လာမယ့် မုတ်သုံရာသီမှာ တေးစီးရီး တစ်ခွေ ထွက်ဦးမယ့် ဗညားဟန်

0
236

၁၁ ခွေမြောက် တစ်ကိုယ်တော် တေးစီးရီးကို ဖျော်ဖြေပွဲတွေရက်နားမယ့် မိုးတွင်းကာလမှာ ထုတ်သွားဖို့စီစဉ်နေ ကြောင်း အဆိုတော် ဗညားဟန်က ပြောပါတယ်။ ဝါဆိုနဲ့ အကျိုးပေးတဲ့ မြန်မာသံအဆိုတော်ရဲ့ အခုထွက်ရှိမယ့် အခွေ ကတော့ ဝါဆိုနဲ့ ပတ်သက်တာ မပါပေမယ့်လည်း မိုးတွင်းကာလ ဝါဆိုလရဲ့ အနီးအနားတစ်ဝိုက်မှာ ထုတ်ဖြစ်မယ်ထင် လို့လည်း ဆိုပါတယ်။

”နယ်ပွဲတွေသွားတဲ့အချိန် ကာလကတော့ ပြီးသွားပြီပေါ့နော်။ လာမယ့်မိုးရာ သီမှာတော့ အစ်ကို့ရဲ့ တစ် ကိုယ်တော်စီးရီးထွက်ဖို့ကို ပြင်ဆင်နေတယ်။ အွန်လိုင်းမှာတင်ထားတဲ့ သီချင်းလေးတွေကို စီးရီးအဖြစ် ပရိသတ်လက်ထဲကို ဒီဗီဒီကာရာအိုကေအဖြစ် ချပေးဖို့လုပ်နေပါတယ်။ စုံတွဲသီချင်းတစ်ပုဒ် ရိုက်ကူး ပြီးလို့ရှိရင်တော့ ဒီမိုးရာသီ မှာ ပရိသတ်လက်ထဲကို ချပေးမှာပါ။ ‘သတိရရဲ့လား မြခွာညို’ဆိုတဲ့ စီးရီး အသစ်ပါ။ အွန်လိုင်းမှာတင်ထားတာတော့ ကြာပါပြီ။ ပရိသတ်တွေလည်း တော်တော်များများ သိသင့်သလောက်တော့ သိနေပါပြီ။ အဲဒါ လေးလုပ်နေပါတယ်။ တေးရေးဆရာကတော့ ရာဇဝင်တစ်ကိုယ်တော်ရေးထားတဲ့ သီချင်းလေးတွေပါ”လို့ ဗညားဟန်က ပြောပါတယ်။

မြန်မာသံစဉ်ကို ချစ်မြတ်နိုးတဲ့ မြန်မာသံအဆိုတော်တစ်ယောက် အနေနဲ့ခေတ်မကောင်းတော့တဲ့ ဂီတဈေးကွက်မှာတောင် ပုံစံတစ် မျိုးနဲ့ လှုပ်ရှားနေတုန်းပါပဲ။ အရင်တုန်းကလို ဟောတစ်ခွေ၊ ဟောတစ်ခွေထွက်ဖို့ အဆင်မပြေတော့တဲ့ခေတ်မှာ အွန်လိုင်းနဲ့ လှုပ်ရှားနေ တုန်းပဲဖြစ်တဲ့ ဗညားဟန်က …”ဒီနေ့ထက်ထိအောင် ကျွန်တော် တို့ကို အားပေးနေကြတဲ့ မြန်မာသံစဉ်ပရိသတ်ကြီးကို ကျေးဇူးတင် ပါတယ်။ ကျွန်တော့်အနေနဲ့လည်း ပရိသတ်ကြီးအတွက် နောက်ထပ် မျှော်လင့်စောင့်စားနေကြတဲ့ မြန်မာသံစဉ်ပုံစံလေးတွေ ကို ဆက်လက်ပြီးတော့ ကြိုးစားပုံဖော်နေပါတယ်။ အခုလည်း ဒီစီးရီးလေးပြီး သွားလို့ရှိရင် တေးရေးဆရာ မင်းဂျွန်စိုးနဲ့ တွဲဖက်ပြီးတော့ နောက် ထပ်သီချင်း အသစ်လေးတွေကိုလည်း အသံသွင်းပြီးနေပါပြီ။ မကြာခင်လိုင်းပေါ် တင်တော့မှာပါ”လို့ ဗညားဟန်က ပြောပြခဲ့ပါတယ်။

မျိုးမောင် ၊

ဓာတ်ပုံ-ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here