မိဘတွေမရှိတော့တာကြောင့် မိဘမဲ့ကလေးတွေကို စာနာပြီး လိုအပ်သမျှ လှူဒါန်းမှုတွေ အမြဲမပြတ် လုပ်ဆောင်ပေးနေတဲ့ သဘင်မင်းသားချစ်စွမ်းသာ

0
191

ကိုယ်ပိုင် ဇာတ်အဖွဲ့တည်ထောင်ပြီးရရှိတဲ့ငွေကြေးတွေကိုစုပြီး မိဘမဲ့ကလေးတွေကို ကူညီထောက်ပံ့ပေးဖို့အတွက် လုပ်ဆောင်နေတဲ့ သဘင်မင်းသားက ချစ်စွမ်းသာပဲ ဖြစ်ပါတယ်။ သူ့ရဲ့ မေလ ၅ ရက်နေ့က ကျရောက်ခဲ့တဲ့ မွေးနေ့မှာတော့ မိဘမဲ့ကလေးတွေကို လှူဒါန်းမှုပြုလုပ်ခဲ့ပါတယ်။

မွေး​နေ့မှာ မကုဋာရာမကျောင်းတိုက် ဘုန်းတော်ကြီးသင်စာသင် ကျောင်းမိဘမဲ့ကလေးများကျောင်း​တိုက်​ရှိ ဆရာ​တော်များ၊​ ဆရာ​လေးများနဲ့ မိဘမဲ့ရင်​​သွေးများကို တ​စ်နေ့တာ ထမင်းဟင်းနဲ့ ကျွေးမွေးကုသိုလ်ပြုခြင်းနဲ့အတူ ကျောင်းမှာ လိုအပ်နေတဲ့ အဝတ်​​လျှော်စက်​တစ်လုံးပါ လှူဒါန်းခဲ့ပါတယ်။

”ဒီအချိန်​ထိ လူ​လောက​ထဲရောက်​​ရှိအောင်​ မွေးထုတ်​​ပေးခဲ့တဲ့​ ဖေ​ဖေနဲ့​မေ​မေ၊ သင်​ကြား​ပေးတဲ့ ဆရာသမားများ၊ ခွန်​အား​ပေးတဲ့ ​ကျေဇူးရှင်​ပရိ​သတ်​ကြီးနဲ့ Fan များ၊ မိသားစုဝင်​များ၊ မိဘများ၊ အစ်မ များနဲ့ ကျွန်​​တော်​ညီမ​လေး သီသီ၊ ဆု​တောင်း​ပေးကြ​သောသူများ အားလုံးကို ကျေးဇူးအထူးတင်​ပါတယ်”လို့ မွေးနေ့ရှင် ချစ်စွမ်းသာက ကျေးဇူးတင်စကား ဆိုပါတယ်။ ဒါ့အပြင် မွေးနေ့အလှူအနေနဲ့ စစ်ကိုင်း သဘင်​ လူမှုကူညီစောင့်ရှောကရေးကော်မတီအတွက်​ ၁ သိန်းကျပ်​လည်း လှူဒါန်းခဲ့ပါတယ်။ သဘင်မင်းသား ချစ်စွမ်းသာက သဘင်မင်းသား ကြီးဦးချမ်းသာရဲ့ သားတပည့်တစ်ဦးလည်းဖြစ်ပြီး အခုအချိန်မှာတော့ ကိုယ်ပိုင်ဇာတ်အဖွဲ့နဲ့ မြန်မာပြည်အနှံ့ လိုက်လံကပြနေပြီဖြစ်ပါတယ်။ သူ့ရဲ့ မိဘနှစ်ပါးကတော့ ကွယ်လွန်သွားခဲ့ပြီဖြစ်တဲ့အတွက် မိဘမဲ့တွေရဲ့ ခံစားချက်တွေကို နားလည်တာကြောင့် သူဟာ မိဘမဲ့ကလေးတွေကို အမြဲတမ်းကူညီထောက်ပံ့ခဲ့ပါတယ်။ သဘင်နဲ့ပတ်သက်ပြီးလည်း လူငယ်တစ်ယောက်အနေနဲ့ ကိုယ်စွမ်းဥာဏ်စွမ်းရှိသမျှ အကောင်းဆုံး ကြိုးစားနေပြီး သဘင်အနုပညာကိုပဲ လုပ်ဆောင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here