ဒုဋ္ဌဝတီကို လွန်၍ အပိုင်း-၂ လာဦးမယ်ဆိုတဲ့ ဟစ်ဟော့ပ် အဆိုတော် ရဲနောင်

0
236

 

‘ဒုဋ္ဌဝတီကိုလွန်၍’ ကတော့ အောင်မြင်စွာ ရုံတင်ပြသနိုင်ခဲ့ပြီးပြီ။ ဒီနေရာမှာ တစ်ခုချီးကျူးရမှာက ဇာတ်လမ်း၊ ဇာတ်ညွှန်းရေးတဲ့ ဟစ်ဟော့ပ်အဆိုတော်ရဲနောင်ကိုပါ။ သူ့ရဲ့ လေ့လာမှုအားတွေကို ဇာတ် လမ်း၊ ဇာတ်ညွှန်းအဖြစ် ပြန်လည်အ သက်သွင်းတဲ့နေရာမှာ ‘ဒုဋ္ဌဝတီ ကိုလွန်၍’ ဇာတ်ကားက အနုပညာ အသက်ဝင်လှပါတယ်။ နောက်ထပ်ဇာတ်ညွှန်းတွေရေးထားတာလည်းရှိ သေးကြောင်းပြောတဲ့ ရဲနောင် က….

”ဇာတ်လမ်းရေးထားတာတွေအများကြီးပါ။ ကျွန်တော့်ဇာတ်လမ်းတွေက ရှင်းရှင်း ပြောလို့ရှိရင် ကျွန်တော့်စိတ်ထဲက ဖြစ်လာတာတွေကိုရေးတာပေါ့နော်။ ကျွန်တော့်အကြိုက်ဖြစ်နေပေမယ့် လူတွေရဲ့အကြိုက်နဲ့လည်းတည့်မှာ ပါ။ ကျွန်တော်ယုံကြည်ပါတယ်။ အခုဒီ ဒုဋ္ဌဝတီကိုလွန်၍ရဲ့ အပိုင်း အဆက်ပေါ့နော်။ နံပါတ်-၂ ကိုလည်း ကျွန်တော်ရေးထားပြီးသား။ တတိယ အပိုင်းအထိပေါ့။ ဒုတိယပိုင်းကို လာမယ့် ဒီဇင်ဘာမှာ ကျွန်တော်တို့ ရိုက်ကူးမယ်။ နောက်ထပ် ဒီကြားထဲမှာလည်း ဇာတ် ကားတစ်ကား လာမယ်။ သြဂုတ်လမှာလည်း ပုဂံခေတ်ကလိုမျိုး အကြောင်းတစ်ခုကို ကျွန်တော်တို့ ရိုက်ကူးမယ်” လို့ ပြောပါတယ်။

ဒါရိုက်တာအာကာရယ်၊ ရဲနောင်ရယ်၊ အောက်မှာ ညီလေးတစ်ယောက် လည်းရှိသေးကြောင်းပြောတဲ့ရဲနောင်က သူ့အစ်ကို အာကာနဲ့ ကြားက ပတ်သက်မှုတွေ၊ သံယောဇဉ်တွေအကြောင်းကိုလည်း အခုလို ပြောပြပါ တယ်။ ”ကိုအာကာနဲ့ ကျွန်တော်နဲ့ အသက်အရွယ်က ၂ နှစ်ကွာတယ်။ ကျွန်တော်တို့မှာ ညီအစ်ကို ၃ ယောက်ရှိတယ်။ တစ်ယောက်ကို ၂ နှစ်စီကွာ တယ်။ ကိုအာကာ စင်ကာပူကိုသွားတဲ့အချိန်မှာ ကျွန်တော်က ကျွန်တော့် မိသားစုရဲ့ တချို့ကိစ္စတွေမှာ ဝင်ကူရတယ်။ သူ့ကိုတော်တော်များများက စင်ကာပူ မှာ ဒါရိုက်တာသင်တန်း သွားတက်တယ်လို့ထင်တာ။ အမှန်က မဟုတ်ပါဘူး။ အလုပ်သွားလုပ်တာပါ။ စင်ကာပူမှာITအလုပ်လုပ်ရင်းနဲ့ ဒါရိုက်တာပညာကိုလည်း လေ့လာတယ်။ မိသားစုကိုလည်း ထောက်ပံ့ တယ်။ သူနဲ့ကျွန်တော်နဲ့က တစ်သက်လုံး ရင်းရင်းနှီးနှီးနေလာခဲ့တာပေါ့။ နောက်ကျတော့ သူကစင်ကာပူကနေပြန်လာတယ်။ ကျွန်တော်က ဒီမှာ စတူဒီယိုဆောက် ထားတယ်။ သူပြန်လာတော့ သူ့ကို Video Production လုပ်ဖို့ စတူဒီယိုတစ်ခြမ်းပေးလိုက်တယ်။ ရွှေဘုံသာလမ်းက အခန်းကျဉ်းကျဉ်း လေးထဲမှာ ကျွန်တော်တို့ စပြီးတော့လုပ်လာတာ အခုဆို ၆ နှစ်လောက်ဖြစ်ပြီ။ ၆ နှစ်အတွင်း ကျွန်တော်တို့ Project တွေ အများကြီး ရိုက်ကူးပြီးသွားပြီ။ ဒီလိုနှစ်ကာလကြားထဲမှာ အားလုံး အမှတ်တရတွေချည်းပဲ” လို့ အာကာ က ပြောပြခဲ့ပါတယ်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here