ထိန်ပင်အမှိုက်ပုံ မီးဟာ တစ်နိုင်ငံလုံး အတိုင်းအတာ သတိပေးလိုက်တဲ့သဘောပါပဲ နေခြည်ဦး

0
140

ဧပြီလအကုန် မေလအကူး ရန်ကုန်မြို့ရဲ့ သတင်းရပ်ဝန်းမှာ Hot အဖြစ်ဆုံးသတင်းတစ်ခုက လှိုင်သာ ယာ၊ ထိန်ပင်အမှိုက်ပုံမီးသတင်းပါ။ ရန်ကုန်တစ်မြို့လုံးက စွန့်ပစ်တဲ့ ဧရာမအမှိုက်ပုံကြီးမှာ တစိမ့်စိမ့် လောင်ကျွမ်းနေတဲ့ မီးကို ငြိမ်းသတ် ပေးကြတဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေ၊ ကူ ညီပေးကြတဲ့တပ်မတော်သားတွေ၊ ပရဟိတအကျိုးဆောင်ရွက်နေကြတဲ့ ပြည်သူတွေ၊ အနုပညာရှင်တွေ၊ တ ကယ့်ကို သံဝေဂရဖွယ် အဖြစ်အပျက် ကြီးပါပဲ။ ဒါဟာဘာကြောင့်ဖြစ်ပေါ် လာသလဲ၊ အမှိုက်တွေကို စနစ်တကျ စွန့်ပစ်သင့်ပြီလား၊ အနာဂတ်ကာလမှာ ဒီ့ထက်ဆိုးရွားတဲ့အဖြစ်အပျက် တွေ ဖြစ်မလာအောင် ဘယ်လိုမျိုး ကာကွယ်သင့်သလဲ၊ ဆောင်ရွက်သင့်သလဲ။ အဲဒီလိုအမေးတွေများစွာ၊ အတွေး တွေများစွာရှိနေကြမှာပါ။ အမှိုက်နဲ့ ပတ်သက်လို့ ဖေ့စ်ဘုတ်ခ်လိုSocial Network မှာ Influencer တစ် ယောက်ဖြစ်တဲ့ Beauty Blogger နေခြည်ဦးကတော့ အသိပညာပေးမှုတွေကို ကိုယ်တိုင်လည်း Share လေ့ ရှိသလို လိုက်နာကျင့်သုံးဖို့ကိုလည်း လုပ်ဆောင်သွားပါမယ်တဲ့။

”နေခြည်ကိုယ်တိုင်လည်း Share ထားပါတယ်။ အမှိုက်ဆိုတာ တစ်ခါတည်းနဲ့ ဧကရာချီပြီးဖြစ်သွားတဲ့အမှိုက်ပုံ ကြီးမဟုတ်ဘူး။ ဒီအမှိုက် ပုံကြီးက နေခြည်တို့ နှစ်တွေ၊ လတွေ အများကြီးစုပြီးတော့ တစ်နိုင်ငံလုံးက ပြည်သူတွေ ပစ်ထားတဲ့ အမှိုက်ပုံကြီးပါ။ နေခြည်တို့ ကိုယ်တိုင်ကိုကလည်း တစ်ခါ တလေကျရင် စည်းကမ်းမရှိ ဘူးလို့ နေခြည်ဝန်ခံတယ်။ လမ်းမှာ တွေ့ လို့ရှိရင်အမှိုက်ပုံးမရှိရင်လည်း ကိုယ်က ပစ်လိုက်တာပဲ။ ကိုယ့်စိတ် ထဲမှာ ဘယ်သူမှ မမြင်ပါဘူးလေဆိုပြီး ပစ်လိုက်တယ်။ ဒါပေမဲ့ ဒီလိုမျိုးကိုယ် လုပ်လိုက်တဲ့ ကိစ္စတစ်ခုက ဒီလောက် ရာချီပြီးတော့ ဘာတွေပါမှန်းမသိတဲ့ Chemicals တွေက လောင်စာငွေ့နဲ့ အတူ ငွေ့ရည်တစ်ခုလုံး ရန်ကုန်မြို့ အနှံ့ ပျံ့နှံ့နေပြီဆိုတော့ ဒါဟာ နေခြည်တို့အနေနဲ့ တစ်နိုင်ငံလုံး အတိုင်းအတာ သတိပေးချက်တစ်ခုပဲဖြစ်ပါတယ်။ အဲဒီ တော့ အခုချိန်မှာဆိုရင် မီးသတ်သမား တွေမှာလည်း နေ့မအား၊ ညမအားနဲ့ သူတို့ရဲ့ အသက်ကို စွန့်ပြီးတော့ကို ကြိုးပမ်းနေရတယ်။ အလား တူပဲ၊ အနုပညာရှင်တွေ၊ ပရဟိတ လုပ်သား ပြည်သူတွေက လည်း သွားပြီးတော့ လုပ်အားတွေ ပေးနေကြတဲ့အချိန်မှာ နေခြည်တို့ လုပ်သားပြည်သူ တစ် ယောက်အနေနဲ့ စည်းကမ်းရှိဖို့လေး တော့အရေးကြီး တယ်လို့ နေခြည် ထင်ပါတယ်။ လူ တစ်ယောက် ချင်းစီ စည်းကမ်းရှိမှ နေခြည်တို့ နိုင်ငံကြီးက စည်းကမ်းရှိ မယ် ဆိုတာ နေခြည်ယုံပါ တယ်။ စင်ကာပူကိုပဲ ကြည့်ပါ။ အမှိုက်ပစ်ရင် ဒဏ်ငွေ ဘယ်လောက် ဆိုပြီး တော့ သူတို့မှာ စည်းကမ်းချက် တွေရှိ တယ်။ အဓိကကဘယ်လိုပဲ စည်း မျဉ်း၊ စည်းကမ်းတွေချထား၊ ချထား လူတွေ ကိုယ်တိုင်က စည်းကမ်းရှိမှ ဖြစ်မှာပါ။ အဲဒီတော့နေခြည်ကိုယ်တိုင် လည်း စည်းကမ်းရှိမယ်။ လူတွေ အကုန် လုံးကိုလည်း စည်းကမ်းရှိစေချင် တယ်။ အမှိုက်တစ်ခါ ပစ်မယ်ဆိုရင် အမှိုက်ပုံး မရှိဘဲနဲ့ အမှိုက်ပစ်တာက ရှက်စရာပါ။ ကိုယ့်ရဲ့အမှိုက်ကိုကိုယ့်ရဲ့ လက်ထဲမှာ ကိုင်ပြီးတော့ အမှိုက်ပုံးအထိ သွားပြီး ပစ်တာက ရှက်စရာမဟုတ်ပါဘူးဆိုတဲ့ မက်ဆေ့(ခ်ျ)လေး နေခြည်က ပေးချင်ပါ တယ်”လို့ နေခြည်ဦး က ပြော ပါတယ်။

မီးလောင်ကျွမ်းတဲ့နေရာဆီကို ကိုယ်တိုင် သွားရောက်မလှူဒါန်းနိုင်လိုက်ပေမယ့် ငွေကြေးအားဖြင့် လှူဒါန်းတာမျိုး၊ အသိပညာ ပေးအချက်အလက်တွေကို Sharing လုပ်တာ မျိုးတော့လုပ်ပေးခဲ့ကြောင်းနေခြည်ဦး က ဆက် လက်ပြောပြခဲ့ပါတယ်။

မျိုးမောင်

ဓာတ်ပုံ-ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here