အလှမယ်စဝ်ယွန်းဝတီဦး အနုပညာ ခြေလှ မ်းအစအခက်အခဲတွေက ဘာဖြစ်မလဲ

0
306

Miss Myanmar International 2017 လှမယ်ဟောင်း စဝ်ယွန်းဝတီဦးကတော့ အခုလက်ရှိ အချိန်မှာ အလှမယ် တစ်ဦးအပြင် သရုပ်ဆောင်တစ်ဦးအနေနဲ့လည်း အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်လျက်ရှိပါတယ်။ သရုပ်ဆောင်တစ်ဦးအဖြစ်ပထမဆုံးခြေလှမ်းအနေနဲ့ လည်း =လူကြီးလူကောင်းများ+ ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ပထမဆုံး ရိုက်ကူးမှုအတွေ့အကြုံနဲ့ စဝ်ယွန်းဝတီဦးရဲ့ အခက်အခဲတွေက …

“ဒီဇာတ်ကားကတော့ ညီမပထမဆုံးရိုက်ကူးတာဖြစ်တဲ့အတွက် ကြောက်စိတ်တွေ လည်းရှိခဲ့ပါတယ်။ ပါဝင်သရုပ်ဆောင်ထားတဲ့ဇာတ်ရုပ်ကလည်း အပြင်မှာလိုပဲ Miss တစ်ယောက် အနေနဲ့ ပါဝင်ထားတာဖြစ်တဲ့အပြင် ကိုယ်နဲ့အတူလည်း တခြားချောတဲ့လှတဲ့ အလှမယ် တွေပါတယ်။ ကာရိုက်တာကလည်း မိန်းမလှလှလေးတွေပုံစံလိုမျိုး ရိုက်ကူးကြတယ်။ ဒီဇာတ် ကားမှာ ကိုလူမင်းတို့၊ မကြီးစိုးတို့နဲ့အတူ ရိုက်ကူးရတယ်။ သူတို့ကလည်း သရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်ပြီး သင်ပြပေးကြပါတယ်။ ညီမက ရိုက်ကွင်းမှာစိတ်လှုပ်ရှားနေတာကြောင့် ဒိုင်ယာ လော့ခ်တွေဆိုရင် မေ့မေ့သွားတာမျိုးတွေတော့ဖြစ်တယ်။ အဲဒီလိုမျိုးတွေဆိုရင်တော့ ကိုယ့် ကြောင့် တခြားသရုပ်ဆောင်တွေ အနှောင့်အယှက်ဖြစ်မှာ၊ စိတ်ပျက်သွားမှာကိုတော့ ညီမစိုးရိမ်ပါတယ်”လို့ သူက ပြောပြပါတယ်။

စဝ်ယွန်းဝတီဦးအနေနဲ့ ရှေ့ဆက်လျှောက်လှမ်းမယ့် အနုပညာ ခြေလှမ်းတွေကိုတော့ သေချာတဲ့ဆုံးဖြတ်ချက်တစ်ခု မချနိုင်သေးဘူးလို့ ဆိုပါတယ်။ စဝ်ယွန်းဝတီဦးဖြစ်ချင်တဲ့ မိန်းကလေးပုံစံက ဘယ်လိုဖြစ်မလဲ ဆိုတာကတော့ …

“ညီမက အခုတော့ ကြော်ငြာလေးတွေ မဂ္ဂဇင်းတွေ ရုပ်ရှင်ဇာတ်ကားတွေ ကိုပဲ ရိုက်ကူးနေပါတယ်။ ရှေ့ဆက်ပြီး သရုပ်ဆောင်တစ်ယောက်အဖြစ် ရပ် တည်မလားဆိုတာကိုတော့ ညီမသေသေချာချာ မဆုံးဖြတ်ရသေးပါဘူး။ အနု ပညာရှင်တစ်ယောက်အဖြစ် ရှေ့ဆက်လျှောက်လှမ်းမယ်ဆိုရင်တော့ အနု ပညာဝမ်းစာကို ကြိုးစားပြီးတော့ ဖြည့်ဆည်းချင်ပါတယ်။ ညီမကမိန်းကလေး တစ်ယောက်အနေနဲ့ ညီမရဲ့ နဂိုပုံစံအတိုင်းလေးကိုပဲ သဘောကျပါတယ်။ ကိုယ့်ရဲ့စိတ်ရင်းစေတနာနဲ့ အရည်အချင်းရှိတဲ့ မိန်းကလေးကောင်း တစ်ယောက်ဖြစ်အောင်ပဲ ကြိုးစားချင်တယ်”လို့ သူက ပြောပါတယ်။

မြတ်မိုးပွင့်


LEAVE A REPLY

Please enter your comment!
Please enter your name here