စတန့်အဖွဲ့တွေ တည်ထောင်နိုင်ဖို့ နောက်ခံဘတ်ဂရောင်းရှိဖို့လိုတယ် ရဲမင်းပိုင်

0
164

အက်ရှင်မင်းသားကြီးရဲမင်းပိုင် က သူ့ရဲ့ ၃ကားမြောက် ရုပ်ရှင် ဇာတ်ကားကြီးဖြစ်လာမယ့် ကာဗာလို့ အမည်ပေးထားတဲ့ ရုပ်ရှင်ဇာတ်ကား ကြီးကို အကယ်ဒမီလူမင်း၊ နေဆန်း၊ သတ္တိ၊ ထူးခြား၊ ကျော်ဇင်ထွဋ်တို့ နဲ့အတူ ရိုက်ကူးလျက်ရှိနေပါတယ်။ အဲဒီဇာတ်ကားမှာတော့ လူဆိုး လူ မိုက်ကြီး တစ်ဦးဘဝကနေပြီး သူ ငယ်ချင်းဖြစ်သူ (အကယ်ဒမီလူမင်း) ကို ကာကွယ်ပေးဖို့အချိန်ရောက်လာ ရာမှာတော့ လူကောင်းတစ်ဦး ပြန် ဖြစ်လာပြီး လူဆိုးတွေနဲ့ ပြန်လည် တိုက်ခိုက်တဲ့ ဇာတ်ကောင်နေရာက နေပြီး ပါဝင်သရုပ်ဆောင်လျက်ရှိနေ တာဖြစ်ပါတယ်။ အက်ရှင် ဇာတ်ကား တစ်ခုဖန်တီးမှုရဲ့ နောက်ကွယ်က အခက်အခဲနဲ့ပတ်သက်ပြီး ဆက်ပြော ပြပေးတာကတော့ . . .

”အက်ရှင်ဆိုတာက များသော အားဖြင့် လူတွေအများကြီးပါဝင် ရတယ်။ ငွေကုန်ကြေးကျလည်း ပိုများတယ်။ အချိန်လည်းပေးရတယ်။ အက်ရှင် ဇာတ်ကားတစ်ကားဖြစ်ဖို့ ဆိုတာ မလွယ်ဘူးဗျ။ နောက်ပြီးတော့ ထိုးပြကြိတ်ပြနိုင်တဲ့ အနေအထား ရှိမှလည်း အက်ရှင်ဆိုတာကို ပရိ သတ်က လက်ခံမှာဖြစ်တယ်။ ခုန်ပျံ ကျော်လွှားနိုင်မှုမရှိရင်လည်း ဒီဟာ ကို အက်ရှင်ဇာတ်ကားဆိုပြီးတော့ ပရိသတ်ကမြင်မှာ မဟုတ်ဘူးဗျ။ ထိုး ကြိတ်ပြီးဆိုရင်လည်း ဇာတ်လမ်း ဇာတ်ကွက် ဇာတ်အိမ်လည်း ရှိရ မယ်။ အားလုံးအံ့ဝင်ခွင်ကျ ဖြစ်ရ မယ်။ မြန်မာပြည်မှာတော့ အက်ရှင် ဇာတ်ကားကောင်းတစ်ကားဖြစ်လာဖို့ ဆိုရင်မလွယ်လှဘူးဗျ။ အဲ့တော့ အက်ရှင်တစ်ကားဖြစ်ဖို့ဆိုတာ အစ် ကို့အမြင်ပြောရရင် ပရိုကျူဆာတွေရဲ့ အကုန်အကျခံနိုင်မှုအပေါ်မှာလည်း မူတည်တယ်ဗျ။ ပြီးတော့ သရုပ် ဆောင်တွေကလည်း အပင်ပန်းခံနိုင် မှုဒဏ်ကိုခံရမယ်။ ပရိသတ်က ဖိုက်တင်ဇာတ်ကားတစ်ကားကို ကြည့် လိုက်လို့တန်တယ်ဆိုတဲ့ စကားလေး တစ်ခွန်းကို ပြောလိုက်တယ် ဆို ရင်တော့ အစ်ကိုတို့ လုပ်ပြရကျိုးနပ် တာပေါ့။ ပရိသတ်က မတန်ဘူးဆိုတဲ့ စကားတစ်ခွန်း ထွက်လာပြီဆိုရင် တော့ အစ်ကိုတို့လုပ်ပြတဲ့နေရာမှာ ချို့ယွင်းချက်တွေရှိနေပြီလို့ ခေါ်ရမှာ ဖြစ်တယ်။ အစ်ကိုကတော့ ပါဝင်တဲ့ ဇာတ်ကားတိုင်းကို သူတို့ပေးတဲ့ ပိုက် ဆံနဲ့တန်အောင် ကြိုးစားထားပါ တယ်။ အဓိက က ဇာတ်ကားကောင်းဖို့ ဖြစ်ပါတယ်”လို့ ရဲမင်းပိုင်က ပြော ပြပေးပါတယ်။ အက်ရှင်စတန့် အဖွဲ့တွေဟာ နိုင်ငံတကာရုပ်ရှင် အသိုင်းအဝန်းတိုင်းမှာ ရှိကြပေမယ့် မြန်မာရုပ်ရှင် လောကမှာတော့ မရှိ သေးတာနဲ့ ပတ်သက်ပြီးတော့ …

