ဗီဒီယိုဈေးကွက်ဆက်လက်အသက်ရှင် စေဖို့ ကြိုးစားနေပါကြောင်း ရန်ကုန်တိုင်း ဗီဒီယိုအခြေခံဖွဲ့ ဥက္ကဋ္ဌ ဦးဇမ္ဗူထွန်းသက်လွင် ပြော

0
164

အခုခေတ်မှာ ဆိုရှယ်မီဒီယာတွေ ပေါ်ပေါက်လာ ပြီး ပြည်သူတွေအနေနဲ့ များစွာသောအစီအစဉ်တွေကို ကြည့်ရှုလို့ရနေပြီဖြစ်တဲ့အတွက် ဗီဒီယိုဇာတ်ကား ဈေး ကွက်ကကျဆင်းမှုတွေဖြစ်ပေါ်လာသလို ထုတ်လုပ်မှုပိုင်း တွေမှာလည်း ကျဆင်းလာကြောင်း ရန်ကုန်တိုင်း ဗီဒီယို အခြေခံအဖွဲ့ဥက္ကဋ္ဌ ဦးဇမ္ဗူထွန်းသက်လွင်က ပြောပါ တယ်။

”ဇာတ်ကားတစ်ကားကို ထုတ်ရိုက်ကူးတဲ့အခါ ဘယ်လောက်ကုန်ကျမလဲပေါ့။ အဲဒီကုန်ကျမှုစရိတ်က ကော ပြန်ရမလားပေါ့။ အဲဒါအဓိက တွက်ချက်ရတယ်။ ထုတ်လုပ်သူကတော့ ရေရှည်အရှုံးခံပြီ သူမရိုက်ကူး နိုင်ဘူးလေ။ အဲဒီအတွက် ထုတ်လုပ်မှုစရိတ်က နိမ့် ကျလာတယ်။ အားပေးမှုပရိသတ်တွေလည်း နိမ့်ကျလာ တယ်။ လက်ရှိအခြေအနေအရ ခိုးကူးခွေလည်းပါတယ်။ အွန်လိုင်းတွေမှာလည်း ဇာတ်ကားအသစ်တွေကို မဖြန့် ရသေးခင်မှာ တင်ကြတယ်။ အဲဒီတော့ ဈေးကွက်အရ ငှားရမ်းရေးဆိုင်တော်တော်များများသည် ငှားရမ်းရေး အားကျဆင်းတဲ့အတွက် ဆိုင်တွေပြုတ်ကုန်တယ်။ ပြုတ် ကုန်တော့ ဝင်ငွေလည်းကျဆင်းတယ်။ ထုတ်လုပ်သူ လည်း ရှုံးတယ်။ ဒီတော့ ရုပ်ရှင်ဘက်ကို ပြန်လှည့်တယ်။ ရုပ်ရှင်ဘက်ကို ဗီဒီယိုထုတ်လုပ်သူတွေက ရောက်ရှိသွား တဲ့အချိန်မှာ ဗီဒီယိုရိုက်ကူးရေးအားနည်းလာတယ်။ ဗီဒီ ယိုမှာ လက်ရှိအသက်ရှင်ကျန်တာကတော့ နယ်အကြိုက် ဇာတ်ကားတွေပါပဲ။ တချို့နယ်တွေမှာတော့ ဗီဒီယိုကို ကြည့်ရှုနေဆဲပါ”လို့ လက်ရှိ ဗီဒီယိုလောကအခြေအနေနဲ့ ပတ် သက်လို့ ဦးဇမ္ဗူထွန်းသက်လွင်က ပြောပြပါတယ်။ ရန်ကုန်တိုင်းမှာလည်း ဗီဒီယိုခွေအငှားဆိုင်တွေလျော့ ပါးမှုတွေရှိနေပြီး ကျန်ရှိနေသေးတဲ့ဆိုင်တွေအနေနဲ့လည်း စည်းကမ်းသေဝပ်စွာနဲ့ အကျိုးစီးပွားအရသော် လည်းကောင်း မှန်မှန်ကန်ကန်လေးလုပ်ကိုင်ဆောင်ရွက်ပေးဖို့ မေတ္တာရပ်ခံထားပါကြောင်း ဗီဒီယိုကိုလည်း ဆက်လက်အသက်ရှင်နေစေဖို့ ကြိုးစားနေကြပါကြောင်း လည်း သူက ဆက်ပြောပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here