ထိန်ပင်အမှိုက်ပုံမီးအား အဓိကရုဏ်း နှိမ်နင်းရေးသုံးရေ အမြောက်ယာဉ် Water Cannon များဖြင့် ရဲတပ်ဖွဲ့ မှလည်း ဝိုင်းဝန်းကူညီငြှိမ်းသတ်

0
202

ထိန်ပင်အမှိုက်ပုံ မီးလောင်မှု အား မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်မှ ထုတ်ပေးထားသည့် အဓိကရုဏ်း နှိမ်နင်းရေးသုံးရေအမြောက်ယာဉ်Water Cannon ၃ စီးဖြင့် ရဲတပ်ဖွဲ့ မှလည်း ဝိုင်းဝန်ကူညီငြှိမ်းသတ်လျှက် ရှိသည်။

ထိုသို့ မီးငြှိမ်းသတ်လျက်ရှိရာ အမှတ် (၅) လုံခြုံရေးရဲကွပ်ကဲမှုအဖွဲ့ ခွဲကွပ်ကဲမှုအဖွဲ့ခွဲမှူး ရဲမှူးကြီးအောင် မြင့်နိုင်ဦးစီး တပ်ဖွဲ့ဝင်အင်အား ၁၂ဝ ဦး၊ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့၊ တိုင်းအကူရဲတပ်ဖွဲ့ခွဲမှူး ဒုတိယရဲမှူးကြီးယုနိုင် ဦးစီးတပ်ဖွဲ့ ဝင်အင်အား ၁၇၅ ဦး၊ စုစုပေါင်းအင် အား ၂၉၅ ဦး၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်မှ ထုတ်ပေးထားသည့် အဓိ ကရုဏ်းနှိမ်နင်းရေးသုံးရေအမြောက် ယာဉ် Water Cannon ယာဉ် ၃ စီး၊ ရေသယ်ယာဉ် ၃ စီးတို့ဖြင့် ဝိုင်း ဝန်းငြှိမ်းသတ်ခဲ့ကြသည်။

လှိုင်သာယာမြို့နယ်၊ ထိန်ပင် အမှိုက်ပုံမီးလောင်နေမှုအား မီးသတ် တပ်ဖွဲ့ဝင်များနှင့် အတူတပ်မတော် သားများ၊ ရန်ကုန်တိုင်းဒေသကြီး ရဲ တပ်ဖွဲ့၊ အမှတ်(၅)လုံခြုံရေးရဲ ကွပ်ကဲ မှုအဖွဲ့ခွဲ၊ ရန်ကုန်မြို့တော်စည်ပင် သာယာရေး ကော်မတီဝန်ထမ်းများ ဝိုင်းဝန်း ကူညီငြှိမ်းသတ်ခဲ့ကြသည်။

PN

Source

ရန်ကုန်တိုင်းရဲတပ်ဖွဲ့


LEAVE A REPLY

Please enter your comment!
Please enter your name here