ချစ်သူသက်တမ်း တစ်နှစ်ကျော်ပြီဖြစ်တဲ့ သူရိယ နဲ့ ဆုအိမ့်စံတို့ရဲ့ ပျော်ရွှင်စရာ ဖူးခက်ခရီးစဉ်

0
452

ပြီးခဲ့တဲ့ရက်ပိုင်းက သူရိယနဲ့ ဆုအိမ်စံတို့ စုံတွဲရဲ့ ထိုင်းနိုင်ငံအလည်အပတ်ခရီးစဉ်ပုံရိပ်တွေ အွန်လိုင်းမှာ ပြန့်နှံ့နေပြီး ပရိသတ်တွေရဲ့အားပေးကြည့်ရှုမှုကလည်း များပြားခဲ့ပါတယ်။ လေးရက်ကြာသွားရောက်ခဲ့တဲ့ ထိုင်းခရီးစဉ် မှာ သူရိယတို့ချစ်သူနှစ်ဦး ဖန်တီးခဲ့တဲ့ပျော်ရွှင်စရာ အမှတ်တရများအကြောင်းကိုလည်း သူရိယက …


“အမှန်တကယ်တော့ ထိုင်းခရီးစဉ်က သူငယ်ချင်းတွေနဲ့အုပ်စုလိုက်သွားကြတာပါ။ နှစ်ယောက် တည်းတော့ မဟုတ်ပါဘူး။ ထိုင်းမှ ဖူးခက်ကမ်းခြေသွားတယ်။ ဂျိမ်း(စ်)ဘွန်းအိုင်လန်သွားတယ်။ ကျွန်းတွေနဲ့ ကမ်းခြေတွေကိုပဲ သွားခဲ့ကြတယ်။ အားလုံးတော့ လေးရက်ကြာခဲ့တယ်။။ ဆုဆုနဲ့ ခရီးသွားတော့ တစ်ယောက်နဲ့ တစ်ယောက်လည်း နားလည်မှုပို ရလာတယ်လို့ ခံစားရတယ်။ စိတ်ကြည်လင်လန်းဆန်းမှု လည်း ရတာပေါ့။ တစ်ခါတလေကျတော့လည်း အပြင်သွားရင် အထုတ်တွေဝိုင်းသည်၊ သူရှော့ပင်ထွက် ရင် အကြာကြီးစောင့်ရတာပါပဲ။ ဒါလေးတွေ လိုက်ရောပေးရတာပေါ့။ ကျွန်တော်တို့ကို ချစ်တဲ့ပရိသတ် တွေလည်း ကျွန်တော်တို့ ပုံလေးတွေကြည့်ပြီး စိတ်ပျော်ရွှင်ရတယ်ဆိုရင်ပဲ ကျေနပ်ပါတယ်။ တင်လိုက် တဲ့ပုံတွေအောက်မှာလည်း အားကျတယ်ဆိုပြီး ဝိုင်းရေးကြတာကိုလည်း ကျွန်တော်တို့ ဖတ်ရပါတယ်။” လို့ သူရိယက ပြောပြပါတယ်။ ချစ်သူသက်တမ်းတစ်နှစ်ကျော်ပြီးဖြစ်တဲ့ သူရိယနဲ့ဆုအိမ်စံကိုတော့ ဇာတ်ကားရိုက်ကူးမှု အတော်များများမှာလည်း တွဲဖက်သရုပ်ဆောင်တာကို တွေ့ရပါတယ်။ ပရိသတ် တွေအထူးအားပေးကြတဲ့ ဖေ့ဘုတ်(ခ်)ရွာ (၁)၊ (၂) ဇာတ်ကားတွေမှာ တွေ့ရသလို နောက်ထပ်လည်း သရဲသင်္ဘော၊ ကြာဖြူစတဲ့ ရုပ်ရှင်ဇာတ်ကားတွေ မှာလည်း မြင်တွေ့ရဦးမှာပါ။ မနောရဲ့ အောင်မြင် ထားတဲ့ ကြာဖြူသီချင်းကို အခြေခံရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားအကြောင်းကိုလည်း သူရိယ က …

“ကြာဖြူဇာတ်ကားကိုလည်း ဆုဆုနဲ့ပဲ နှစ်ယောက်ပါဝင်သရုပ်ဆောင်ရိုက်ကူးထားတယ်။ ကြာဖြူကတော့ ပရိသတ်တွေသိကြတဲ့အတိုင်းပဲ မနောရဲ့ အောင်မြင်တဲ့ သီချင်းလေးပါ။ ဒါကိုဇာတ်လမ်းဆင်ပြီး ရိုက်ကူးထားတယ်။ ဇာတ်အသွားအလာလေးက ကောင်လေးက ရွာ ကနေထွက်သွားတယ်။ အဆင်မပြေတော့ ရွာကိုပြန်ပြီး လိမ်စားတယ်ဆိုတဲ့ပုံစံလေးပါ။ ဇာတ်ကားက သန်လျင်ဘက်မှာ ရိုက်ကူးရတာဆိုတော့ အဲဒီအချိန်တုန်းက ရိုက်ကူးနေရင်း လည်း တအားပူပါတယ်။ ကိုမနောရဲ့ အောင်မြင်ထားတဲ့သီချင်းလေးကို ပြန်ပြီး ရိုက်ကူး ထားတာဖြစ်တဲ့အတွက် သီချင်းကိုနားထောင်ပြီးတဲ့ ပရိသတ်တွေလည်း ကြိုက်ကြမယ်လို့ ကျွန်တော်ထင်ပါတယ်” လို့ ပြောပါတယ်။

မြတ်မိုးပွင့်


LEAVE A REPLY

Please enter your comment!
Please enter your name here