိုးတွေ၊ ပြီးတော့ congratulations လုပ်လို့ အဆင်ပြေမယ့် ပန်းချီကားမျိုးတွေလည်းပါတယ်။ ပြီးတော့ရာသီဥတုနဲ့ ပတ် သက်တဲ့ ပန်းချီကားတွေလည်းပါတယ်။ လိုချင်တဲ့ပုံစံတွေကို ရေးဆွဲ ခိုင်းတဲ့ အခါမှာလည်း ကိုယ်ကကို သူ့တို့က ဘယ်လိုပုံစံလေး လိုချင်တယ်။ လိုချင်တဲ့ ဟာလေးတွေ ထည့်ဆွဲခိုင်းကြတာလည်း ရှိတယ်။ အဲဒီလိုအခါမျိုးတွေ ကျတော့ လည်း ကိုယ်က သူတို့ဆီက ပညာတွေပြန်သင်ရပါတယ်။ ဒီပြပွဲကိုလည်း အားလုံးကို လာရောက်ကြည့်ရှုဖို့ ဖိတ်ခေါ်ပါတယ်။ လိုအပ်တာတွေ အကြံ ပေးချင်တာတွေရှိမယ်ဆိုရင်လည်း အားလုံးကို ကြိုဆိုပါတယ်” လို့ သူက ပြောပြခဲ့ပါတယ်။

သတင်း၊

ဓာတ်ပုံ – ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here