ရွှေထူး သဘောကျခဲ့တဲ့ ရုပ်ရှင်ဇာတ်ကား

0
217

အဆိုတော်လည်းလုပ်သလို ‘ပက်ပက်စက်စက်ညှို့’ ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်ရိုက်ကူးထားပြီးဖြစ်တဲ့ ရွှေထူးတစ်ယောက် ဧပြီလ ၃ဝ ရက်နေ့ ညပိုင်းက သမ္မတရုပ်ရှင်ရုံမှာ ကျင်းပတဲ့ ဒါရိုက်တာအာကာရဲ့ ‘ဒုဋ္ဌဝတီကို လွန်၍’ Red Carpet Show ကို တော့ အရောက်လာအားပေးကြတာ တွေ့ရပါတယ်။ အက်ရှင်ဇာတ်ကားတွေကို သဘောကျတဲ့ရွှေထူး၊ ဂျစ်ကန်ကန်ကာရိုက်တာမျိုး ကိုမှ ရိုက်ကူးချင်တဲ့ရွှေထူးက ‘ဒုဋ္ဌဝတီကိုလွန်၍’ ရုပ်ရှင်ဇာတ်ကားကြီးရဲ့ ပရိသတ်တစ်ယောက်ဖြစ်ကြောင်းလည်း အခုလိုပြောပြပါတယ်။

”Teaser မှာကြည့်ရှုကတည်းကကို ကျွန်တော်ကိုယ်တိုင်တော်တော် သဘောကျတယ်။ ပြီးတော့ သူတို့ရဲ့ ရိုက်ချက်တွေ၊ သူတို့ဘယ်လောက် အထိ အပင်ပန်းခံထားတယ်။ သူတို့ဘယ်လောက်အထိ အချိန်တွေပေးထား တယ်ဆိုတာကိုတွေးကြည့်တာနဲ့ သိမှာပါ။ အက်ရှင်ကားတစ်ကားဖြစ်တဲ့ အတွက် တစ်ခေါက်တည်းနဲ့ ဖြတ်ခနဲ့ ရိုက်၊ ဖျတ်ခနဲ့မပြီးသွားဘူး။ သူတို့ အခေါက်ခေါက်အခါခါနဲ့ ရိုက်ကူးထားရမယ်ဆိုတာက Teaser လေး ကြည့်တာနဲ့တင်သိနိုင်တယ်။ သူတို့ဘယ်လောက်အထိကြိုးစားထားလဲ ဆိုတဲ့အရသာအပြည့်ခံစားချင်လို့ ကျွန်တော်အရောက်လာခဲ့တာပါ” လို့ သူကပြောပါတယ်။

ရွှေထူးတစ်ယောက် ဒုတိယတစ်ကိုယ်တော်အခွေလည်း ထွက်ပြီးပြီဆိုတော့ သူ့ရဲ့ နောက်ထပ်အနု ပညာခြေ လှမ်းအဖြစ် ရုပ်ရှင်ဆက်လက် ရိုက်ကူးတော့မယ့် အချိန် နီးကပ်လာပါပြီ။ ပထမဇာတ်ကားက မိုးစက်ဝိုင်နဲ့ ဆိုတော့ ဒုတိယဇာတ်ကားမှာ ဘယ် မင်းသမီးဖြစ်မလဲ၊ ရုပ်ရှင်ရိုက်ကူးဖို့က ဘယ်လို အခြေအနေရှိလဲလို့ဆိုတော့…..

”ဘယ်လိုအခြေအနေရှိလဲဆိုတော့ အခု ၆ လပိုင်းမှာ စပြီးတည်မယ်။ ၆ လ ပိုင်း၊ ၇ လပိုင်းလောက်မှာ ဇာတ်ကား ၂ ကားလောက် ရိုက်ကူးမယ်ဆိုပြီးပြော တယ်။ မင်းသမီးကတော့ မဝတ်မှုံရွှေ ရည်ပြောထားတယ်။ ရွှေမှုန်ရတီပြော ထားတယ်။ ကျန်တဲ့ Actor တွေ လည်း ပြောထားတယ်။ ကျွန်တော် သိပ်မသေချာသေးလို့ မပြောသေး တာပါ” လို့ ရွှေထူးကပြောပြခဲ့ ပါတယ်။

မျိုးမောင်

ဓာတ်ပုံ-ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here