၁ လကြာ သီလရှင်ဝတ်မယ့် ဆရာလေး မခေမာစာရီ (ခ) ဝင်းသပြေထွန်း

0
563

သဘင်မင်းသမီး ဝင်းသပြေထွန်းက မိခင်မွေးနေ့အမှတ်တရအဖြစ် ဧပြီ ၃ဝ ရက်နေ့ ကဆုန်လပြည့် နေ့က မန္တလေးမြို့မှာ သီလရှင်ဝတ်ကုသိုလ်ပြုခဲ့ပါတယ်။

သီလရှင်ဘွဲ့နာမည်ကတော့ မခေမာစာရီဖြစ်တယ်လို့သိရပြီး မိခင်ကို ကျေးဇူးဆပ်ချင်တဲ့စိတ်ကြောင့် မိခင်ဖြစ်သူရဲ့ မွေးနေ့မှာ သာသနာ့ဘောင် ဝင်ရောက်ခဲ့ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

သူ့အနေနဲ့ကတော့ သီလရှင် ဝတ်ချင်ခဲ့တာကြာပြီဖြစ်ပေမယ့် ဇာတ်သဘင်ဖျော်ဖြေပွဲတွေနဲ့ မအား လပ်တာကြောင့် မဝတ်ဖြစ်ခဲ့သေးတာပဲဖြစ်ပါတယ်။ ဒီနှစ်သင်္ကြန်ကာလမှာလည်း တရားစခန်းဝင်ရောက် ဖြစ်ခဲ့ပြီး ဘာသာရေးနဲ့ ပတ်သက်လို့ တောက်လျှောက်လုပ်ဖြစ်ခဲ့တယ်လို့ ပြောပါတယ်။

“ကဆုန်လပြည့်က အမေ့မွေးနေ့ပါ။ အမေကတော့ ယောင်တစ်ထုံး ဆုံးခံရပြီး ထိထိရောက်ရောက် လေးဖြစ်စေချင်တယ်တဲ့။ တကယ်က တစ်သက်လုံး ဝတ်ချင်တာပါ။ အဖေက လူဝတ်ကြောင်စွန့်ပြီး သာသနာ့ဘောင်ဝင်သွားတော့ အဖေ့အတွက် စိတ်အေးရပေမယ့် ကိုယ့်မှာ လှည့်ကြည့်စရာ အမေနဲ့ မောင်လေးရှိသေးတော့ အပြီးတိုင် သီလရှင်ဝတ်သွားဖို့ထိ စိတ်မပြတ်နိုင်သေးပါဘူး”လို့ သီလရှင်ဝတ်ဖြစ် ခြင်းနဲ့ ပတ်သက်လို့ ဆရာလေး မခေမာစာရီခေါ် ဝင်းသပြေထွန်းက ပြောပါတယ်။

တစ်လကြာ သီလရှင်ဝတ်မှာဖြစ်ပြီး သာသနာ့ဘောင်ဝင်ရောက်နေစဉ် အချိန်အတွင်းမှာ ဖုန်းတွေ ပိတ်ထားပြီး သီလရှင်ဆရာလေးတစ်ပါးမှာ ရှိသင့်ရှိအပ်တဲ့ သိက္ခာအတိုင်း ကျင့်ကြံ နေထိုင်အားထုတ်သွားမှာဖြစ်ကြောင်းပြောခဲ့ပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here