သရုပ်ဆောင်မေရဲ့ မွန်မြတ်လှတဲ့ မွေးနေ့အလှူ

0
243

သရုပ်ဆောင်မေက မေလ ၂ ရက်နေ့မှာ ကျရောက် တဲ့ သူ့ရဲ့ မွေးနေ့အလှူအဖြစ် ရန်ကုန်ပြည်သူ့ဆေးရုံကြီး မှာ အနယ်နယ်အရပ်ရပ်မှ လာရောက်ပြီး ဆေးကုသမှု ခံယူနေကြတဲ့ နွမ်းပါးလူနာများထဲမှ သံဃာတော် ၁ဝ ပါးကို အလှူငွေများလှူဒါန်းခဲ့ပါတယ်။ ဒါ့အပြင် မှော်ဘီ အောင်ဇဗ္ဗူဘုန်းကြီးကျောင်းရှိ ကျောင်းထိုင်ဆရာတော် ဘုရားကြီးနှင့်တကွ ဆရာတော်များ သီလရှင်များ ယောဂီများအတွက် နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ပြီး ဘုရားဖူးလာရောက်ကြ သူများကိုလည်း စတုဒီသာ ကျွေးမွေးလှူဒါန်းခဲ့ပါတယ်။

သူ့အနေနဲ့ နှစ်စဉ်မွေးနေ့တိုင်းကို အလှူအတန်း တွေ ပြုလုပ်ကာ ဖြတ်သန်းလေ့ရှိသူတစ်ဦးဖြစ်ပြီး ဒီနှစ် မွေးနေ့မှာလည်း အခုလို မွန်မြတ်လှတဲ့ အလှူဒါနပြု လုပ် မွေးနေ့ကုသိုလ် ယူခဲ့တာပဲဖြစ်ပါတယ်။ သရုပ် ဆောင်မေက အခုလက်ရှိမှာတော့ ဇာတ်ကားတွေကို ပါဝင်ရိုက်ကူးလျက်ရှိပြီး အောင်မြင်မှုရရှိနေတဲ့ သရုပ် ဆောင်တစ်ဦးလည်းဖြစ်ပါတယ်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here