အိမ်ထောင်ပြုဖို့သတ္တိမရှိသေးဘူး အဆိုတော် မိစန္ဒီ

0
114

အဆိုတော်မိစန္ဒီက မကြာသေးခင်က ကျင်းပခဲ့တဲ့ သူ့သူငယ်ချင်း တစ် ယောက်ရဲ့ မင်္ဂလာပွဲမှာ သတို့သမီးအရံအဖြစ် လုပ်ဆောင်ပေးခဲ့တာတွေ့ရပါ တယ်။ သူ့အနေနဲ့ သတို့သမီးအရန်အဖြစ် လုပ်ဆောင်ပေးလာတာ ဒီပွဲနဲ့ဆို ၈ ကြိမ်မြောက်ဖြစ်သွားပြီဖြစ်ကာ ပန်းကြဲဘန်းကိုင်လုပ်ခဲ့တာတွေလည်း အများအပြားရှိကြောင်း ပြောပြပါတယ်။ သူငယ်ချင်းတွေ မင်္ဂလာဆောင်သွား ကျတာ ဝမ်းသာကြည်နူးမှုဖြစ်ရပေမယ့် သူ့အနေနဲ့ကတော့ …

”အိမ်ထောင်ပြုဖို့ မိစန္ဒီသတ္တိမရှိသေးပါဘူး။ အချစ်ကတော့ရှိပါတယ်။ ဒါပေမဲ့ မိစန္ဒီအိမ်ထောင်မပြုချင်သေးဘူး။ ဘာဖြစ်လို့လဲဆိုတော့ မိစန္ဒီမှာလုပ်စ ရာ အလုပ်တွေအများကြီးရှိသေးတယ်။ ပြီးတော့ အိမ်ထောင်တစ်ခုကိုတည် ထောင်ဖို့အထိ မိစန္ဒီအဲဒီလောက်မရင့်ကျက်သေးပါဘူး”လို့ အိမ်ထောင်ရေး ကိစ္စနဲ့ပတ်သက်ပြီးပြောပြပါတယ်။ သူငယ်ငယ်က စိတ်ကူးကတော့ ၂၇ နှစ်၊၂၉ နှစ်လောက်မှာ အိမ်ထောင်ပြုစိတ်ကူးထားရှိခဲ့ပေမယ့် အသက်အရွယ်နည်း နည်းကြီးလာတာနဲ့အမျှ အိမ်ထောင်ပြုချင် စိတ်မရှိတော့ကြောင်းလည်း ထပ်မံ ပြောပြလာခဲ့ပါတယ်။

အနုပညာအလုပ်တွေနဲ့ ပတ်သက် ပြီးလည်း သူ့မှာ ဆက်လက်လုပ်ကိုင် စရာတွေ များပြားနေသလို ဂီတနဲ့ ပတ်သက်ပြီး ပရိသတ်များကို ချပြသွားချင်တဲ့ အနုပညာရပ်များလည်းများစွာရှိနေသေးကြောင်း ဒီအတွက် လည်း သူ့မှာ ကြိုးစားအား ထုတ်နေကြောင်း မိစန္ဒီက ပြောပြခဲ့ပါတယ်။

ဇင်မာနွယ်၊

ဓာတ်ပုံ – အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here