”ဖြစ်နိုင်ရင် ဒီမှာလည်း ဖိုက် တင်းစတန့်အဖွဲ့ တစ်ခုကို အင်အား ကြီးမားတဲ့ ကုမ္ပဏီတစ်ခုကနေပြီး ဖန်တီးမယ်။ တည်ထောင်ပေးမယ်။ တည်ဆောက်ပေးမယ် ဆိုရင်တော့ ဒါမျိုးတွေ ဖြစ်ပေါ်လာဖို့ များတယ်။ အဓိကကတော့ အဲဒီလို စတန့်အဖွဲ့ တွေတည်ထောင်နိုင်ဖို့ နောက်ခံ ဘတ်ဂရောင်းရှိဖို့လိုတယ်။ မဟုတ် ရင်တော့ စတန့်အဖွဲ့တွေ ပေါ်လာဖို့ မလွယ်ပါဘူး။ ဘာလို့လဲဆိုတော့ ဖိုက်တင်ထိုးမယ့်သူတွေဟာ နေ့တိုင်း လေ့ကျင့်နေရမယ်။ လေ့ကျင့်ရင်းနဲ့ တိုက်ကွက်အသစ်တွေရမယ်။ လေ့ ကျင့်မှုဟာ သူတို့အတွက် ဝင်ငွေပါပဲ။ သူတို့ကို ကုမ္ပဏီကနေပြီးတော့ လ စဉ် လခပုံမှန်ပေးထားတယ်။ အဲ့လို ဆိုရင် သူတို့ရဲ့စားရေးနေရေး ထိုင် ရေးကအစ အစဉ်ပြေနေတဲ့အတွက် ဖိုက်တင်တွေကို နေ့စဉ်လေ့ကျင့်နေ မယ်။ သူတို့ရဲ့လုပ်ငန်းအဖြစ်၊ သူတို့ စီးပွားရေး စားဝတ်နေရေးအဖြစ် ကြိုးစားခွင့်ရကြမယ်။ ဒီမှာက အဲ့ဒီလိုမရှိသေးတဲ့ အခါကျတော့ စတန့်အဖွဲ့ ကောင်းကောင်း ရှိလာဖို့ မဖြစ်နိုင်ဘူး။ တည်ထောင်ပေးမယ့် ကုမ္ပဏီလည်းမရှိဘူး။ ပံ့ပိုးတဲ့သူ လည်းမရှိဘူး။ ဒီမှာက မရှိရှိရာတွေနဲ့ ကိုယ်ဘာသာ ကိုယ်လေ့ကျင့်နေကြ ပြီးတော့ ရုပ်ရှင်လူကြမ်းဘဝ၊ ဖိုက် တာဘဝကို ဝင်ရောက်နေကြ ရတဲ့သူ တွေချည်းပဲ။ အဲဒီတော့ အစ်ကို မြင်တာက ဖိုက်တင်းကောင်းကောင်း ဖြစ်ဖို့ဆိုရင် ဘတ်ဂရောင်းတောင့် တင်းဖို့လိုတယ်။ အခြားနိုင်ငံတွေနဲ့ သွားယှဉ်လို့ မရသေးဘူး။ အစ်ကို တို့က အခုမှစနေကြတုန်းပဲ ရှိသေး တယ်။ အစ်ကိုတို့ဆီမှာ ဖိုက်တင်း ကောင်းတဲ့ မင်းသား၊မင်းသမီးတွေ ပေါ်ပေါက်လာဖို့လည်း လိုသေးတယ် လေ” လို့ ပြောပြပေးခဲ့ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here