ကိုယ်ပိုင်သီချင်းနဲ့ပရိသတ်အားပေးမှုရရှိအောင်ကြိုးစားနေတဲ့ ယွန်း (Myanmar Idol)

0
162

Myanmar Idol သီချင်းဆို ပြိုင်ပွဲမှတစ်ဆင့် ပရိသတ်ချစ်ခင်မှုတွေ ရရှိလာ ခဲ့တဲ့ ယွန်းကတော့ လက်ရှိမှာကိုယ်ပိုင်သီချင်းတွေစုကာ စီးရီးခွေလုပ်နေပြီဖြစ်ပါ တယ်။ လတ်တလောမှာတော့ သူမရဲ့စီးရီးခွေအတွက် သီချင်းတွေစုနေပြီး ကိုယ်ပိုင်သီချင်းနဲ့ ပရိသတ်အားပေးရအောင် ကြိုးစားနေကြောင်းလို့လည်း ခုလို ပြောပြခဲ့ပါတယ်။

”လတ်တလော ယွန်းရဲ့ သီချင်းခွေအတွက် သီချင်းလေးတွေ စုနေပါတယ်။ သီချင်းကတော့ လေးငါးပုဒ်လောက်ရပါပြီး။ သီချင်းတွေကတော့ Rock လည်းပါတယ်။ Pop လည်းပါတယ်။ ယွန်းတို့ကိုကျတော့ ပရိသတ်က ပြိုင်ပွဲကနေ သိကြတာလေနော်။ ယွန်းတို့ရဲ့ကိုယ်ပိုင်သီချင်းတွေနဲ့သိ တာမဟုတ်အတွက် အခုယွန်းတို့ ကိုယ်ပိုင်သီချင်းနဲ့ ပရိသတ်သိအောင်လို အများကြီးကြိုးစားနေပါတယ်။ သီချင်းတွေကို လောလောဆယ်တော့ လိုင်းပေါ်မှာတင်ဖို့တော့ စဉ်စားထားပါတယ်။ ခုချက်ချင်းတော့ မဟုတ် သေးဘူး။ နည်းနည်းတော့ လိုပါသေးတယ်။ တစ်ကိုယ်တော် တေးစီးရီး ကတော့ ဒီနှစ်ထဲမှာပဲ ထွက်ဖြစ်မှာပါ။ ယွန်းက ဂီတပိုင်းကို ပိုဝါသနာ ပါတယ်။ တခြားပုံဆွဲတာတွေလည်း ဝါသနာပါတယ်။ သရုပ်ဆောင်ပိုင်း ကတော့ ကိုယ်သီချင်းထဲမှာပဲ ကိုယ် သရုပ်ဆောင်ဖြစ်မှာပါ။ ဇာတ်လမ်းတွေ ဘာတွေမှာ သရုပ်ဆောင်ဖို့ကတော့ ယွန်းစိတ်မကူးထားသေးပါဘူး” လို့ သူက ပြောပြခဲ့ပါတယ်။ သူမကတော့ ပြိုင်ပွဲပြီးကတည်း Show ပွဲတွေသီဆိုဖြစ်နေပြီး ပရိသတ်တွေရဲ့အားပေးမှုကိုရရှိထားသူပါ။

ပြိုင်ပွဲကာကတည်း ပရိသတ်အားပေး မှုနဲ့ လက်ရှိအနုပညာလှုပ်ရှားတွေအပေါ် ပရိသတ်အားပေး အခြေအနေကို လည်း ဆက်လက်မေးမြန်းခဲ့ရာ …

”ယွန်း Myanmar Idol ပြိုင်ပွဲပြီး ကတည်းက Show ပွဲတွေဆိုဖြစ်တယ်။ ပြိုင်ပွဲတုန်းက ပရိသတ်အားပေးမှုနဲ့ Show ပွဲတွေဆိုတဲ့အခါ ပရိသတ်အားပေးမှုက ဘာတွေကွာခြားလဲဆိုရင် Show ပွဲတွေသီဆိုတဲ့ခါကျရင်တော့ ပရိသတ်နဲ့ တိုက်ရိုက်ထိတွေ့ရတာပေါ့။ နယ်ဘက်တွေထွက်ပြီး ပရိသတ်နဲ့ တိုက်ရိုက်ထိတွေ့ပြီး ဖျော်ဖြေရတယ်ဆိုတော့ ပိုပြီးပျော်စရာကောင်းတာပေါ့။ ပြိုင်ပွဲတုန်းကျတော့ ပြိုင်နေတယ်ဆိုတဲ့ စိတ် ဖိစီးမှုတွေရှိတယ်။ Show ပွဲတွေကတော့ နယ်တွေ သွားရတာဖြစ်တဲ့အတွက် လူပင်ပန်းတာပေါ့” လို့ ယွန်းက ပြောပြခဲ့ပါတယ်။

သတင်း ၊ ဓာတ်ပုံ – ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here